သားနဲ့သမီးကို တွေ့ချင်လို့ ငိုယိုပြီးတောင်းပန်ပေမယ့် တွေ့ခွင့်မရတဲ့အဖြစ်ကို ပြောပြလာတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ရှေ့နေ





———

သားနဲ့သမီးကို တွေ့ချင်လို့ ငိုယိုပြီးတောင်းပန်ပေမယ့် တွေ့ခွင့်မရတဲ့အဖြစ်ကို ပြောပြလာတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ရှေ့နေ

ပရိတ်သတ် အချစ်တော် ပြေတီနဲ့အုဝဲ တို့ဟာ တော်လှန်လေး ကာလမှာ ပြည်သူတွေအား လုံးရှေ့ကမားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ အနုပ ညာရှင်တွေပါ။မတ်လ ကပြုလုပ်ခဲ့တဲ့နွေဉီးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ အလိုရှိဆုံးစာရင်းထဲပါဝင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေခဲ့ ရတာဖြစ်ပါတယ်။ထွက်ပြေးတိမ်းရှောင်နေစဉ်မှာလည်းသားလေးနဲ့သမီးလေးကိုတွေ့ခွင့်မရခဲ့ပါဘူး။

သားသမီး တစ်ဖက်၊ ပြည်သူ တစ်ဖက် ယှဉ်လာခဲ့တဲ့ အချိန်မှာပြည်သူတွေကိုဘဲ ရွေးချယ်သွားခဲ့တဲ့အတွက်နောက်ဆုံးမှာတော့ စစ်ကောင်စီရဲ့ မိသားစုဝင်များကို အကြမ်းဖက်ဖမ်းဆီးမယ်လို့ ခြိမ်းချောက်ခြင်းခံရတဲ့အတွက်နောက်ဆုံးအကြိမ်အဖြစ် သားသမီးမျက်နှာလေးကိုအိမ်မှာလာရောက်တွေ့ခဲ့ရပီး အဖမ်းခံခဲ့ရပါတယ်။

ဧပြီလ(၉)ရက်နေ့မှာ အဖမ်းခံခဲ့ ရပီး ယခုမှာတော့ တစ်လတိတိ ပြည့်ခဲ့ပီမလို့ရှေ့နေတွေဆီကတစ်ဆင့်ရပိုင်ခွင့်ကိုတောင်းဆိုခဲ့ရာမှ ပယ်ချခံခဲ့ရပါတယ်။ ကိုပြေတီနဲ့မအုဝဲကို အမှုလိုက်ပေးနေတဲ့ရှေ့နေ့က သူတို့ငိုယိုပီးတော့ကို တောင်းပန်ခဲ့တာပါ။ ဘယ်မိဘက သူတို့သမီးတွေကို မတွေ့ဘဲနေချင်ပါ့မလဲ၊ ကျမတို့ဘက်က အတတ်နိုင်ဆုံးတရားဝင်တောင်းဆိုခဲ့ပင်မယ့် ငြင်းခံရပါတယ် လို့ဖြေကြားသွားခဲ့ပါတယ်။ကျန်းမာရေးနဲ့ပတ်သတ်လို့လည်း အမနဲ့အကိုကတော့တော်တော်လေးကို ပိန်သွားတယ်၊နေတော့ကောင်းပါတယ်၊ပြည်သူတွေ ဂရုစိုက်ကြပါ၊တောင့်ခံထားကြပါအမြန်ဆုံးအဆုံးသတ်တော့မှာပါလို့ ဖြေကြားသွားခဲ့ပါတယ်။

Be the first to comment on "သားနဲ့သမီးကို တွေ့ချင်လို့ ငိုယိုပြီးတောင်းပန်ပေမယ့် တွေ့ခွင့်မရတဲ့အဖြစ်ကို ပြောပြလာတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ရှေ့နေ"

Leave a comment

Your email address will not be published.


*