အရေးကြီးတဲ့သတင်းစကားဖြစ်လို့ ရှယ်ပါ .. ဒီရက်ပိုင်းအတွက်လူများများသိဘို့လိုအပ်…

အရေးကြီးတဲ့သတင်းစကားဖြစ်လို့ ရှယ်ပါ။ကော်ပီပါ။ ဒီရက်ပိုင်းအတွက်လူများများသိဘို့လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံအနာဂါတ်အဆုံးအဖြတ် ဒီရက်ပိုင်းအတွင်းအဖြေပေါ်မဲ့ကိစ္စဖြစ်နေတဲ့အတွက် အရေးတကြီးဖြန့်ဝေပေးကြပါလို့မေတ္တာရပ်ခံပါတယ်။ ခွက်ဒစ်မပေးနဲ့ ရတယ်။

မနေ့ကလဲရှော့ပိုစ့်အတိုလေးတင်ပြောခဲ့ပြီးပြီ။ ဒီစကားကိုအခုထပ်ပြောပါမယ်။ လက်ရှိအချိန်မှာ စစ်သူပုန် မအလ သွေးရူးသွေးတန်းလိုအပ်နေတဲ့အရာက ပြည်သူလူထုအတွင်း သူ့ကိုတော်လှန်သူမရှိတော့ဘူး။ နိုင်ငံတွင်းမှာအားလုံးငြိမ်သပ်သွားပြီ။

သူတို့အုပ်ချုပ်တာကြည်ဖြူစွာခံယူနေကြပြီ။ သူတို့စစ်သူပုန်အဖွဲ့ကမြန်မာပြည်ကိုနိုင်နင်းစွာအုပ်ချုပ်နိုင်နေပြီ။ သူတို့အုပ်ချုပ်မူ့အောက်မှာနိုင်ငံကတည်ငြိမ်မူ့တွေရနေပြီဆိုပြီး မအလစစ်သူပုန်က ကမ္ဘာကိုအသဲအသန်ချပြချင်နေတယ်။ သူဘာလို့ဒါကိုချပြချင်တာလဲ…

ရှင်းရှင်းလေးပါ။ မကြာမှီအချိန်အတွင်း မြန်မာ့ရေပိုင်နက်နဲ့မနီးမဝေးမှာ အမေရီကန်ဦးဆောင်တဲ့ အာရှနေတိုးအဖွဲ့တွေအုပ်စုလိုက်ရောက်လာပါတော့မယ်။အကြောင်းပြချက်ကစစ်ရေးလေ့ကျင့်ဖို့ပါတဲ့။

( ကမ္ဘာ့စစ်သတင်းတွေကိုလေ့လာကြည့်။ ဟျောင့်တွေ မင်းတို့ကို ငါတို့ချဘို့လာနေပြီကွလို့ ဘယ်တော့မှ ဘယ်အချိန်ကမှ မကြေငြာဘူးဖူး။ အကြောင်းပြချက်တစ်ခုနဲ့အနားလာ။ ပြီးမှ သမ တာ )

စကားကိုပြန်ဆက်မယ်။ အာရှနေတိုးရေကြောင်းစစ်ချီလာပုံမှာထူးခြားချက်တွေကိုပြောရရင်…US ဦးဆောင်တဲ့ အိန္ဒိယ ဂျပန် ကိုရီးယား စတဲ့ ၄ နိုင်ငံ QUAD အဖွဲ့မကြာခင်ကမှဖွဲ့စည်းလိုက်ပြီး အဲ့ဒိအဖွဲ့၏စစ်ရေးလေ့ကျင့်မူ့ကပထမဦးဆုံးအကြိမ်ဖြစ်နေတာပါ။ ပိုပြီးထူးခြားတာက ဒီအဖွဲ့နဲ့အတူ လက်ရှိမြန်မာပြည်အရေးကိုတက်ကြွစွာလှုပ်ရှားနေတဲ့အင်္ဂလန်ပါပါလာတယ်။ သူ့ရဲ့နေတိုးမဟာမိတ် ပြင်သစ်နဲ့ဪဇီပါလာတယ်။

ဒါဟာ နိုင်ငံစုံဖွဲ့စည်းလာတဲ့မဟာမိတ်စစ်အုပ်စုကြီးတစ်ခုဖြစ်လာပြီး ယခင် အီရတ်နဲ့လစ်ဗျားကိုဆော်ခဲ့တုန်းကလိုစုဖွဲ့လာခြင်းဖြစ်ပါတယ်။နောက်တစ်ခုထူးခြားတာက သူတို့စစ်သင်္ဘောအုပ်စုကြီးဦးတည်ရာလမ်းကြောင်း heading course ကို ရေကြောင်းအမြင် Navigation အရပြောရမယ်ဆို အရမ်းထူးခြားနေပါတယ်။ ပုံမှန်အားဖြစ်သူတို့ရဲ့ရည်မှန်းချက်နေရာ Destination ကိုရောက်ဘို့က ယခု ပုံထဲမှာပါတဲ့လမ်းကြောင်းအရဆိုသွေဖည်နေတာမြင်ရပါလိမ့်မယ်။

