“စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာတော့ မကစားစေချင်တော့ဘူး” ဆိုတဲ့ တိုက်စစ်မှူးကို ကျော်ကိုကို..

“ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲပဲရှိသေးတာ။ အခု အာဏာသိမ်းခံလိုက်ရတဲ့အပေါ်မှာ ကျွန်တော်တို့ကတော့ နိုင်ငံရေးနဲ့အားကစားကို ရောယှက်စေချင်တယ်။

သူတို့လက်အောက်မှာ သွားလည်းမကစားစေချင်ဘူး”

“စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာတော့ နောင်နှစ်တစ်ရာတိုင်တောင် အာဆီယံလယ်ဗယ်မှာ ခေါင်းမော့နိုင်မှာမဟုတ်ဘူး”

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ လာမယ့် မေ ၂၈ ရက်မှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲနဲ့ ၂၀၂၃ အာရှဖလား ခြေစစ်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့ ဒီသီတင်းပတ် ကုန်ပိုင်းမှာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမား တချို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အနေနဲ့ အသင်းက နှုတ်ထွက် သွားကြပေမယ့် ၅၅ နှစ်ကြာ ကွဲကွာနေတဲ့ အာရှဖလား ပြိုင်ပွဲမှာ ပြန်လည် ယှဉ်ပြိုင်နိုင်ရေး မျှော်လင့်ချက် တွေကို မစွန့်လွှတ်သေးဘူးလို့ မြန်မာနည်းပြအန်တိုနီဟေးက ပြောထားပါတယ်။

ဒီအခြေအနေတွေအပါအဝင် ပြည်ပကလပ်တွေမှာ ထွက်ကစားနေတဲ့အတွေ့အကြုံတွေ၊တခါ မြန်မာ့ဘောလုံးရဲ့ အာရှမှာရှိနေတဲ့အဆင့် ၊ မြန်မာဘောလုံးအသင်းပရိသတ် လိုချင်တဲ့ ရလဒ်တွေ မရခဲ့တဲ့ အကြောင်း စတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင် ဘောလုံးသမား တစ်ဦးဖြစ်တဲ့ တိုက်စစ်မှူးကို ကျော်ကိုကို ကို ဘီဘီစီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

Be the first to comment on "“စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာတော့ မကစားစေချင်တော့ဘူး” ဆိုတဲ့ တိုက်စစ်မှူးကို ကျော်ကိုကို.."

Leave a comment

Your email address will not be published.


*