ခွေးကိုက်ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်း ၊မသင်္ကာလို့ စစ်ဆေးလိုက်ရာမှ…

ေခြးမ်ားကိုက္ဖဲ့စားထားၿပီး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္းအား ေတြ႕ရွိသျဖင့္ ေသမႈေသခင္းဖြင့္လွစ္စစ္ေဆးရာမွ လူသတ္မႈျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ကာ ျပစ္မႈက်ဴးလြန္သူ(၃)ဦး အား ေဖာ္ထုတ္ဖမ္းဆီးရမိ

ဘားအံ ႏိုဝင္ဘာ ၂၉

ဘားအံၿမိဳ႕နယ္တြင္ ေခြးမ်ားကိုက္ဖဲ့စားထားၿပီး ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ အမ်ိဳးသားအေလာင္း တစ္ေလာင္းအား ေတြ႕ရွိရသျဖင့္ ေသမႈေသခင္းဖြင့္လွစ္စစ္ေဆးရာမွ လူသတ္မႈျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္၍ ထုံးအိုင္နယ္ေျမရဲစခန္းမွ (ပ) ၃၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ျဖင့္ ေျပာင္းလဲဖြင့္လွစ္စစ္ေဆးကာ ျပစ္မႈက်ဴးလြန္သူမ်(၃)ဦးအား သက္ေသခံ ပစၥည္း မ်ားႏွင့္အတူ စုံစမ္းေဖာ္ထုတ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ႏိုဝင္ဘာလ ၂၈ ရက္ေန႔ ည ၈နာရီေက်ာ္အခ်ိန္က ဘားအံၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ထုံးအိုင္နယ္ေျမရဲစခန္းမွ စခန္းမႉး ရဲအုပ္ ထြန္းဦး၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ စိုးမင္းဦးတို႔ ဦးစီးေသာ နယ္ထိန္းတပ္ဖြဲ႕ဝင္မ်ားျဖင့္ ရဲစခန္း အပိုင္နယ္ေျမ အတြင္း လွည့္ကင္းေဆာင္႐ြက္စဥ္ ေကာ့မူးတာေက်း႐ြာသို႔ ေရာက္ရွိစဥ္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေစာဝင္းထိန္အား ထုံးအိုင္နယ္ေျမရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ (၈/၂၀၂၀)အမႈမွ လည္ပင္းအား ေခြးမ်ားကိုက္ဖဲ့စားေသာက္ထားသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနေသာ အသက္(၃၅)ႏွစ္အ႐ြယ္ အမည္မသိ အမ်ိဳးသား အေလာင္းဓါတ္ပုံအား သိရွိျခင္းရွိ/မရွိ ျပသၿပီး ေမးျမန္းစုံစမ္းခဲ့ရာ

ဓါတ္ပုံပါ ေသဆုံးသူမွာ ေကာ့မူးတာေက်း႐ြာေန မ်ိဳးျမင့္ျဖစ္ၿပီး စိတ္က်န္းမာေရးမေကာင္းသူ ျဖစ္ေၾကာင္း အတည္ျပဳေျပာၾကား သျဖင့္ ဆက္လက္စုံစမ္းရာ လြန္ခဲ့ေသာ (၃)ရက္ခန႔္က ေသဆုံးသူ၏ ေယာက္ဖျဖစ္သူ ေကာ့မူးတာေက်း႐ြာေနသူမ်ားျဖစ္ေသာ ရန္ႏိုင္စိုး၊ ေအာင္သူႏွင့္ ေကာ့မူးတာေက်း႐ြာအုပ္စု၊ျဖတ္လိုင္းေက်း႐ြာေနမင္းေအး တို႔(၃)ဦးမွ ဘားအံၿမိဳ႕သို႔ဆိုင္ကယ္ျဖင့္ေခၚေဆာင္ သြားခဲ့ေၾကာင္း စုံစမ္းသိရွိရသျဖင့္ ၎တို႔(၃)ဦးအား ေခၚယူစစ္ေဆး ခဲ့ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ ႏိုဝင္ဘာလ (၂၅)ရက္ေန႔ ညေန ၇နာရီေက်ာ္အခ်ိန္ခန႔္တြင္ ရန္ႏိုင္စိုး၊ ၄၁ႏွစ္ေမာင္းႏွင္ သည့္ Dream-110 အနက္ေရာင္ ဆိုင္ကယ္ေနာက္မွ မ်ိဳးျမင့္၊ ၃၁ႏွစ္ႏွင့္ ေအာင္သူ၊ ၃၈ႏွစ္တို႔ လိုက္ပါ ၿပီး Yamahar အမ်ိဳး အစား အနက္ေရာင္ဆိုင္ကယ္အား မင္းေအး၊ ၃၁ႏွစ္မွ ေမာင္းႏွင္ၿပီး ဆိုင္ကယ္(၂)စီးျဖင့္ ျမဝတီ-ဘားအံကားလမ္းအတိုင္း ဘားအံၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာ ခဲ့ေၾကာင္း၊

