တန်ဆောင်မုန်းလပြည့်ည (သူခိုးကြီးည) ဖြစ်ပေါ်လာပုံ နှင့် ယနေ့ခတ်လူငယ်တို့၏ မှားယွင်းသော အယူအဆများ

မဂၤလာပါ ပရိသတ္ႀကီးေရ အခုေဖာ္ျပေပးမွာကေတာ့ တန္ေဆာင္ မုန္း လျပည့္ည(သို႔) သူခိုးႀကီးည ျဖစ္ေပၚလာပုံနဲ႔ အမွန္စင္စစ္ မသိေသးတဲ့သူမ်ားအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

မဂၤလာပါ ပရိသတ္ႀကီးေရ တန္ေဆာင္မုန္း လျပည့္ညသည္ သူခိုးညလုံးဝမဟုတ္ပါဘူး။ တန္ေဆာင္ မုန္းလျပည့္ညသည္ ဗုဒၶဘာသာဝင္တို႔၏ ေန႔ထူးေန႔ျမတ္ျဖစ္ သလို ျမတ္စြာဘုရားသည္ အဇာတ သတ္ ရွင္ဘုရင္အား သာမညဖလ သုတ္ေတာ္ကို ေဟာေတာ္မူ၍ ဘုရင္ႏွင့္တကြ ေနာက္ပါ ျပည္သူ (၁) သိန္းခန္႔ ဗုဒၶဘာသာျဖစ္တဲ့ညႀကီးျဖစ္ပါတယ္။ သူခိုးႀကီးညဆိုၿပီး ဘယ္လိုေပၚေပါက္လာတယ္ဆိုတာ ၾကည့္ၾကည့္လိုက္ရေအာင္။

တန္ေဆာင္မုန္းလျပည့္ည၌ ပစၥည္းခိုးရျခင္းအေၾကာင္း(က်ီးမႏိုးပြဲ)

​ေရွးလြန္ေလၿပီးေသာအခါက ေယာက္်ားသားမ်ား ရွင္လိင္ျပန္ၾကရာ၀ယ္ ေဆးမင္ေၾကာင္ထိုးသည့္ ဓေလ့သည္ အထင္အရွားရွိခဲ့ၾကပါတယ္။ ရွင္ဘုရင္မွ အစခ်ီကာ မင္းညီမင္းသား၊ မႉးမတ္သူႂကြယ္၊ ကုန္သည္ ၊ လယ္လုပ္အကုန္လုံး အစခ်ီကာ သူရင္းငွားမ်ား စေသာလူေယာက္်ား တို႔သည္​ေဆးမင္ထိုးၾကေလသည္။ ယခုေခတ္ကဲ့သို႔ ႀကဳံသလိုထိုးျခင္း မဟုတ္ပဲ ေဆးမွင္ထိုးသည့္အခါ နကၡတ္ေကာင္း၊ အခါေကာင္း ေစာင့္ဆိုင္းကာ ေမွာင္ခန္းေခၚ မွင္ထိုးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ေသခ်ာစြာ ထိုးရပါသည္။

ထိုသို႔ ထိုးခဲ့ၿပီးေသာ ေယာက္်ားတို႔သည္ တန္ေဆာင္မုန္းည နကၡတ္စုံခ်ိန္တြင္ ထိုးထားသည့္ ေၾကာင္တက္ေၾကာင္ဆင္း ေဆးအေစာင့္တို႔သည္ တန္ခိုးျပသည္ဟု အယူရွိၾကသည္။ ထို႔ေၾကာင့္ အရွင္မသိေသာ ပစၥည္းကိုခိုးယူကာ ခိုးကြင္း၌ ထားၿမဲထားေနၾကျဖစ္၏။ ခိုးကြင္းဆိုတာကေတာ့ ခိုးရာပါပစၥည္းကို ဘယ္သူဘယ္ဝါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္း ခိုးကြင္းမွာ စာကပ္ၿပီး ထားခဲ့ၾကတာပါ။ အဲ့လိုခိုးတဲ့အခါ အသက္ရွိေသာအရာကို ခိုးယူႏိုင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္သည္ဟု သတ္မွတ္ထားၾကသည္။

ေရွးအခါက လူမ်ားသည္ မိမိေဆးအစြမ္းကို စမ္း၍ ႏြားမ်ားႏွင့္ လူအိပ္ေနေသာ ကုတင္ကို လူမႏိုးေအာင္ ထမ္း၍ခိုးကြင္း ၌လာထားၾကသည္။ မနက္မိုးလင္းသည့္ အခါ ပိုင္ရွင္မ်ားက သကၤန္းအစုံျဖင့္ မိမိတို႔ပစၥည္းကို လာေ႐ြးယူၾကၿပီး ကထိန္ပြဲကို ဆင္ႏြဲရသည္။ ပစၥည္းခိုး၍ လူမိေသာအခါတြင္ ထိုသူကိုဖမ္း၍ ခိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကပါေသးတယ္။

