မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု ပြည်သူ ၈၅ ရာခိုင်နှုန်းက ယုံကြည်ကြောင်း စစ်တမ်း ထုတ်ပြန်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တော်လှန်ရေးအောင်မြင်နိုင်ခြေနဲ့ ပတ်သက်ပြီး Researcher Myanmar အဖွဲ့က စစ်တမ်းပြုလုပ်ရာ ဖြေဆိုသူ ၈၅ ဒသမ ၄ ရာခိုင်နှုန်းက တော်လှန်ရေး အောင်မြင်မယ်လို့ ယုံကြည်နေကြတယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ခံရာမှာ နေပြည်တော်အပါအဝင်၊ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုလုံးပါအောင် ကောက်ယူထားတာဖြစ်ပြီး တော်လှန်ရေးအောင်မြင်မယ်လို့ ယုံကြည်သူ ၈၅ ဒသမ ၄ ရာခိုင်နှုန်း၊ အောင်မြင်မည်မထင်ဟု ဖြေကြားသည့်သူ ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အောင်မြင်မယ် မအောင်မြင်ဘူး မပြောတတ်ပါဟု ဖြေကြားသူ ၁၁ ဒသမ ၁ ရာခိုင်နှုန်း ရှိကြောင်း စစ်တမ်းအရ သိရပါတယ်။

ဘာကြောင့်အောင်မြင်နိုင်သလဲဟု မေးမြန်းရာမှာ ပြည်သူ့တွန်းလှန်မှုကြောင့်ဟု ဖြေဆိုသူ ၄၂ ဒသမ ၂ ရာခိုင်နှုန်း၊ အောင်စိတ်ကြောင့်ဟုဖြေဆိုသူ ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလုပ်ရှားမှု CDM ကြောင့်ဟု ဖြေဆိုသူ ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ CRPH ၏ လုပ်ဆောင်မှုကြောင့်ဟု ဖြေဆိုသူ ၁၁ ဒသမ ၈ ရာခိုင်နှုန်း၊ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ် မပြုသောကြောင့်ဟု ဖြေဆိုသူ ၈ ဒသမ ၄ ရာခိုင်နှုန်း၊ နိုင်ငံတကာလုပ်ဆောင်မှုကြောင့်ဟု ဖြေဆိုသူ ၆ ရာခိုင်နှုန်းရှိပါတယ်။

ဒါ့အပြင် လူငယ်များ၏ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့်ဟု ဖြေဆိုသူ ၄ ဒသမ ၆ ရာခိုင်နှုန်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့်ဟု ဖြေဆိုသူ ၃ ဒသမ ၆ ရာခိုင်နှုန်း၊ အမှန်တရားဘက်ကသာနိုင်မည်ဟု ယုံကြည်သောကြောင့်ဟုဖြေဆိုသူ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ သတင်းမီဒီယာများပွင့်လင်းလာသည့်အတွက်ဟု ဖြေဆိုသူ ၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် တပ်တွင်းစည်းလုံးမှု ပြိုကွဲနေလို့ဟု ဖြေဆိုသူ ၁ ဒသမ ၂ ရာခိုင်နှုန်း အသီးသီးရှိနေကြောင်း စစ်တမ်းမှာ ဖော်ပြပါတယ်။

အလားတူ အဆိုပါ စစ်တမ်းမှာ မြို့များထိခိုက်နေမှု အခြေအနေ၊ အာဏာသိမ်းမှုကြောင့် လူတစ်ဦးချင်း ထိခိုက်မှုများ၊ ရပ်ရွာအပေါ် ထိခိုက်မှုများ၊ တစ်နိုင်ငံထိခိုက်နစ်နာမှု အခြေအနေများကို စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးလည်ပတ်မှု၊ အနာဂတ်ရည်မှန်းချက်၊ ပြည်တွင်းစစ်၊ ကုန်ဈေးနှုန်း၊ အလုပ်အကိုင်အခွင့်အလမ်း စတဲ့ အချက်တွေအပေါ် အခြေခံကာ တွေ့ဆုံမေးမြန်းထားကြောင်းသိရပါတယ်။

———–

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ေတာ္လွန္ေရးေအာင္ျမင္ႏိုင္ေျခနဲ႔ ပတ္သက္ၿပီး Researcher Myanmar အဖြဲ႕က စစ္တမ္းျပဳလုပ္ရာ ေျဖဆိုသူ ၈၅ ဒသမ ၄ ရာခိုင္ႏႈန္းက ေတာ္လွန္ေရး ေအာင္ျမင္မယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ သိရပါတယ္။