ထိုသို႔ေမာင္းႏွင္လာစဥ္ ေနာင္လုံေတာင္ၾကားလမ္းအေရာက္ ဆိုင္ကယ္အား ရပ္တန႔္ၿပီး မ်ိဳးျမင့္အား မင္းေအးကိုယ္တိုင္ ဆိုင္ကယ္ေပၚမွ ကန္ခ်ၿပီး ယာဘက္လက္အား ႀကိဳးျဖင့္တုတ္ကာ ၎တို႔(၃)ဦး မွ ခ်ဳံေတာထဲသို႔ ဆြဲေခၚသြားခဲ့ေၾကာင္း၊ ခ်ဳံထဲအေရာက္ မ်ိဳးျမင့္၏ ေယာက္ဖျဖစ္သူ ရန္ႏိုင္စိုးႏွင့္ မင္းေအးတို႔မွ ေျခေထာက္ ျဖင့္ကန္ခဲ့ရာ မ်ိဳးျမင့္မွာ သတိလစ္ေမ့ေျမာသြားခဲ့ေၾကာင္း၊

မ်ိဳးျမင့္သတိလစ္ေမ့ေျမာေနစဥ္ မင္းေအးမွ အသင့္ပါလာေသာ အ႐ိုးအသြား (၁၅)လက္မခြဲခန႔္ရွိ ဓါးဦးခြၽန္အား ထုတ္ေပးရာ ရန္ႏိုင္စိုးမွ အေသသတ္ရန္ေျပာသျဖင့္ ေအာင္သူမွ မ်ိဳးျမင့္၏ လည္ပင္းအား အဆိုပါဓါးျဖင့္ လည္လွီးသတ္ခဲ့ကာ ယာဘက္လက္တြင္ ခ်ည္ထားေသာ ႀကိဳးအားျဖဳတ္၍ ဓါးႏွင့္အတူ အနီး ရွိ ေတာထဲသို႔ လြင့္ပစ္ခဲ့ၿပီး ဆိုင္ကယမ္(၂)ဦးႏွင့္အတူ ဘားအံ-အိႏၵဳကားလမ္းအတိုင္း ေကာ့မူးတာေက်း႐ြာသို႔ ျပန္လာခဲ့ ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သျဖင့္ ရန္ႏိုင္စိုး၊ ေအာင္သူႏွင့္ မင္းေအးတို႔(၃)ဦးအား အမႈျဖင့္ ဖမ္းဆီး၍ သက္ေသခံ ပစၥည္းမ်ားသိမ္းဆည္းျခင္းႏွင့္ အမႈျဖင့္ဆက္လက္စစ္ေဆးလွ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဘားအံသတင္း

————-

ခွေးများကိုက်ဖဲ့စားထားပြီး ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရှိသဖြင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးရာမှ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ကာ ပြစ်မှုကျူးလွန်သူ(၃)ဦး အား ဖော်ထုတ်ဖမ်းဆီးရမိ

ဘားအံ နိုဝင်ဘာ ၂၉

ဘားအံမြို့နယ်တွင် ခွေးများကိုက်ဖဲ့စားထားပြီး ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရှိရသဖြင့် သေမှုသေခင်းဖွင့်လှစ်စစ်ဆေးရာမှ လူသတ်မှုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ထုံးအိုင်နယ်မြေရဲစခန်းမှ (ပ) ၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် ပြောင်းလဲဖွင့်လှစ်စစ်ဆေးကာ ပြစ်မှုကျူးလွန်သူမျ(၃)ဦးအား သက်သေခံ ပစ္စည်း များနှင့်အတူ စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၈နာရီကျော်အချိန်က ဘားအံမြို့နယ်ရဲတပ်ဖွဲ့၊ ထုံးအိုင်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ထွန်းဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးမင်းဦးတို့ ဦးစီးသော နယ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် ရဲစခန်း အပိုင်နယ်မြေ အတွင်း လှည့်ကင်းဆောင်ရွက်စဉ် ကော့မူးတာကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းထိန်အား ထုံးအိုင်နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၈/၂၀၂၀)အမှုမှ လည်ပင်းအား ခွေးများကိုက်ဖဲ့စားသောက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသော အသက်(၃၅)နှစ်အရွယ် အမည်မသိ အမျိုးသား အလောင်းဓါတ်ပုံအား သိရှိခြင်းရှိ/မရှိ ပြသပြီး မေးမြန်းစုံစမ်းခဲ့ရာ