ကထိန္ပြဲတြင္ ထိုခိုးသားကို ႐ြာသူႀကီးက တရားသူႀကီးလုပ္ကာ တရားဆိုင္ခန္းျဖင့္ ဟာသလုပ္ၾကၿပီး ရဟန္း၀တ္ေစတဲ့ ဓေလ့လည္းရွိခဲ့ပါတယ္။ ဒီဘက္ေခတ္ေရာက္လာတဲ့အခါ တန္ဘိုးရွိပစၥည္းေတြကို သူခိုးႀကီးည အေၾကာင္းျပကာ တကယ္ခိုးလာၾကၿပီး လမ္းေတြေပၚမွာ က်က္သေရမဂၤလာ မရွိေအာင္ ႐ုပ္ပ်က္ ဆင္းပ်က္ ဆိုင္းဘုတ္ေတြ ျဖဳတ္ခ် ၊ အရက္ ဘီယာ အစားအေသာက္ေတြ ပလူပ်ံေအာင္ ျပန္႔က်ဲေနက်နဲ႔ အေပ်ာ္ကေန အပ်က္ဘက္ကို ဦးတည္လာၾကပါတယ္။

တစ္ကယ္ေတာ့ တန္ေဆာင္မုန္းလျပည့္ညဟာ သူခိုးႀကီးည မဟုတ္ပါဘူး။ အမွန္တရားကိုသိ​ေစ ခ်င္၍ရည္႐ြယ္ခ်က္ျဖင့္ အမွားကိုဆက္၍မလုပ္မိေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါသည္။မူရင္းေရးသားသူ နာမည္မသိေသာေၾကာင့္ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္ ခင္ဗ်ာ။

—————-

မင်္ဂလာပါ ပရိသတ်ကြီးရေ အခုဖော်ပြပေးမှာကတော့ တန်ဆောင် မုန်း လပြည့်ည(သို့) သူခိုးကြီးည ဖြစ်ပေါ်လာပုံနဲ့ အမှန်စင်စစ် မသိသေးတဲ့သူများအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာပါ ပရိသတ်ကြီးရေ တန်ဆောင်မုန်း လပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါဘူး။ တန်ဆောင် မုန်းလပြည့်ညသည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ် သလို မြတ်စွာဘုရားသည် အဇာတ သတ် ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကို ဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါ ပြည်သူ (၁) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးဖြစ်ပါတယ်။ သူခိုးကြီးညဆိုပြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ကြည့်ကြည့်လိုက်ရအောင်။

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

ရှေးလွန်လေပြီးသောအခါက ယောက်ျားသားများ ရှင်လိင်ပြန်ကြရာဝယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့ကြပါတယ်။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည် ၊ လယ်လုပ်အကုန်လုံး အစချီကာ သူရင်းငှားများ စသောလူယောက်ျား တို့သည်ဆေးမင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ပဲ ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ သေချာစွာ ထိုးရပါသည်။

ထိုသို့ ထိုးခဲ့ပြီးသော ယောက်ျားတို့သည် တန်ဆောင်မုန်းည နက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိကြသည်။ ထို့ကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲထားနေကြဖြစ်၏။ ခိုးကွင်းဆိုတာကတော့ ခိုးရာပါပစ္စည်းကို ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းမှာ စာကပ်ပြီး ထားခဲ့ကြတာပါ။ အဲ့လိုခိုးတဲ့အခါ အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

ရှေးအခါက လူများသည် မိမိဆေးအစွမ်းကို စမ်း၍ နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနိုးအောင် ထမ်း၍ခိုးကွင်း ၌လာထားကြသည်။ မနက်မိုးလင်းသည့် အခါ ပိုင်ရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။ ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ခိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြပါသေးတယ်။

ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေတဲ့ ဓလေ့လည်းရှိခဲ့ပါတယ်။ ဒီဘက်ခေတ်ရောက်လာတဲ့အခါ တန်ဘိုးရှိပစ္စည်းတွေကို သူခိုးကြီးည အကြောင်းပြကာ တကယ်ခိုးလာကြပြီး လမ်းတွေပေါ်မှာ ကျက်သရေမင်္ဂလာ မရှိအောင် ရုပ်ပျက် ဆင်းပျက် ဆိုင်းဘုတ်တွေ ဖြုတ်ချ ၊ အရက် ဘီယာ အစားအသောက်တွေ ပလူပျံအောင် ပြန့်ကျဲနေကျနဲ့ အပျော်ကနေ အပျက်ဘက်ကို ဦးတည်လာကြပါတယ်။

တစ်ကယ်တော့ တန်ဆောင်မုန်းလပြည့်ညဟာ သူခိုးကြီးည မဟုတ်ပါဘူး။ အမှန်တရားကိုသိစေ ချင်၍ရည်ရွယ်ချက်ဖြင့် အမှားကိုဆက်၍မလုပ်မိစေရန် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။မူရင်းရေးသားသူ နာမည်မသိသောကြောင့် မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည် ခင်ဗျာ။

Be the first to comment on "တန်ဆောင်မုန်းလပြည့်ည (သူခိုးကြီးည) ဖြစ်ပေါ်လာပုံ နှင့် ယနေ့ခတ်လူငယ်တို့၏ မှားယွင်းသော အယူအဆများ"

Leave a comment

Your email address will not be published.


*