သူ့ရဲ့အစ်မကိုယ်တိုင် ပြန်ပြီး ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်ထောင်(၇)နှစ်ကျတယ်ဆိုတဲ့ သတင်းနှင့်ပတ်သက်လို့..

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ သရုပ်ဆောင် ပိုင်တံခွန်ကို ထောင် (၇) နှစ်ချလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ရှိလာတာကို အားလုံးလည်း သိကြမှာပါနော်။ ဒီသတင်းက ပရိသတ်တွေကြား အတော်လေးကို ဂယက်ရိုက်ခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့ကြတာပါနော်။ ပိုင်တံခွန်ရဲ့ အစ်မကတော့ ဒီသတင်းမဟုတ်မှန်ကြောင်း ပြန်ဖြေရှင်းလိုက်ပါပြီနော်။

” မိသားစုဝင်တွေ တင်တာကလွဲရင် ဘာကိုမှ

မယုံကြပါနဲ့ဗျ။ ဖြစ်နိုင်ရင်တော့ သူနဲ့ပတ်သက်ပြီး

ဘာဆိုဘာမှ မတင်ကြပါနဲ့ တောင်းဆိုပါတယ်။

တစ်ခုခုဆို ဒီအကောင့်ကနေ ကျွန်တော်တင်ပေးမှာပါ။ မိသားစုဝင်တွေ အတည်ပြုပေးမှသာ

သတင်းတွေကို ယုံစေချင်ပါတယ်၊ share စေချင်ပါတယ်ဗျာ တောင်းဆိုပါတယ်။ လျှောက်ပြော၊ လျှောက်မဖြန့်ကြပါနဲ့” လို့ တောင်းဆိုရေးသားထားတာပါနော်။ ထောင်အတွင်းမှာ နေထိုင်နေရတဲ့ ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကိုလည်းဖြန့်ဝေနေကြတာကို မြင်တွေ့နေရပြီး အခုလို လုပ်ရက်တွေ မပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်နော်။

” ကျေးဇူးပြုပြီး ဘာပုံပဲရရ မတင်ပါနဲ့

မိသားစုကို အရင်လာမေးပါ လာပြပါ

တင်ထားသမျှတွေလည်း ဖျက်ပေးပါ

တောင်းပန်ပါတယ်

မိသားစုကို ဒီထက်ပိုပြီး အခက်တွေ့အောင်

မလုပ်ပါနဲ့ တကယ်တောင်းပန်ပါတယ်

ကျွန်တော် ဘယ်လိုမှအဆင်မပြေတော့လို့

ဒီစာကို တင်လိုက်ခြင်းပါ

ကျေးဇူးတင်ပါတယ်ဗျ” လို့ တောင်းပန်ထားတာ ဖြစ်လို့ တင်ထားသူများရှိရင် ဖျက်ပေးလိုက်ကြပါဦးနော်။

Be the first to comment on "သူ့ရဲ့အစ်မကိုယ်တိုင် ပြန်ပြီး ဖြေရှင်းလိုက်တဲ့ ပိုင်တံခွန်ထောင်(၇)နှစ်ကျတယ်ဆိုတဲ့ သတင်းနှင့်ပတ်သက်လို့.."

Leave a comment

Your email address will not be published.


*