ဓါတ်ပုံပါ သေဆုံးသူမှာ ကော့မူးတာကျေးရွာနေ မျိုးမြင့်ဖြစ်ပြီး စိတ်ကျန်းမာရေးမကောင်းသူ ဖြစ်ကြောင်း အတည်ပြုပြောကြား သဖြင့် ဆက်လက်စုံစမ်းရာ လွန်ခဲ့သော (၃)ရက်ခန့်က သေဆုံးသူ၏ ယောက်ဖဖြစ်သူ ကော့မူးတာကျေးရွာနေသူများဖြစ်သော ရန်နိုင်စိုး၊ အောင်သူနှင့် ကော့မူးတာကျေးရွာအုပ်စု၊ဖြတ်လိုင်းကျေးရွာနေမင်းအေး တို့(၃)ဦးမှ ဘားအံမြို့သို့ဆိုင်ကယ်ဖြင့်ခေါ်ဆောင် သွားခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းတို့(၃)ဦးအား ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေ ၇နာရီကျော်အချိန်ခန့်တွင် ရန်နိုင်စိုး၊ ၄၁နှစ်မောင်းနှင် သည့် Dream-110 အနက်ရောင် ဆိုင်ကယ်နောက်မှ မျိုးမြင့်၊ ၃၁နှစ်နှင့် အောင်သူ၊ ၃၈နှစ်တို့ လိုက်ပါ ပြီး Yamahar အမျိုး အစား အနက်ရောင်ဆိုင်ကယ်အား မင်းအေး၊ ၃၁နှစ်မှ မောင်းနှင်ပြီး ဆိုင်ကယ်(၂)စီးဖြင့် မြဝတီ-ဘားအံကားလမ်းအတိုင်း ဘားအံမြို့ဘက်သို့ မောင်းနှင်လာ ခဲ့ကြောင်း၊

ထိုသို့မောင်းနှင်လာစဉ် နောင်လုံတောင်ကြားလမ်းအရောက် ဆိုင်ကယ်အား ရပ်တန့်ပြီး မျိုးမြင့်အား မင်းအေးကိုယ်တိုင် ဆိုင်ကယ်ပေါ်မှ ကန်ချပြီး ယာဘက်လက်အား ကြိုးဖြင့်တုတ်ကာ ၎င်းတို့(၃)ဦး မှ ချုံတောထဲသို့ ဆွဲခေါ်သွားခဲ့ကြောင်း၊ ချုံထဲအရောက် မျိုးမြင့်၏ ယောက်ဖဖြစ်သူ ရန်နိုင်စိုးနှင့် မင်းအေးတို့မှ ခြေထောက် ဖြင့်ကန်ခဲ့ရာ မျိုးမြင့်မှာ သတိလစ်မေ့မြောသွားခဲ့ကြောင်း၊

မျိုးမြင့်သတိလစ်မေ့မြောနေစဉ် မင်းအေးမှ အသင့်ပါလာသော အရိုးအသွား (၁၅)လက်မခွဲခန့်ရှိ ဓါးဦးချွန်အား ထုတ်ပေးရာ ရန်နိုင်စိုးမှ အသေသတ်ရန်ပြောသဖြင့် အောင်သူမှ မျိုးမြင့်၏ လည်ပင်းအား အဆိုပါဓါးဖြင့် လည်လှီးသတ်ခဲ့ကာ ယာဘက်လက်တွင် ချည်ထားသော ကြိုးအားဖြုတ်၍ ဓါးနှင့်အတူ အနီး ရှိ တောထဲသို့ လွင့်ပစ်ခဲ့ပြီး ဆိုင်ကယမ်(၂)ဦးနှင့်အတူ ဘားအံ-အိန္ဒုကားလမ်းအတိုင်း ကော့မူးတာကျေးရွာသို့ ပြန်လာခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ရန်နိုင်စိုး၊ အောင်သူနှင့် မင်းအေးတို့(၃)ဦးအား အမှုဖြင့် ဖမ်းဆီး၍ သက်သေခံ ပစ္စည်းများသိမ်းဆည်းခြင်းနှင့် အမှုဖြင့်ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ဘားအံသတင်း

Be the first to comment on "ခွေးကိုက်ဒဏ်ရာတွေနဲ့ အမျိုးသားအလောင်း ၊မသင်္ကာလို့ စစ်ဆေးလိုက်ရာမှ…"

Leave a comment

Your email address will not be published.


*