ကိုဗစ္-၁၉ ကာကြယ္ေဆးဝယ္ယူဖို႔ ျမန္မာႏိုင္ငံအေနနဲ႔ ကမာၻ႔ဘဏ္ဆီက ေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၆၀ ရမွာျဖစ္ပါတယ္။
ကမာၻ႔ဘဏ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ဒါ႐ိုက္တာ Ms. Mariam Sherman ဦးေဆာင္တဲ့အဖြဲ႕နဲ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးတို႔ ဗီဒီယိုကြန္ဖရင့္နဲ႔ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ေျပာခဲ့ၾကတာပါ။
ဝန္ႀကီး ဦးစိုးဝင္းနဲ႔ Ms. Mariam Sherman တို႔ဟာ ႏိုဝင္ဘာ ၂၆ ရက္က ဝန္ႀကီး႐ုံးမွာ ေဆြးေႏြးခဲ့တာျဖစ္ၿပီး ကမာၻ႔ဘဏ္ရဲ႕ Global COVID-19 Multiphase Programmatic Approach (MPA) အစီအစဥ္မွာ ကိုဗစ္-၁၉ ကာကြယ္ေဆး ဝယ္ယူႏိုင္ေရးအတြက္ ကမာၻ႔ႏိုင္ငံေတြကို အေမရိကန္ေဒၚလာ သန္း ၁၂၀၀၀ ေထာက္ပံ့ဖို႔ ကမာၻ႔ဘဏ္က အတည္ျပဳခဲ့တယ္လို႔ ဆိုပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔ ထပ္ေဆာင္းရန္ပုံေငြ ရႏိုင္တဲ့အခြင့္အလမ္းေတြ၊ ဝယ္ယူႏိုင္မယ့္ နည္းလမ္းေတြ၊ အေမရိကန္ေဒၚလာ သန္း ၆၀ ကို IDA 19 အစီအစဥ္ေအာက္ကေန ျမန္မာႏိုင္ငံကို ပံ့ပိုးေပးႏိုင္မယ့္ အေျခအေနေတြ၊ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္းအတြက္ နည္းလမ္း ၃ ခုနဲ႔ ဝယ္ယူႏိုင္မယ့္ ကိစၥေတြကို ကမာၻ႔ဘဏ္ဘက္က ရွင္းျပခဲ့ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အစည္းအေဝးမွတ္တမ္းေတြအရ ကမာၻ႔ႏိုင္ငံေတြ၊ ကိုဗစ္-၁၉ ကာကြယ္ေဆးထုတ္ဖို႔ ႀကိဳးပမ္းေနတဲ့ႏိုင္ငံေတြ၊ က်န္းမာေရး အဖြဲ႕အစည္းေတြ၊ ကမာၻ႔ႏိုင္ငံ အသီးသီးက ပညာရွင္ေတြ၊ အလႉရွင္အဖြဲ႕အစည္းေတြ၊ ကာကြယ္ေဆး ထုတ္လုပ္သူေတြ စသည္ျဖင့္ ပါဝင္တဲ့ COVAX Facility ရဲ႕ ကိုဗစ္-၁၉ ကာကြယ္ေဆးေပၚလာရင္ သက္သာတဲ့ေဈးႏႈန္းနဲ႔ အခ်ိဳးက်ဝယ္ယူႏိုင္မယ့္ ႏိုင္ငံေတြမွာ ျမန္မာႏိုင္ငံလည္း အႀကဳံးဝင္တယ္လို႔ သိရပါတယ္။
ၿပီးေတာ့ ျမန္မာႏိုင္ငံကို ကာကြယ္ေဆးနဲ႔ပတ္သက္လို႔ ရန္ပုံေငြအဓိက ပံ့ပိုးေနတဲ့ Gavi, The Vaccine Alliance အဖြဲ႕ကလည္း COVAX Facility ကတဆင့္ ျမန္မာႏိုင္ငံလူဦးေရရဲ႕ ၂၀ ရာခိုင္ႏႈန္းအတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို အထူးသက္သာတဲ့ႏႈန္း ဒါမွမဟုတ္ အခမဲ့ရႏိုင္ေရး ေဆာင္႐ြက္ေပးမွာ ျဖစ္ပါတယ္။
ကိုဗစ္-၁၉ ကာကြယ္ေဆးရရွိႏိုင္ေရး အဆိုျပဳလႊာကို Gavi, The Vaccine Alliance ဆီကို လာမယ့္ ဒီဇင္ဘာ ၇ ရက္ေန႔အေရာက္ ေပးပို႔ရမွာ ျဖစ္ပါတယ္။
က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးကေတာ့ ကာကြယ္ေဆးရတဲ့ ပမာဏအေပၚမူတည္ၿပီး ထိုးႏွံေပးရမွာျဖစ္လို႔ လူထုထဲမွာ ေရာဂါခုခံ ကာကြယ္ႏိုင္မႈ ပမာဏအင္အား (herd immunity) ကို အခ်ိန္တိုအတြင္းရဖို႔ ခက္တာေၾကာင့္ ျပည္သူလူထုအေနနဲ႔ လက္ရွိလုပ္ေနရတဲ့ ေရာဂါကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစည္းကမ္းေတြကို လေပါင္းမ်ားစြာ မျဖစ္မေန ဆက္ၿပီး လုပ္ရမွာျဖစ္သလို အရွိန္အဟုန္ျမႇင့္ လုပ္ဖို႔ လိုတယ္လို႔လည္း ေျပာထားပါတယ္။
Photo : World Bank Myanmar
————–
ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ဆီက ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ ရမှာဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Ms. Mariam Sherman ဦးဆောင်တဲ့အဖွဲ့နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးတို့ ဗီဒီယိုကွန်ဖရင့်နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ပြောခဲ့ကြတာပါ။
ဝန်ကြီး ဦးစိုးဝင်းနဲ့ Ms. Mariam Sherman တို့ဟာ နိုဝင်ဘာ ၂၆ ရက်က ဝန်ကြီးရုံးမှာ ဆွေးနွေးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဘဏ်ရဲ့ Global COVID-19 Multiphase Programmatic Approach (MPA) အစီအစဉ်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၁၂၀၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ထပ်ဆောင်းရန်ပုံငွေ ရနိုင်တဲ့အခွင့်အလမ်းတွေ၊ ဝယ်ယူနိုင်မယ့် နည်းလမ်းတွေ၊ အမေရိကန်ဒေါ်လာ သန်း ၆၀ ကို IDA 19 အစီအစဉ်အောက်ကနေ မြန်မာနိုင်ငံကို ပံ့ပိုးပေးနိုင်မယ့် အခြေအနေတွေ၊ မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် နည်းလမ်း ၃ ခုနဲ့ ဝယ်ယူနိုင်မယ့် ကိစ္စတွေကို ကမ္ဘာ့ဘဏ်ဘက်က ရှင်းပြခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစည်းအဝေးမှတ်တမ်းတွေအရ ကမ္ဘာ့နိုင်ငံတွေ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းနေတဲ့နိုင်ငံတွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ပညာရှင်တွေ၊ အလှူရှင်အဖွဲ့အစည်းတွေ၊ ကာကွယ်ဆေး ထုတ်လုပ်သူတွေ စသည်ဖြင့် ပါဝင်တဲ့ COVAX Facility ရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးပေါ်လာရင် သက်သာတဲ့ဈေးနှုန်းနဲ့ အချိုးကျဝယ်ယူနိုင်မယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံလည်း အကြုံးဝင်တယ်လို့ သိရပါတယ်။
ပြီးတော့ မြန်မာနိုင်ငံကို ကာကွယ်ဆေးနဲ့ပတ်သက်လို့ ရန်ပုံငွေအဓိက ပံ့ပိုးနေတဲ့ Gavi, The Vaccine Alliance အဖွဲ့ကလည်း COVAX Facility ကတဆင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အထူးသက်သာတဲ့နှုန်း ဒါမှမဟုတ် အခမဲ့ရနိုင်ရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး အဆိုပြုလွှာကို Gavi, The Vaccine Alliance ဆီကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့အရောက် ပေးပို့ရမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ကာကွယ်ဆေးရတဲ့ ပမာဏအပေါ်မူတည်ပြီး ထိုးနှံပေးရမှာဖြစ်လို့ လူထုထဲမှာ ရောဂါခုခံ ကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်းရဖို့ ခက်တာကြောင့် ပြည်သူလူထုအနေနဲ့ လက်ရှိလုပ်နေရတဲ့ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစည်းကမ်းတွေကို လပေါင်းများစွာ မဖြစ်မနေ ဆက်ပြီး လုပ်ရမှာဖြစ်သလို အရှိန်အဟုန်မြှင့် လုပ်ဖို့ လိုတယ်လို့လည်း ပြောထားပါတယ်။
Photo : World Bank Myanmar
Be the first to comment on "ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ရန် ကမ္ဘာ့ဘဏ်က မြန်မာကို ကန်ဒေါ်လာသန်း ၆၀ ချေးမည်"