ရန်ကုန်က မြို့နေလူဦးရေ ၆သိန်းခန့်စာအတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ဖို့ WFP ကို ဒေါ်လာ ၄သန်း ပေးပို့လိုက်တဲ့ ဂျပန်နိုင်ငံ

ရန်ကုန်လူဦးရေ ၆ သိန်းခန့်စာ စားနပ်ရိက္ခာအတွက် ကန်ဒေါ်လာ ၄သန်း ဂျပန်ထောက်ပံ့။ (Zawgyi Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်) ရန်ကုန်က လူဦးရေ ၆သိန်းလောက်ကို စားနပ်ရိက္ခာထောက်ပံ့နိုင်ဖို့ ဂျပန်အစိုးရက

အမေရိကန်ဒေါ်လာ ၄သန်းကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFPကတဆင့်ပေးအပ်လိုက်ပါတယ်။ ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာတွေကို ထ.ိခို.က်လွယ်တဲ့ မိသားစုတွေရဲ့ လက်ဝယ်သို့အရောက် တို.က်ရို.က်ပေးအပ်သွားမယ်လို့ WFP က ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံထဲမှာ

WFP ရဲ့အကြီးဆုံးစီမံကိန်းဖြစ်တဲ့ မြန်မာနိုင်ငံ မြို့ပြဒေသတွေက ဆ.င်းရ.ဲနွ.မ်းပ.ါးမှုအမြင့်ဆုံး မြို့နယ်တွေမှာ နေထိုင်သူလူဦးရေ သိန်း ၂၀အတွက် စားနပ်ရိက္ခာတွေထောက်ပံ့ပေးမယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ စားနပ်ရိက္ခာ အထောက်အပံ့တွေကို

၂၀၂၁ခုနှစ် မေ ၁၃ရက်ကစပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စတင်ဖြန့်ဖြူးပေးနေပြီဖြစ်ပါတယ်။ “မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFPရဲ့ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့

အားပေးထောက်ခံပါတယ်။ WFPရဲ့ ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ ဒေသတွေက အထ.ိခို.က်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တို.က်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” လို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiroက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆ.င်းရ.ဲနွ.မ်းပ.ါးမှု

ကိုဗ.စ်ကပ်ရောဂါနဲ့ လက်ရှိနို.င်ငံရေး အကျ.ပ်အတ.ည်းတို့ကြောင့် လာမယ့် ၆လအတွင်း မြို့ပြဒေသတွေမှာနေထိုင်တဲ့ လူဦးရေ ၃၄ သိန်းလောက် အင.တ်ေ.ဘး ရင်ဆိုင်ကြရလိမ့်မယ်လို့ WFPက ခန့်မှန်းထားပါတယ်။ “နှစ်ပေါင်းများစွာ WFP နဲ့အတူ

ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်မှုအတွက် ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။ အခုလိုတကယ့်ကို အရေးကြီးတဲ့အချိန်မျိုးမှာ ဂျပန်နိုင်ငံ အစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေအနေနဲ့ မြန်မာပြည်သူလူထုအတွက်

မေတ္တာဂရုဏာထားပြီး ထပ်မံကူညီပံ့ပိုးလိုက်တာ ဖြစ်ပါတယ်။ အခုလို စေတနာပြည့်ဝတဲ့လှူဒါန်းမှုတွေဟာ မြန်မာနိုင်ငံမှာ က.ပ်ေ.ဘးကြီးတစ်ခု ဖြစ်မလာအောင် ကြိုတင်တ.ားဆီ.းနိုင်ဖို့ ကြိုးစားနေတဲ့ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်လုပ်ငန်းတွေအတွက်

တကယ့်ကို အရေးပါအခရာကျပါတယ်”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Andersonက ပြောပါတယ်။ ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှာ ပဋိပက္ခဘေးကြောင့် နေရပ် စွန့်ခွာရသူတွေကို WFP ကပေးအပ်နေတဲ့

စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့တွေအတွက် ဂျပန်နိုင်ငံက အခုနှစ်အစောပိုင်း ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ ၄.၇ သန်းနဲ့ မတ်လမှာ အမေရိကန်ဒေါ်လာ ၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇.၇ သန်း ပံ့ပိုးကူညီထားပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Be the first to comment on "ရန်ကုန်က မြို့နေလူဦးရေ ၆သိန်းခန့်စာအတွက် စားနပ်ရိက္ခာ ထောက်ပံ့နိုင်ဖို့ WFP ကို ဒေါ်လာ ၄သန်း ပေးပို့လိုက်တဲ့ ဂျပန်နိုင်ငံ"

Leave a comment

Your email address will not be published.


*