Unicode
ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် အဆိုတော် ပိုးအိအိခန့်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်နဲ့ အားပေးမှုတွေကို ရရှိထားပြီး ခင်ပွန်းဖြစ်သူ လက်ရွေးစင်ဘောလုံးသမား အောင်သူနဲ့ လက်ထပ်ကာ ချစ်စရာကောင်းတဲ့ သားလေး သဲကိုးလေးနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်.။
ပိုးအိအိခန့်ကတော့ သားဖြစ်သူ သဲကိုးလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တစ်နေ့တစ်မျိုးတင်ကာ ချစ်မဝဖြစ်နေတဲ့ မိခင်တစ်ယောက်လို့ ပြောရင်မှား မယ် မထင်ပါဘူးနော်.။ လတ်တလောမှာတော့ အွန်လိုင်းကနေတဆင့် အစားသောက်တွေရောင်းချရင်း မအားမလပ် ဖြစ်နေတဲ့အတွက် သီတင်းကျွတ်လပြည့်နေ့ ငါးစာသွားကျွေးတုန်းကပုံကို စီးပွါးရေးသောင်းကျန်းနေတာနဲ့ ပုံတွေ အကြွေးတင်နေလို့ လာပြန်တင်တာ ဆိုတဲ့စာသားလေးနဲ့အတူ မိသားစု စုံစုံလင်လင်နဲ့ငါးစာသွားကျွေးခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့တာဖြစ်ပါတယ် ။
ပရိသတ်တွေကတော့ သူမတို့မိသားစုလေးကို အရမ်းချစ်စရာကောင်းပြီး အေးချမ်းလွန်းတဲ့မိသားစုလေး ဆိုတဲ့မှတ်ချက်တွေပေးခဲ့ကြပါတယ် ။ ပိုးအိအိခန့် တို့မိသားစုကိုချစ်ကြတဲ့ချစ်ပရိသတ်ကြီးအတွက်လည်း သူမတို့မိသားစုလေးရဲ့ ပျော်ရွှင်ဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Poe Ei Ei Khant
Be the first to comment on "မိသားစု စုံစုံလင်လင်နဲ့ ပျော်ရွှင်စွာ ငါးစာသွားကျွေးခဲ့ကြတဲ့ ပိုးအိအိခန့်တို့မိသားစု"