မေလ ၁၃ ရက်နေ့သတင်းများ အကျဉ်းချုပ်
■ NUG အစိုးရနဲ့ သြစတေးလျထိပ်ပိုင်းခေါင်းဆောင်များ စတင်ဆွေးနွေး
■ ချောင်းဦးမြို့နယ်တွင် ဒေသခံပြည်သူများနှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်နေ၊ ပြည်သူတဦး ဖမ်းဆီးနှိပ်စက်ခံရ
■ ရေနံချောင်း မြန်မာ့စီးပွားရေးဘဏ်နဲ့ မြို့နယ်ထွေအုပ်ရုံးအနီး ဗုံးပေါက်ကွဲ
■ မြင်းမူမြို့၊ မြန်မာ့စီးပွားရေးဘဏ် ဗုံးပေါက်ကွဲ တဦးဒဏ်ရာရ
■ မင်းတပ်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးသုံးနေ
■ ဆောနယ်နဲ့ ကန်ပက်လက်မှာ ပြည်သူများခရီးသွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး
■ တလုပ်မြို့တွင် ဖမ်းဆီးခံရသည့် နည်းပညာကျောင်းသားတဦး စစ်တပ်၏ နှိပ်စက်မှုကြောင့် စစ်ကြောရေးတွင်ကျဆုံး
■ ချောက်မြို့နယ် ကျောင်းသားသမဂ္ဂကွန်ယက်အဖွဲ့ဝင် လူငယ်နှစ်ဦးကို စစ်တပ်ကဖမ်းဆီး
■ လွိုင်ကော်သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး ၁၂ အရွယ်ကလေးတဦးအပါအဝင် ၁၃ ဦးဖမ်းဆီးခံရ
■ ထားဝယ်သပိတ်စစ်ကြောင်း ဖမ်းဆီးခံသူများထဲက အသက်မပြည့်သေးတဲ့ လူငယ် ၃ ဦးပြန်လွတ်
■ ထားဝယ်တွင် ဒလန်ဟုသတ်မှတ်ခံထားရသူနေအိမ် ဗုံးပေါက်ကွဲပြီး တဦးသေဆုံး
■ စမ်းချောင်းမြို့နယ်၊ မဟာမြိုင်မှတ်တိုင်အနီးတွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲ
■ ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မီးလောင်
■ တောင်ဒဂုံ၊ စစ်ကောင်စီကခန့်ထားတဲ့ ၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးနှစ်လုံးပေါက်ကွဲ
■ ဝမ်းတွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ကြေညာ
■ ထားဝယ်၊ နဘုလယ်ကျေးရွာ အရုဏ်ဦးသပိတ် ဖြိုခွင်းခံရပြီး ပြည်သူ ၄ ဦးဖမ်းဆီးခံရ
■ ရခိုင်၊ တောင်ကုတ်မြို့နယ် NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂ ဦးကို စစ်တပ်ကဖမ်းဆီး
■ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသည့် ဒလန်၊ သူလျှိုနှင့် သတင်းပေးများကို CDF က သတိပေးချက်ထုတ်
■ ဟားခါးတွင် စစ်တပ်ကဖမ်းဆီးသွားသည့် ပြည်သူ ၂ ဦးသေဆုံး၊ ရောဂါကြောင့် သေဆုံးဟု စစ်ကောင်စီလိမ်ညာထုတ်ပြန်
■ တောင်ကြီးမြို့ မိန်းလမ်းမကြီးပေါ်က ရွှေဝါစတိုးရှေ့ ဗုံးပေါက်ကွဲ၊ လူထိခိုက်မှုမရှိ
■ ဘိုကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်းကြေညာ
■ ကနီမြို့ စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးအကူအညီလိုအပ်နေ
■ သရက်ချောင်းမြို့နယ်မှာ စစ်ကျွန်ပညာရေးအလိုမရှိ သရုပ်ပြခဲ့သူ ၁၀ တန်းကျောင်းသား ၂ ဦးကို စစ်တပ်က ဖမ်းဆီး
■ တလုပ်မြို့တိုက်ပွဲမှာ စစ်တပ်က ကလေးနဲ့အမျိုးသမီးများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့
■ စစ်ကိုင်းမြို့ ကညနရုံး၊ လူမှုဖူလုံရေးနဲ့ အထကကျောင်းမှ ဗုံးပေါက်ကွဲမှုများဖြစ်ပွား
■ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်းကြောင်း ကြေညာ
■ မကွေးတိုင်း၊ ချောက်မြို့နယ်အနီးမှာ ငလျင်လှုပ်ခတ်
■ စစ်ကိုင်းတိုင်း မြောင်မြို့က ရဲစခန်းနှစ်ခု ဗုံးပေါက်ကွဲမှုများဖြစ်ပွား
■ နေပြည်တော်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ ဦးဖမ်းဆီးခံရ
■ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ AGD ဘဏ်အနီးမှာ လက်လုပ်ဗုံးပေါက်ကွဲ
■ စစ်ကောင်စီရဲ့ UEC နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးမည်
■ တံတားဦးမြို့နယ် ပညာရေးမှူးက CDM ဆရာ/မများကျောင်းပြန်တက်ရန် ဖိအားပေးခြိမ်းခြောက်
■ မိုးကုတ်မြို့နယ် ကင်းရွာက ဖမ်းဆီးခံပြည်သူ ၂၀ ဦး ပြန်လည်လွတ်မြောက်လာ
■ ဖျာပုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာ
■ မြေတော်ကျေးရွာတွင် စစ်တပ်ကဝင်ရောက်ရှာဖွေနေပြီး ပစ်ခတ်ရိုက်နှက်သောင်းကျန်းနေ
– KTHU
TheHakhaPost
Be the first to comment on "မေလ ၁၃ ရက်နေ့သတင်းစုံ အကျဉ်းချုပ်"