သင်္ဃန်းကျွန်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့ပြီး ကျူးလွန်သူများ ဖမ်းဆီးရမိ

သဃၤန္းကၽြန္း ျမန္မာ့စီးပြားေရးဘဏ္ခြဲမွ ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္ခန႔္ ေပ်ာက္ဆုံးခဲ့ၿပီး က်ဴးလြန္သူမ်ား ဖမ္းဆီးရမိ

ရန္ကုန္ ၁၀ ေမ

ရန္ကုန္အေရွ႕ပိုင္းခရိုင္၊ သဃၤန္းကၽြန္းၿမိဳ့နယ္၊ သုမဂၤလာလမ္းရွိ ျမန္မာ့စီးပြားေရးဘဏ္ခြဲ (သဃၤန္းကၽြန္း) ၌ ေမ ၇ ရက္ ည ၁၁ နာရီ ၁၅ မိနစ္က ေငြက်ပ္သိန္း ၂၀၀၀ ေက်ာ္ခန႔္ ခိုးယူခံခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ သဃၤန္းကၽြန္းၿမိဳ့မရဲစခန္းမွ အမွုဖြင့္လွစ္၍ က်ဴးလြန္သူမ်ား ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ရာ က်ဴးလြန္သူ ျပည့္စုံေအာင္(ခ)ျပည့္စုံ (၂၁)နွစ္ ဘဏ္လုံျခဳံေရး၊ ေအာင္မဂၤလာဒုံလမ္း၊ စဉ့္ငူရပ္ကြက္၊ အင္းစိန္ၿမိဳ့နယ္ေနသူအား စစ္ေဆးေတြ႕ရွိခ်က္မ်ားအရ ဖမ္းဆီးရမိခဲ့ေၾကာင္း၊

၎၏ ထြက္ဆိုခ်က္အရ သက္ေသခံပစၥည္းမ်ားႏွင့္ ျပစ္မွုက်ဴးလြန္ရာတြင္ အတူပူးေပါင္းပါဝင္သူ သက္ထြန္းနိုင္(ခ)ေရႊသြား (၃၉)နွစ္ ဘဏ္လုံျခဳံေရး၊ ေအာင္မဂၤလာဒုံလမ္း၊ စဉ့္ငူရပ္ကြက္၊ အင္းစိန္ၿမိဳ့နယ္ေနသူအား ေမ ၈ ရက္ ည ၁၁ နာရီ မိနစ္ ၅၀ တြင္ မဂၤလာဒုံၿမိဳ့နယ္၊ သဃၤန္းကၽြန္းႀကီးေက်းရြာ၊ အမွတ္(၃)လမ္းမႀကီးေဘး၊ ျမန္မာ့စီးပြားေရးဘဏ္႐ုံးအတြင္း သက္ေသခံပစၥည္း က်ပ္သိန္း (၂၃၀၀)ႏွင့္အတူ ဖမ္းဆီးရမိခဲ့သျဖင့္ က်ဴးလြန္သူမ်ားအား ဆက္လက္အေရးယူသြားမည္ ျဖစ္ေၾကာင္း သိရသည္။

စႏၵာမိုး ( ျပန္/ဆက္)

——–

သင်္ဃန်းကျွန်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့ပြီး ကျူးလွန်သူများ ဖမ်းဆီးရမိ

ရန်ကုန် ၁၀ မေ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ (သင်္ဃန်းကျွန်း) ၌ မေ ၇ ရက် ည ၁၁ နာရီ ၁၅ မိနစ်က ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ခိုးယူခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ အမှုဖွင့်လှစ်၍ ကျူးလွန်သူများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ကျူးလွန်သူ ပြည့်စုံအောင်(ခ)ပြည့်စုံ (၂၁)နှစ် ဘဏ်လုံခြုံရေး၊ အောင်မင်္ဂလာဒုံလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား စစ်ဆေးတွေ့ရှိချက်များအရ ဖမ်းဆီးရမိခဲ့ကြောင်း၊

၎င်း၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အတူပူးပေါင်းပါဝင်သူ သက်ထွန်းနိုင်(ခ)ရွှေသွား (၃၉)နှစ် ဘဏ်လုံခြုံရေး၊ အောင်မင်္ဂလာဒုံလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူအား မေ ၈ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ အမှတ်(၃)လမ်းမကြီးဘေး၊ မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း သက်သေခံပစ္စည်း ကျပ်သိန်း (၂၃၀၀)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျူးလွန်သူများအား ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

စန္ဒာမိုး ( ပြန်/ဆက်)

Be the first to comment on "သင်္ဃန်းကျွန်း မြန်မာ့စီးပွားရေးဘဏ်ခွဲမှ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျောက်ဆုံးခဲ့ပြီး ကျူးလွန်သူများ ဖမ်းဆီးရမိ"

Leave a comment

Your email address will not be published.


*