၁၈-၅-၂၀၂၁ ရက်နေ့မှ ၂၀-၅-၂၀၂၁ ရက်နေ့အတွင်း မြန်မာနိုင်ငံအတွင်းရှိ ဒေသများတွင် ဖြစ်ပေါ်နိုင်သော မိုးရွာသွန်းမှု အခြေအနေ ခန့်မှန်းချက်များ
ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေများ မေလ (၂၄) ရက်နေ့အထိ မတွေ့ရှိရပါ ခင်ဗျာ။
(၁၈.၅.၂၀၂၁) (အင်္ဂါနေ့)
ကချင်ပြည်နယ်/ ပဲခူးတိုင်းဒေသကြီး/ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးရွာနိုင်ခြေရှိနေပြီး မိုးရေချိန် (0.1mm – 2.0mm) ခန့်အထိ ရွာသွန်းနိုင်
ပါသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် အများအားဖြင့် သာယာနိုင်ပါသည် ခင်ဗျာ။
(၁၉.၅.၂၀၂၁) (ဗုဒ္ဓဟူးနေ့)
ကချင်ပြည်နယ်/ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသအချို့နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲ၊ မွန်ပြည်နယ်/ ကရင်ပြည်နယ်အောက်ပိုင်းဒေသများ နှင့် ကယားပြည်နယ်တွင် နေရာကွက်ကျား မိုးရွာနိုင်ခြေ
ရှိနေပြီး မိုးရေချိန် (0.1mm – 8.0mm) ခန့်အထိ ရွာသွန်းနိုင်ပါသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် အများအားဖြင့် သာယာနိုင်ပါသည် ခင်ဗျာ။
(၂၀.၅.၂၀၂၁) (ကြာသပတေးနေ့)
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသအချို့တွင် နေရာစိပ်စိပ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အောက်ပိုင်းဒေသများတွင် နေရာကွက်ကျား၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲ မိုးရွာနိုင်ခြေရှိနေပြီး
မိုးရေချိန် (0.1mm – 20.0mm) ခန့်အထိ ရွာသွန်းနိုင်ပါသည်။ ကျန်တိုင်းနှင့် ပြည်နယ်များတွင် အများအားဖြင့် သာယာနိုင်ပါသည် ခင်ဗျာ။
အရောင်သတ်မှတ်ချက်များ
၁။ အဝါရောင်ဒေသများ – နေရာကွက်ကျား(ရွာရန်ရာခိုင်နှုန်း ၃၀ ဖြစ်ပါသည်။)
၂။ အစိမ်းနုရောင် – နေရာကျဲကျဲ (ရွာရန်ရာခိုင်နှုန်း ၆၀ ဖြစ်ပါသည်။)
၃။ အစိမ်းရင့်ရောင်နှင့် အပြာရောင်ဒေသများ – နေရာစိပ်စိပ်(ရွာရန်ရာခိုင်နှုန်း ၈၀ ဖြစ်ပါသည်။)
၄။ လိမ္မော်ရောင်နှင့် အနီရောင်ဒေသများ – နေရာအနှံ့အပြား(ရွာရန်ရာခိုင်နှုန်း အပြည့် ဖြစ်ပါသည်။)
PTN AVIA METEOROLOGY SERVICE
Be the first to comment on "လာမည့် ၃ ရက်အတွင်း မိုးရွာနိုင်သည့် ဒေသများ…"