သာမန်လူတွေမြင်အောင်ပြောရမယ်ဆို သူတို့ရဲ့လမ်းကြောင်းက ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေနဲ့အနီးဆုံးနေရာက လာရမှာမဟုတ်ပါ။ လမ်းကြောင်းလွဲနေပါတယ် ။ သူတို့စစ်ရေးလေ့ကျင့်မဲ့ရေပြင်ဧရိယာကိုဒီလမ်းကြောင်းအရသွားမည်ဆိုပိုဝေးပါတယ်။ဒါကိုကျနော်ရေကြောင်း အမြင်ကနေအကျယ်ချဲ့မရှင်းတော့ဘူး ရှည်တယ်။

တိုတိုပြောရရင် သူတို့စစ်သင်္ဘောအုပ်စုချီတက်လာတဲ့လမ်းကြောင်းအရ မြန်မာရေပိုင်နက်နဲ့အနီးဆုံးနေရာကိုချည်းကပ်ဘို့ဆိုတာလောက်အားလုံးသိထားရင်လုံလောက်ပါပြီ။ ဒီနေရာမှာကျနော်ပြောချင်တာစပါမယ်။ ပိုပြီးနားလည်လွယ်အောင်အပေါ်ကစကားကိုပြန်ကောက်ပြီးပြောမှအဆင်ပြေမယ်…

မအလ ဘာကြောင့်အခုနိုင်ငံကိုသွေးရူးသွေးတန်းငြိမ်ဝပ်နေကြောင်းပြချင်တာလဲဆိုတာ အဲ့ဒါကြောင့်ဘဲ ။ သူ့ကိုဆော်မဲ့အဖွဲ့တွေအနားရောက်လာတော့မယ်ဆိုတာ သူ့အရှင်သခင်တရုတ်ကသူ့ကိုပြောပြီးပြီ။ ဒီအချိန်မှာ တိုင်းပြည်ကငြိမ်သပ်နေရင် QUAD နဲ့ မဟာမိတ်တွေဘာမှဝင်စွတ်ဖက်လို့မရတော့ဘူး။ တည့်တည့်ပြောရရင် ခင်ဗျားတို့တစာစာတောင်းဆိုနေတဲ့စစ်ရေးအကူအညီပေးလို့မရတော့ဘူး။

ထပ်ပြီး မြင်အောင်ပြောမယ် …

တည်ငြိမ်နေတဲ့နိုင်ငံကို ဘယ်နိုင်ငံကမှ စစ်ရေးနဲ့ဝင်ရောက်ဖြေရှင်းပေးလို့မရဘူး။ ဒါဟာနိုင်ငံတကာစည်းမျဉ်းဘဲ။ အဲ့ဒိဘောင်ထဲဝင်အောင်ဒီကောင်က အသဲအသန် ပြည်သူတွေငြိမ်နေအောင်ကျိုးစားနေတာ။ ရှင်းလားမသိဘူး ။ အခု ဆိုက်ဝါးတွေကနေ အသံတွေကြားနေရတယ် ဘာတဲ့။ အိမ်ထဲမှာနေပြီး တိတ်ဆိတ်ငြိမ်သပ်စွာအသံမထွက်ဆန္ဒပြကြပါတဲ့။ ယီးတွေဖြစ်ကုန်ရောဟေ ယီးတွေဖြစ်ကုန်ရော …

ခင်ဗျားတို့ကဘာနဲ့တူနေသလဲဆိုရင် မတရားအနိုင်ကျင့်နေပါတယ် လာကူညီပါ ကူညီပေးကြပါ ဆိုပြီးအသံကုန်အော်အကူအညီတောင်းတယ်။တကယ်ကူညီမဲ့လူလဲအနားရောက်လာရော ပါးစပ်လေးတွေပိတ်ပြီး မျက်စိပေကလပ် ပေကလပ်လုပ် နေတယ်။ စစ်သူပုန်က ကူညီမဲ့အဖွဲ့တွေအရှေ့မှာ ခေါင်းလေးပွတ် ကြောလေးသပ်ပေးနေတာကိုငြိမ်ခံ‌ပြသလိုဖြစ်နေတယ် ။ ကဲ စဉ်းစားကြည့်ဗျာ …

ဟိုးအဝေးကနေ ကူညီဖို့အပြေးရောက်လာသူတွေရင်ထဲဘယ်လိုနေသွားမလဲ။ ဟာ ငါတို့ကသူတို့အသဲအသန်အကူအညီတောင်းလို့အရေးတကြီးရောက်လာတယ်။ အနားရောက်မှ သူတို့လူနဲ့သူတို့ အဆင်ပြေနေပါလားလို့ထင်မသွားဘူးလား။

