လေဖိအား နည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်

ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၊ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္း၊ အီေကြတာအနီး အိႏၵိယသမုဒၵရာတို႔မွာ ျဖစ္ေပၚေနတဲ့ ေလဖိအား နည္းရပ္ဝန္း ေနာက္ ၃၆ နာရီအတြင္း မုန္တိုင္းငယ္ အျဖစ္ ေရာက္ရွိႏိုင္တယ္လို႔ မိုဇလက ဒီေန႔ညေန ၄ နာရီ ထုတ္ျပန္ပါတယ္။

မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိၿပီး အေနာက္-အေနာက္ေျမာက္ဘက္ကို ဆက္လက္ေ႐ြ႕လ်ားကာ ဒီဇင္ဘာ ၂ ရက္ေန႔ အိႏၵိယႏိုင္ငံ၊ တမီးလ္နာဒူး ကမ္း‌ေျခအနီး ေရာက္ရွိႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းနဲ႔ အေရွ႕အလယ္ပိုင္းတို႔မွာ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီး၊ ကပၸလီပင္လယ္ျပင္နဲ႔ က်န္ဘဂၤလားပင္လယ္ေအာ္တို႔မွာ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနပါတယ္။

မနက္ျဖန္မနက္အထိ ခန႔္မွန္းခ်က္အရ တနသၤာရီတိုင္နဲံ ရွမ္းျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးအနည္းငယ္ထစ္ခ်ဳန္း ႐ြာႏိုင္ၿပီး ႐ြာရန္ရာႏႈန္း ၆၀ ျဖစ္ပါတယ္။

ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းၿပီး က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ အမ်ားအားျဖင့္သာယာမယ္လို႔ ခန႔္မွန္းပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေနကေတာ့ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တစ္ခါတစ္ရံ အေရွ႕ဘက္မွ ေလျပင္းမ်ားတိုက္ခတ္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ကာ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီ လွ်င္ မိုင္ ၃၀ မွ ၃၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။

က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လႈိင္းအနည္းငယ္မွ လႈိင္းအသင့္အတင့္ရွိမွာျဖစ္ၿပီး လႈိင္းအျမင့္မွာ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၆ ေပမွ ၉ ေပခန္႔၊ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္း တစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၃ ေပမွ ၅ ေပခန္႔ ရွိႏိုင္ပါတယ္။

ေနာက္ ၂ ရက္အတြင္း ျမန္မာႏိုင္ငံအထက္ပိုင္းေဒသေတြ ညအပူခ်ိန္မ်ား အနည္းငယ္ေလ်ာ့နည္းႏိုင္တယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။

———–

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအား နည်းရပ်ဝန်း နောက် ၃၆ နာရီအတွင်း မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုဇလက ဒီနေ့ညနေ ၄ နာရီ ထုတ်ပြန်ပါတယ်။

မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၂ ရက်နေ့ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး ကမ်း‌ခြေအနီး ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။

မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်နဲံ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့်သာယာမယ်လို့ ခန့်မှန်းပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေဟာ တစ်နာရီ လျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၆ ပေမှ ၉ ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။

နောက် ၂ ရက်အတွင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေ ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

Be the first to comment on "လေဖိအား နည်းရပ်ဝန်း ၃၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်"

Leave a comment

Your email address will not be published.


*