စစ္တမ္းေကာက္ခံရာမွာ ေနျပည္ေတာ္အပါအဝင္၊ တျခား တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ၁၄ ခုလုံးပါေအာင္ ေကာက္ယူထားတာျဖစ္ၿပီး ေတာ္လွန္ေရးေအာင္ျမင္မယ္လို႔ ယုံၾကည္သူ ၈၅ ဒသမ ၄ ရာခိုင္ႏႈန္း၊ ေအာင္ျမင္မည္မထင္ဟု ေျဖၾကားသည့္သူ ၄ ဒသမ ၅ ရာခိုင္ႏႈန္းနဲ႔ ေအာင္ျမင္မယ္ မေအာင္ျမင္ဘူး မေျပာတတ္ပါဟု ေျဖၾကားသူ ၁၁ ဒသမ ၁ ရာခိုင္ႏႈန္း ရွိေၾကာင္း စစ္တမ္းအရ သိရပါတယ္။

ဘာေၾကာင့္ေအာင္ျမင္ႏိုင္သလဲဟု ေမးျမန္းရာမွာ ျပည္သူ႔တြန္းလွန္မႈေၾကာင့္ဟု ေျဖဆိုသူ ၄၂ ဒသမ ၂ ရာခိုင္ႏႈန္း၊ ေအာင္စိတ္ေၾကာင့္ဟုေျဖဆိုသူ ၁၈ ဒသမ ၈ ရာခိုင္ႏႈန္း၊ ဝန္ထမ္းမ်ား၏ အာဏာဖီဆန္ေရးလုပ္ရွားမႈ CDM ေၾကာင့္ဟု ေျဖဆိုသူ ၁၃ ဒသမ ၃ ရာခိုင္ႏႈန္း၊ CRPH ၏ လုပ္ေဆာင္မႈေၾကာင့္ဟု ေျဖဆိုသူ ၁၁ ဒသမ ၈ ရာခိုင္ႏႈန္း၊ စစ္ေကာင္စီကို ႏိုင္ငံတကာအသိုင္းအဝိုင္းက အသိအမွတ္ မျပဳေသာေၾကာင့္ဟု ေျဖဆိုသူ ၈ ဒသမ ၄ ရာခိုင္ႏႈန္း၊ ႏိုင္ငံတကာလုပ္ေဆာင္မႈေၾကာင့္ဟု ေျဖဆိုသူ ၆ ရာခိုင္ႏႈန္းရွိပါတယ္။

ဒါ့အျပင္ လူငယ္မ်ား၏ မဆုတ္မနစ္ႀကိဳးပမ္းမႈေၾကာင့္ဟု ေျဖဆိုသူ ၄ ဒသမ ၆ ရာခိုင္ႏႈန္း၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈေၾကာင့္ဟု ေျဖဆိုသူ ၃ ဒသမ ၆ ရာခိုင္ႏႈန္း၊ အမွန္တရားဘက္ကသာႏိုင္မည္ဟု ယုံၾကည္ေသာေၾကာင့္ဟုေျဖဆိုသူ ၃ ဒသမ ၁ ရာခိုင္ႏႈန္း၊ သတင္းမီဒီယာမ်ားပြင့္လင္းလာသည့္အတြက္ဟု ေျဖဆိုသူ ၂ ဒသမ ၂ ရာခိုင္ႏႈန္းႏွင့္ တပ္တြင္းစည္းလုံးမႈ ၿပိဳကြဲေနလို႔ဟု ေျဖဆိုသူ ၁ ဒသမ ၂ ရာခိုင္ႏႈန္း အသီးသီးရွိေနေၾကာင္း စစ္တမ္းမွာ ေဖာ္ျပပါတယ္။

အလားတူ အဆိုပါ စစ္တမ္းမွာ ၿမိဳ႕မ်ားထိခိုက္ေနမႈ အေျခအေန၊ အာဏာသိမ္းမႈေၾကာင့္ လူတစ္ဦးခ်င္း ထိခိုက္မႈမ်ား၊ ရပ္႐ြာအေပၚ ထိခိုက္မႈမ်ား၊ တစ္ႏိုင္ငံထိခိုက္နစ္နာမႈ အေျခအေနမ်ားကို စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရး၊ ေငြေၾကးလည္ပတ္မႈ၊ အနာဂတ္ရည္မွန္းခ်က္၊ ျပည္တြင္းစစ္၊ ကုန္ေဈးႏႈန္း၊ အလုပ္အကိုင္အခြင့္အလမ္း စတဲ့ အခ်က္ေတြအေပၚ အေျခခံကာ ေတြ႕ဆုံေမးျမန္းထားေၾကာင္းသိရပါတယ္။

Be the first to comment on "မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်မည်ဟု ပြည်သူ ၈၅ ရာခိုင်နှုန်းက ယုံကြည်ကြောင်း စစ်တမ်း ထုတ်ပြန်"

Leave a comment

Your email address will not be published.


*