အဲ့ဒိအထင်ရဲ့နောက်ကွယ်မှာဖြစ်လာမဲ့အကျိုးဆက်တွေကိုမြင်ကြရဲ့လား။ သူတို့ရောက်လာတယ်။ ဒီမှာ သူနိုင်ငံသူ/ နိုင်ငံသားတွေနဲ့အာဏာသိမ်းစစ်အုပ်စုအဆင်ပြေတယ်ဆိုပြီးထင်သွားရင် သူတို့အလုပ်မရှိတော့ဘူး။ ဒါကြောင့် ရောက်လာတဲ့ ISSUE အတိုင်းစစ်ရေးလေ့ကျင့်ပြ။ ပြီးရင်တပ်ခေါက်ပြန်သွား။ သူတို့လဲပြန်သွားရော …
ဟား ဟား လာထား …

သူပုန် မအလ က ခင်ဗျားတို့လည်မြိုကိုကောင်းကောင်းကြီးနင်းပါတော့မယ်။ အဲ့ဒိအချိန်မှ လာပါ ကူညီကြပါ ထပ်မအော်နဲ့ မရတော့ဘူး။ရေကြောင်းချီစစ်အုပ်စုတစ်စု စုဖွဲ့ပြီးသွားလာရတာ စရိတ်စက ကနေ အထွေထွေကုန်ကျငွေက နဲတာမဟုတ်။ ခင်ဗျားတို့ကို လှည့်ကြည့်တော့မယ်ထင်နေသလား။ ဒါကြောင့်ချုပ်ရရင် …

အခု အကူအညီပေးမဲ့သူတွေအနားရောက်နေပြီ။ ဒီကာလမှာမိမိတို့က ပိုထကြွပြရမယ်။ စစ်သူခိုး သူပုန် မအလ နဲ့အဖွဲ့ကိုဆန့်ကျင်ကြောင်းပိုပြသရမယ်။ ဒီအချိန်မှာဒီကောင်တွေအတွက်ဆုပ်လဲဆူး စားလဲရူးဘဲ။ ပိုထကြွလာတဲ့ပြည်သူကို ပိုနှိမ်နင်းရင် အနားရောက်နေတဲ့ စစ်သင်္ဘောအုပ်စုတွေဂွင်ထဲဝင်ပြီ။ ဒင်းတို့က ငြိမ်နေရင်လဲ ဒင်းတို့ကိုတစ်နိုင်ငံလုံးကလက်မခံဘူးဆိုတာ ကူညီမဲ့အဖွဲ့တွေအတွက် အကောင်းဆုံးအကြောင်းပြချက်ရပြီ။ ဟုတ်လား…

ဒီမှာ မှတ်ထား …

အဲ့ဒါလိုချင်လို့ ၊ မအလ သူပုန်ကိုဗျင်းချင်လို့ အခု အုပ်စုဖွဲ့ချီတတ်လာတာ။ ဒါကို မအလ ရဲ့ဆိုက်ဝါးအောက်မှာငြိမ်မနေကြနဲ့။ ရှင်းအောင်တစ်ခါတည်းပြောလိုက်မယ်။ အခု တစ်နိုင်ငံလုံးနေ့စဉ်ဆန္ဒပြနေတာ လူဦးရေဘယ်လောက်ရှိလဲ။ တစ်သောင်းလား ငါးသောင်းလား တစ်သိန်းလား။ အဲ့ဒိအထဲမှာ စစ်သူပုန်လက်ပါးစေကြောင့် ၅ ဦးသေတယ်ဆိုပါစို့ …

ဒါဆိုသင်္ချာနည်းအရအချိုးကျတွက်ကြည့်ရင် လူတစ်သောင်းမှာ ၅ ယောက် ( ၁၀၀၀၀ ပုံ ၅ ပုံ )။ လူ ငါးသောင်းမှာ ငါးယောက် ( ၅၀၀၀၀ ပုံ ၅ ပုံ ) ။ လူတစ်သိန်းမှာငါးယောက် ( ၁၀၀၀၀၀ ပုံ ၅ ပုံ ) ။ အဲ့ဒိ ငါးယောက်ထဲမှာ ခင်ဗျားပါမှာစိုးရိမ်နေရင် အိမ်မှာထိုင်နေ။ အကူအညီပေးမဲ့ နိုင်ငံစုံတပ်ပြန်သွားရင် ခင်ဗျားတို့အိမ်ပေါ် သူပုန် သူခိုး မအလ လက်ပါးစေ တပ်တွေ လာတက်သတ်တာခံရမှာဘဲ။ ရှင်းလား။

( မှတ်ချက် ။ နေ့စဉ်တက်ကြွစွာလမ်းပေါ်တက်လှုပ်ရှားနေသူတွေကိုမဆိုလိုပါ။ နဲနဲလေးထိလာတာနဲ့ ကျွတ်ကျဲပြီး ကြောက်ဒူးတုန်ပြနေသော စစ်ကျွန်ဘဝအလိုရှိနေသူတွေကို ဦးတည်တဲ့ပိုစ့်ပါ )

Crd :Sua Sponte.

Be the first to comment on "အရေးကြီးတဲ့သတင်းစကားဖြစ်လို့ ရှယ်ပါ .. ဒီရက်ပိုင်းအတွက်လူများများသိဘို့လိုအပ်…"

Leave a comment

Your email address will not be published.


*