မဂ်လာပါ ပရိတ်သတ်ကြီးရေ
ပညာရှင်တွေ ပြောပြတဲ့ Vpnသုံးနေရင် မဖြစ်မနေ သိထားသင့်တဲ့ အချက် ၅ချက်
မြန်မာမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်
ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို ပိတ်ဆို့မှုခံထားရပြီး
VPN လို့ခေါ်တဲ့ Virtual Private Network (သီးသန့်ကွန်ရက်တု) စနစ်တွေကို သုံးနေရတယ်ဆိုရင်
ဒီအချက်တွေကို သင်မဖြစ် မနေ သတိထားဖို့လိုပါလိမ့်မယ်။
ကောင်းပြီ ဒီတော့ ကျနော်တို့ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်-
(၁) VPN သုံးတာကြောင့် အင်တာနက်သုံးစွဲမှု နှေးကွေးနိုင်ပါတယ်။
ဒါ့အပြင် bandwidth တွေကို ကန့်သတ်ခံရပြီး
မိမိကိုယ်ပိုင်ထဲက ပိုနေတာတွေကို ပြန်ရောင်းစားတာ ခံရနိုင်ပါတယ်။
(၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။
ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။
(၃) Vpn သုံးထားရင် ဖေ့စ်ဘုတ်က လွှဲလို့ ကျန်တဲ့ app တွေကို ခံမသုံးပါနဲ့။
(ဒါက အရေးအကြီးဆုံးအချက်ပါ)
(၄) မြန်မာမှာဆို ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ app တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့ တည်နေရာတွေ၊
လိုကေရှင်းတွေသိနိုင်သလို ချိတ်ဆက်ထားတဲ့ app တွေရဲ့ လုံခြုံရေးစနစ်တွေက အကောင့်ပိတ်နိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
(၅) VPN သုံးရင် နိုင်ငံတစ်ဆင့်ခံဝင်ရတာကြောင့် တည် ေနရာတွေကို
ပြောင်းပြီးတင်တာ မလုပ်ပါနဲ့ ဖေ့စ်ဘုတ်က လုံခြုံရေးအချက်နဲ့ ညှိစွန်းတဲ့အတွက် ဘန်းပါလိမ့်မယ်။
ဒါ့ကြောင့် စဝင်ကတည်းက နိုင်ငံတစ်နေရာဆို တစ်နေရာပဲ သုံးပါ။
ဖေ့စ်ဘုတ်မှာ ဟယ်လို စင်ကာပူတို့ အမေရိကန်တို့ဆိုပြီး
check-in မတင်ပါနဲ့ဒီတော့ ဒီအချက်လေးတွေကို အထူးသတိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။
ဘေးရန်ကင်းကြပါစေ။
အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ c r d
Be the first to comment on "ပညာရှင်တွေ ပြောပြတဲ့ VPNသုံးရင် မဖြစ်မနေ သိထားသင့်တဲ့ အချက် ၅ ချက်"