VPN free ပေါင်း သောင်းခြောက်ထောင်လည်း သုံးနေကြပြီမို့ အခု ပြောချင်တာက VPN နဲ့ ပတ်သက်ပြီး သိထားရမှာကိုပြောမှာပါ။
Credit/Debit card payment တွေလုပ်စရာရှိရင် VPN ကို အရင် disconnect လုပ်သင့်ပါတယ်။
Username နဲ့ password ထည့်ရေးရမည့် အလုပ်တွေကို လုပ်မယ်ဆို VPN ကို အရင် disconnect လုပ်သင့်ပါတယ်။
ဆိုလိုတာက FB ဝင်မယ်ဆိုမှ VPN ကောက်ချိတ်၊ ပြီးရင် ပြန်ပိတ်ပေါ့။
နိုင်ငံစုံ ပါတ်ဝင်နေတာများရင် FB က unusual login နဲ့ acc disable လုပ်တတ်ပါတယ်။တနိုင်ငံ သီးသန့်ထားသုံးပါ။
တကယ့် secured, reliable VPN တွေက လစဉ်ကြေးတွေနဲ့ပါ။
ဈေးဗန်းခင်းတာတော့ မဟုတ်ပေမယ့် ကျွန်တော်တို့ iAM ID နဲ့ ဝယ်ယူထားတဲ့ တကယ်ကောင်းပြီး အသုံးတည့်တဲ့ VPN Appတွေရှိပါတယ်။
တနှစ်ကို $ 40-50 လောက်ရှိပါတယ်။ device ၅ လုံးထိ သုံးလို့ရလို့ share ဝယ်လို့ရပါတယ်။Server ပိုများသလို speed ပိုမြန်ပါတယ်။
အခုက အရေးပေါ် free VPN သုံးကြမှာဖြစ်လို့ security ပိုင်းကို ဂရုပြုရပါမယ်။ ဂရုမပြုမိရင် credit card အကောင့်တွေ၊ primary email အကောင့်တွေ ပါသွားနိုင်ပါတယ်။
ကြုံရာ VPN တွေလည်း မသုံးပါနဲ့။ တပ်ကလူတွေကိုယ်တိုင် VPN server လုပ်ပြီး ရောင်ဝါးဝါးနဲ့ ထိုးထည့်ပေးနိုင်ပြီး ကိုယ်တွေဆီက အချက်အလက်အကုန် ရယူသွားနိုင်ပါတယ်။
Credit : Original
Be the first to comment on "VPN နဲ့ပက်သက်ပြီး မဖြစ်မနေ သိထားရမည့် အရေးကြီးအရာများ"