ျမန္မာစံေတာ္ခ်ိန္ ၁၅:၃၀ နာရီအခ်ိန္ တိုင္းထြာခ်က္အရ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းနဲ႔ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္း၊ အီေကြတာအနီး အိႏၵိယသမုဒၵရာတို႔မွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းသည္ ဆက္လက္တည္ရွိေနၿပီး ေနာက္ ၄၈ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ ေရာက္ရွိႏိုင္တယ္လို႔ မိုးဇလက ခန႔္မွန္းထားပါတယ္။
ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔မွာ တိမ္အသင့္အတင့္မွ တိမ္ထူထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္မွာ တိမ္အနည္းငယ္မွ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါတယ္။
မနက္ျဖန္မနက္အထိ ခန႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ တနသၤာရီတိုင္း၊ ကခ်င္နဲ႔ ရွမ္းျပည္နယ္ (ေျမာက္ ပိုင္းနဲ႔ ေတာင္ပိုင္း) တို႔မွာ ေနရာကြက္က်ား မိုးအနည္းငယ္ထစ္ခ်ဳန္း႐ြာႏိုင္ၿပီး ႐ြာရန္ရာႏႈန္း ၆၀ ျဖစ္ပါတယ္။
ေနျပည္ေတာ္၊ မေကြးတိုင္းနဲ႔ ရခိုင္ျပည္နယ္တို႔မွာ အမ်ားအားျဖင့္ သာယာၿပီး က်န္တိုင္းနဲ႔ ျပည္နယ္တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းမယ္လို႔ ဆိုပါတယ္။
ျမန္မာ့ပင္လယ္ျပင္အေျခအေနကေတာ့ မုတၱမေကြ႕၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ တခါတရံ အေရွ႕ဘက္မွ ေလျပင္းမ်ားတိုက္ခတ္ၿပီး လႈိင္းအသင့္အတင့္မွ လႈိင္းႀကီးႏိုင္ၿပီး ၆ ေပမွ ၉ ေပခန္႔နဲ႔ ျမစ္ဝကြၽန္းေပၚ၊ ရခိုင္ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ ၃ ေပမွ ၅ ေပခန္႔ ရွိႏိုင္ပါတယ္။ ေရျပင္/ေျမျပင္ေလဟာ တစ္နာရီကို မိုင္ ၃၀ မွ ၃၅ မိုင္အထိ တိုက္ခတ္ႏိုင္ပါတယ္။
ေနာက္ ၂ ရက္အတြင္းမွာလည္း ျမန္မာႏိုင္ငံအေရွ႕ပိုင္းေဒသေတြမွာ ေနရာကြက္က်ား မိုးအနည္းငယ္ထစ္ခ်ဳန္း႐ြာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။
ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕နဲ႔ မႏၲေလးၿမိဳ႕တို႔နဲ႔ အနီးတဝိုက္မွာ မနက္ျဖန္မနက္အထိခန႔္မွန္းခ်က္အရ အမ်ားအားျဖင့္ သာယာမယ္လို႔ ဆိုပါတယ္။
————-
မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
မနက်ဖြန်မနက်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ် (မြောက် ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၆၀ ဖြစ်ပါတယ်။
နေပြည်တော်၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ ဆိုပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေကတော့ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး ၆ ပေမှ ၉ ပေခန့်နဲ့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၃ ပေမှ ၅ ပေခန့် ရှိနိုင်ပါတယ်။ ရေပြင်/မြေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ နေရာကွက်ကျား မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့နဲ့ အနီးတဝိုက်မှာ မနက်ဖြန်မနက်အထိခန့်မှန်းချက်အရ အများအားဖြင့် သာယာမယ်လို့ ဆိုပါတယ်။
Be the first to comment on "လေဖိအားနည်းရပ်ဝန်း ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်"