ဗန္းေမာ္ေစ်းထဲ ဆိုင္ကယ္တစ္စီးနဲ႔ စာအိတ္ေတြလိုက္ခ်ေနလို႔ ဘာလဲဆိုၿပီးဖြင့္ၾကည့္လိုက္ေသာအခါ…

ခ်စ္ပရိသတ္ႀကီးေရ ဒီေန႔ေလးမွာ ေျပာျပေပးသြားမွာကေတာ့ ဗန္းေမာ္က အမည္မသိ လူတစ္ေယာက္ရဲ႕ မြန္ျမတ္တဲ့ လုပ္ရပ္ေလးအေၾကာင္းပဲ ျဖစ္ပါတယ္။ ဒီကိုဗစ္ကာလဟာ ကာလၾကာရွည္ ေလာ့ဒ္ေဒါင္းပိတ္ထားသည္ကို ပရိသတ္ႀကီးလည္း အသိပါ။

ဒါ့ေၾကာင့္ ျပည္သူေတာ္ေတာ္မ်ားမ်ား ဒုကၡေရာက္ၾကရပါတယ္။ တစ္ရက္လုပ္မွတစ္ရက္စားရတဲ့ ခ်ိဳ႕တဲ့သူေတြ ႀကဳံရာက်ပန္း လုပ္ကိုင္စားေသာက္ ေနၾကရသူေတြအတြက္ အရမ္းကို ပင္ပန္းခက္ခဲလြန္းတဲ့ ကာလႀကီးပါ။

လႉဒါန္းသူေတြကလည္း လႉၾကေပမယ့္ တခ်ိဳ႕ရပ္႐ြာေတြက အေတာ္ကို ေဝးလံေခါင္ပါးလြန္းပါတယ္ ။​ ဒါေလးကေတာ့ ဗန္းေမာ္ၿမိဳ႕ကထူးျခားျဖစ္စဥ္ေလး တစ္ခုပါ။ ေျမႏုေဈးမွာ ေဈးေရာင္းသူ ဝယ္သူ Mask တပ္မတပ္ ၾကည့္ရႈ႕ေနစဥ္။ ဆိုင္ကယ္တစ္စီးနဲ႔ လူတစ္ေယာက္ စာအိတ္ေတြ လိုက္ခ်ေနတာ ျမင္ေတာ့ ႐ုတ္တရက္ ေတြးမိလိုက္တာ ဘာတိုင္သလည္းေပါ့။ ေျပးေကာက္ၿပီး ဖြင့္ၾကည့္မိလိုက္တယ္။

အထဲမွာ Maskတစ္ခု ေငြ ၃၀၀၀ စာ႐ြက္တစ္႐ြက္ေလး ပါတယ္။ စာဖြင့္ဖတ္ၿပီး ေအာ္ ေတာ္လိုက္တာလို႔ စိတ္ထဲမွာခ်ီးက်ဴးမိလိုက္တယ္။ သာဓုပါဗ်ာ အမည္မေဖာ္ပဲ ကုသိုလ္လုပ္တာအမြန္ျမတ္ဆုံးပါ။ ဒါနဲ႔ ေဈးေရာင္းတဲ့ ခ်ိဳ႕တဲ့ ပုံရွိတဲ့သားအမိကို တဆင့္ျပန္ၿပီး ေပးလိုက္ပါတယ္။

ဒီလုပ္ရပ္ေလးဟာ အရမ္းကို မြန္ျမတ္လြန္းပါတယ္။ ရပ္႐ြာတိုင္းမွာလည္း ဒီလိုေလး လိုအပ္ေနသူေတြကို တတ္ႏိုင္သေလာက္ေလး ကူညီတဲ့သူေတြ ရွိလာၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ က်ေနာ္ကေတာ့ ဒီ ဗန္းေမာ္ၿမိဳ႕က အမည္မသိ လူတစ္ေယာက္ကို အရမ္းပင္ ေလးစားခ်ီးက်ဴးမိပါတယ္။

အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါတယ္။

————-

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ ဗန်းမော်က အမည်မသိ လူတစ်ယောက်ရဲ့ မွန်မြတ်တဲ့ လုပ်ရပ်လေးအကြောင်းပဲ ဖြစ်ပါတယ်။ ဒီကိုဗစ်ကာလဟာ ကာလကြာရှည် လော့ဒ်ဒေါင်းပိတ်ထားသည်ကို ပရိသတ်ကြီးလည်း အသိပါ။

ဒါ့ကြောင့် ပြည်သူတော်တော်များများ ဒုက္ခရောက်ကြရပါတယ်။ တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ ချို့တဲ့သူတွေ ကြုံရာကျပန်း လုပ်ကိုင်စားသောက် နေကြရသူတွေအတွက် အရမ်းကို ပင်ပန်းခက်ခဲလွန်းတဲ့ ကာလကြီးပါ။

လှူဒါန်းသူတွေကလည်း လှူကြပေမယ့် တချို့ရပ်ရွာတွေက အတော်ကို ဝေးလံခေါင်ပါးလွန်းပါတယ် ။​ ဒါလေးကတော့ ဗန်းမော်မြို့ကထူးခြားဖြစ်စဉ်လေး တစ်ခုပါ။ မြေနုဈေးမှာ ဈေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့နေစဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ရုတ်တရက် တွေးမိလိုက်တာ ဘာတိုင်သလည်းပေါ့။ ပြေးကောက်ပြီး ဖွင့်ကြည့်မိလိုက်တယ်။

အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက်လေး ပါတယ်။ စာဖွင့်ဖတ်ပြီး အော် တော်လိုက်တာလို့ စိတ်ထဲမှာချီးကျူးမိလိုက်တယ်။ သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာအမွန်မြတ်ဆုံးပါ။ ဒါနဲ့ ဈေးရောင်းတဲ့ ချို့တဲ့ ပုံရှိတဲ့သားအမိကို တဆင့်ပြန်ပြီး ပေးလိုက်ပါတယ်။

ဒီလုပ်ရပ်လေးဟာ အရမ်းကို မွန်မြတ်လွန်းပါတယ်။ ရပ်ရွာတိုင်းမှာလည်း ဒီလိုလေး လိုအပ်နေသူတွေကို တတ်နိုင်သလောက်လေး ကူညီတဲ့သူတွေ ရှိလာကြဖို့ မျှော်လင့်ပါတယ်။ ကျနော်ကတော့ ဒီ ဗန်းမော်မြို့က အမည်မသိ လူတစ်ယောက်ကို အရမ်းပင် လေးစားချီးကျူးမိပါတယ်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်။

Be the first to comment on "ဗန္းေမာ္ေစ်းထဲ ဆိုင္ကယ္တစ္စီးနဲ႔ စာအိတ္ေတြလိုက္ခ်ေနလို႔ ဘာလဲဆိုၿပီးဖြင့္ၾကည့္လိုက္ေသာအခါ…"

Leave a comment

Your email address will not be published.


*