နိုဝင်ဘာလ (၃၀)ရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် ရည်ရွယ်လှူဒါန်းမယ့် ငွေတီဦး




———–

ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပြေတီဦးကတော့ မိသားစုကိုအရမ်းချစ်တတ်တဲ့ သူတစ်ယောက်ပါ ။ သူ့ရဲ့ကိုယ်ပိုင် မိသားစုလေးကို အရမ်းချစ်သလို ညီမလေးနဲ့ မိဘတွေကိုလည်း အရမ်းချစ်တတ်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ ပြေတီဦးရဲ့ ညီမဖြစ်သူ ငွေတီဦးကတော့ တူ ၊ တူမလေးတွေကို အရမ်းချစ်တဲ့အပြင် အစ်ကိုဖြစ်သူကိုလည်း အရမ်းလေးစားချစ်ခင်တဲ့ သူတစ်ယောက်လို့ ဆိုရမှာပါ ။

လတ်တလောမှာတော့ ငွေတီဦးက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် မနက်ဖန် ပံ့သကူပစ်ဖို့ အဆင်သင့် လုပ်ပြီးပါပြီ..Silver Egg အဖွဲ့ဝင်တွေရော.. ဖေဖေနဲ့မေမေရော.. စင်္ကာပူက မမတို့ရော ပါဝင်လှူဒါန်းကြပါတယ် အဲဒီ့အပြင် နိုဝင်ဘာ ၃၀ မွေးနေ့ရှင် အူးတီအတွက် သံဃာသုံးပါးစာ လှူဒါန်းပေးပါတယ် ဆိုတဲ့စာသားလေးနဲ့ လပြည့်နေ့ ပံ့သကူအလှူလေးနဲ့အတူ စ်ကိုဖြစ်သူရဲ့ မွေးနေ့အတွက်ရည်စူးပြီး လှူဒါန်းမယ့်အကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ် ။

လူရော သံဃာရော အလိုရှိတဲ့သူလက်ထဲ သေချာရောက်ရှိပါစေ. ဆိုတဲ့ ဆုမွန်ကောင်းလေးနဲ့အတူ လပြည့်နေ့အတွက် မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်မှာဖြစ်တဲ့အကြောင်း မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။ ပြေတီဦးရဲ့ ချစ်ပရိသတ်ကြီးလည်း ထပ်တူ ကုသိုလ်တွေ ရကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Ngwe Ti Oo

Be the first to comment on "နိုဝင်ဘာလ (၃၀)ရက်နေ့မှာကျရောက်မယ့် ပြေတီဦးရဲ့မွေးနေ့အတွက် ရည်ရွယ်လှူဒါန်းမယ့် ငွေတီဦး"

Leave a comment

Your email address will not be published.


*