အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့ အပြောခံနေရတဲ့ သရုပ်ဆောင် ခန့်စည်သူ

သရုပ်ဆောင် ခန့်စည်သူကိုတော့ ပရိသတ်တွေက ဒီအရေးတော်ပုံကာလမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ ဘာမှ ဝင်မပါခဲ့တာကြောင့် ဝေဖန်ခဲ့ကြပါတယ်။

လက်တလောမှာတော့ သရုပ်ဆောင် ခန့်စည်သူက အရေးတော်ပုံမှာ ကျဆုံးသွားခဲ့သူများနဲ့ ထိခိုက်ဒဏ်ရာရသူတို့ကို

ကိုယ်တိုင်သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ ဖေဖော်ဝါရီ တစ်လလုံး ပျောက်နေခဲ့တဲ့ ခန့်စည်သူကို မကျေနပ်ကြပါဘူး။

အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့လဲ အကုန်လုံးက ဝိုင်းပြောခဲ့ပါတယ်။

ခန့်စည်သူဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ယောက် ဖြစ်တာကြောင့်လဲ အခုလို ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။

ခန့်စည်သူ နည်းတူ စိုင်းစိုင်းခမ်းလှိုင်ကလဲ အပြင်းအထန် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

သရုပ်ဆောင်ခန့်စည်သူကတော့ ကျဆုံးသွားခဲ့သူများနဲ့ထိခိုက်ဒဏ်ရာ ရသူတို့ကို

အောက်ပါအတိုင်း အလှူငွေ (၃) သိန်းကျပ်စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

-ကိုဟိန်းထွဋ်အောင်(တ/ဒဂုံ)

(၂၈-၂-၂၀၂၁)

ကိုဟိန်းထွဋ်အောင် အတွက်ရည်စူး၍ သင်္ကန်း၊နာရေးအကူအလှူငွေ(၃)သိန်းနှင့်ကျန်ရစ်သူမိသားစုအတွက်

ဆန်၊ဆီနှင့်ပုဆိုးများ၊လုံခြည်များကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

-ကိုဖိုးချစ်(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဖိုးချစ်အတွက် ရည်စူး၍ သင်္ကန်းခြင်း၊ နာရေးအကူ အလှူငွေ(၃) သိန်းနှင့် ၎င်း၏ဇနီး မသဲစုအတွက်

နားကပ်လေးတစ်ရံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

-ကိုဇွဲထက်စိုး(မ/ဒဂုံ)

(၃-၃-၂၀၂၁)

ကိုဇွဲထက်စိုးအတွက် ရည်စူး၍ သင်္ကန်းခြင်း၊နာရေးအကူ အလှူငွေ (၃)သိန်းနှင့် ၎င်း၏ဇနီး မသက်ထားအတွက်

နားကပ်လေးတစ်ရံ၊ချစ်စရာကောင်းတဲ့ သမီးလေး ရွှေရုပ်လွှာအတွက်လည်း လက်စွပ်လေးတစ်ကွင်းကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

(မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ကောင်းရာသုဂတိလားကြပါစေ လို့မေတ္တာပို့ အမျှဝေဆုတောင်းပေးခဲ့ပါတယ်။)

-ကိုမင်းသူရ (မ/ဒဂုံ)

မျက်စိတစ်ဖက် ထိခိုက်ပျက်စီးသွားတဲ့အတွက် (၆-၂-၂၀၂၁) ယနေ့ထိ ဆေးရုံကမဆင်းနိုင်သေးပါဘူး။

ကိုမင်းသူရအတွက် ဆေးကုသစားရိတ် အလှူငွေ(၂)သိန်းနှင့် ပုဆိုးများ၊တရားစာအုပ်များ၊

၎င်း၏မိခင်ကြီးအတွက် မောင်းကွင်းရွှေ လက်စွပ်လေး တစ်ကွင်း ကန်တော့ခဲ့ပါတယ်။

အမြန်ဆုံးသက်သာပျောက်ကင်းပြီး မိဘကို အလုပ်အကျွေးပြုနိုင်တဲ့ သားကောင်းရတနာဖြစ်ပါစေ။ ။

ဆိုပြီးရေးသားထားတာဖြစ်ပါတယ်

Be the first to comment on "အခုမှ အလှူထလုပ်ရုံနဲ့ ခွင့်လွှတ်မပေးနိုင်ဘူးလို့ အပြောခံနေရတဲ့ သရုပ်ဆောင် ခန့်စည်သူ"

Leave a comment

Your email address will not be published.


*