စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ဒီေန႔မနက္ ၀၀း၅၀ အခ်ိန္ေလာက္က ကားနဲ႔ ဆိုင္ကယ္တိုက္မႈျဖစ္ၿပီး ယာဥ္ေအာက္ပိုင္းမွာ ညပ္ပါသြားသူ ၁ ဦးကို မီးသတ္တပ္ဖြဲ႕က ကယ္ဆယ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ရွင္ေစာပုလမ္းမွာ FORD အမ်ိဳးအစား (အနက္ေရာင္) ေမာ္ေတာ္ယာဥ္က Honda Wave အမ်ိဳးအစား (အနီေရာင္) ေမာ္ေတာ္ဆိုင္ကယ္အား ဝင္ေရာက္တိုက္မိမႈ ျဖစ္ပြားခဲ့တာပါ။
ဆိုင္ကယ္ယာဥ္ေမာင္းဟာ ေမာ္ေတာ္ယာဥ္ေအာက္ပိုင္း၊ ဂြၽိဳင္းဆက္နဲ႔ ဆီတိုင္ကီၾကား ညပ္ၿပီး ေနအိမ္ကားဂိုေဒါင္အထိ ပါရွိသြားေၾကာင္း သတင္းရလို႔ မီးသတ္တပ္ဖြဲ႕ဝင္ေတြက ရွာေဖြကယ္ဆယ္ေရးလုပ္ခဲ့ၿပီး ဆိုင္ကယ္ယာဥ္ေမာင္းအား ၀၂း၃၆ အခ်ိန္မွာ ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ပါတယ္။
ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေနာက္က စီးနင္းလိုက္ပါသူ အမ်ိဳးသမီး ၁ ဦး အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ၿပီး ဆိုင္ကယ္ယာဥ္ေမာင္း အမ်ိဳးသားကေတာ့ ဒဏ္ရာစိုးရိမ္ရတာေၾကာင့္ ရဲသူရိန္ပရဟိတအသင္း လူနာတင္ယာဥ္နဲ႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။
Photo : Myanmar Fire Services Department
———–
စမ်းချောင်းမြို့နယ်မှာ ဒီနေ့မနက် ၀၀း၅၀ အချိန်လောက်က ကားနဲ့ ဆိုင်ကယ်တိုက်မှုဖြစ်ပြီး ယာဉ်အောက်ပိုင်းမှာ ညပ်ပါသွားသူ ၁ ဦးကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းမှာ FORD အမျိုးအစား (အနက်ရောင်) မော်တော်ယာဉ်က Honda Wave အမျိုးအစား (အနီရောင်) မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တာပါ။
ဆိုင်ကယ်ယာဉ်မောင်းဟာ မော်တော်ယာဉ်အောက်ပိုင်း၊ ဂျွိုင်းဆက်နဲ့ ဆီတိုင်ကီကြား ညပ်ပြီး နေအိမ်ကားဂိုဒေါင်အထိ ပါရှိသွားကြောင်း သတင်းရလို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်းအား ၀၂း၃၆ အချိန်မှာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်က စီးနင်းလိုက်ပါသူ အမျိုးသမီး ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်း အမျိုးသားကတော့ ဒဏ်ရာစိုးရိမ်ရတာကြောင့် ရဲသူရိန်ပရဟိတအသင်း လူနာတင်ယာဉ်နဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo : Myanmar Fire Services Department
Be the first to comment on "ကားနှင့်ဆိုင်ကယ်တိုက်ပြီး နေအိမ်အထိ ကားအောက်ပိုင်း၌ ညပ်ပါသွားသူ ၁ ဦးကို ကယ်ဆယ်"