ဒီဇင္ဘာလအတြင္း ဘဂၤလားပင္လယ္ေအာ္မွာ မုန္တိုင္း (၂) ႀကိမ္ ျဖစ္ေပၚနိုင္ (မိုးဇလဌာန)၊ ဒီဇင္ဘာလအတြက္ မိုးေလဝသခန႔္မွန္းခ်က္
ဘဂၤလားပင္လယ္ေအာ္အေျခအေန – ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလဖိအားနည္းရပ္၀န္း (၂)ႀကိမ္ ျဖစ္ေပၚ နိုင္ၿပီး၊ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိနိုင္ပါသည္။ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းတြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းနိုင္ၿပီး၊ ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္ တို႔တြင္ တိမ္အသင့္အတင့္မွ တိမ္ထူထပ္နိုင္ပါသည္။
မိုးအေျခအေနႏွင့္ မိုးရြာရက္ – တနသၤာရီတိုင္းေဒသႀကီးတြင္ ရြာသြန္းျမဲထက္ ပိုနိုင္ၿပီး၊ ေနျပည္ေတာ္၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ကယားျပည္နယ္၊ ကရင္ျပည္ နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ရြာသြန္းျမဲေအာက္ ေလ်ာ့နည္းနိုင္ကာ၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ရြာသြန္းျမဲခန္႔ မိုးထစ္ခ်ဳန္းရြာနိုင္ပါသည္။
စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္းႏွင့္ေတာင္ပိုင္း)ႏွင့္ ခ်င္းျပည္နယ္တို႔တြင္ (၅)ရက္မွ (၈)ရက္ခန္႔ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသ ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၁)ရက္မွ (၄)ရက္ခန႔္ မိုးထစ္ခ်ဳန္းရြာနိုင္ ပါသည္။
ညအပူခ်ိန္ – ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာ၀တီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ဒီဇင္ဘာလ၏ ပ်မ္းမၽွအပူခ်ိန္ခန္႔သာ ရွိနိုင္ပါသည္။
ျမဴအေျခအေန – စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ႏွင့္ မြန္ ျပည္နယ္တို႔တြင္ (၁၆)ရက္မွ (၂၄)ရက္ခန္႔ႏွင့္ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္ႏွင့္ ကရင္ျပည္နယ္ တို႔တြင္ (၆)ရက္မွ (၁၄)ရက္ခန္႔ နံနက္ပိုင္းတြင္ ျမဴထူမ်ား ဆိုင္းနိုင္ပါသည္။
မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးဌာန
—————-
ဒီဇင်ဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း (၂) ကြိမ် ဖြစ်ပေါ်နိုင် (မိုးဇလဌာန)၊ ဒီဇင်ဘာလအတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အခြေအနေ – ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက် – တနင်္သာရီတိုင်းဒေသကြီးတွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် (၅)ရက်မှ (၈)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ရက်မှ (၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။
ညအပူချိန် – နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
မြူအခြေအနေ – စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် (၁၆)ရက်မှ (၂၄)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် (၆)ရက်မှ (၁၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနိုင်ပါသည်။
မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန
Be the first to comment on "ဒီဇင်ဘာလ အတွင်း မုန်တိုင်း (၂)ကြိမ် ဖြစ်ပေါ်နိုင်"