ကိုဗစ္၁၉ေၾကာင့္ ဘုရားေစတီေတြကို ဖူးေျမာ္ခြင့္ပိတ္ထားတဲ့အတြက္ လာမယ့္ တန္ေဆာင္မုန္းလျပည့္ေန႔မွာ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ က်င္းပမယ့္ အစီအစဥ္တစ္ခ်ိဳ႕ကို အမ်ားျပည္သူဖူးေျမာ္ႏိုင္ဖို႔ လူမႈကြန္ရက္ကေနသာ ထုတ္လႊင့္ႏိုင္မယ္လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕က သိရပါတယ္။
တန္ေဆာင္မုန္းလျပည့္ေန႔မတိုင္မီ ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ မသိုးသကၤန္းရက္လုပ္ၿပိဳင္ပြဲနဲ႔ တန္ေဆာင္မုန္းလျပည့္ေန႔ ကပ္လႉတဲ့အခမ္းအနားကိုလည္း ပုံစံေျပာင္းၿပီး ျပဳလုပ္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
” ဒီႏွစ္က ၂၉ရက္ေန႔က လျပည့္ေန႔ ၊ ပုံမွန္ဆို ၂၈ရက္ေန႔ဆို မသိုးသကၤန္းရက္ၿပိဳင္ၾကရမယ္။ ၿပီးရင္ဆုေပးပြဲလုပ္တယ္ ။ ၂၉ရက္မနက္ဆို အေစာႀကီးသကၤန္းကပ္ၾကမွာေပါ့။အခုေတာ့ ကိုဗစ္ေၾကာင့္ သကၤန္းကပ္မယ္ ဘုရားႀကီးကို ဒါေပမယ့္ သကၤန္းႀကီးေတြ အျပင္ကဝယ္ၿပီး ေသခ်ာကပ္မယ္။ အျပင္ လူေတြမပါေတာ့ဘူး ေဂါပကအဖြဲ႕ဝင္ေတြရယ္၊ဌာနမႉးေတြပဲ ပါမယ္။ ထိုင္တာလည္း စနစ္တက် သူ႔ေနရာနဲ႔သူ သတ္မွတ္ထားတယ္။ဆရာေတာ္ႀကီးေတြကို ကပ္မယ္။ၿပီးရင္ ဘုရားငါးဆူမွာ လိုက္ပူေဇာ္မယ္ ” လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕တာဝန္ရွိသူ ဦးသန္းေဇာ္က Duwun ကိုေျပာပါတယ္။
မသိုးသကၤန္းပြဲမက်င္းပႏိုင္ေပမယ့္ ဆီမီးထြန္းပူေဇာ္မႈျပဳလုပ္သြားမွာျဖစ္ၿပီး ဒီအစီအစဥ္ကိုေတာ့အမ်ားျပည္သူဖူးေျမာ္ႏိုင္ေအာင္ ေ႐ႊတိဂုံေစတီေတာ္ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန တိုက္႐ိုက္ထုတ္လႊင့္ေပးထားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
“ညက်ရင္ေတာ့ ဆီမီးပူေဇာ္မယ္။ဆီမီးကေတာ့ အားလုံးေပါင္း (၁၂,၀၀၀) ျဖစ္မယ္ ။ ၆နာရီခြဲေလာက္စမွာေပါ့။အဲဒီမွာ ျပည္သူေတြဖူးေမွ်ာ္ႏိုင္ဖို႔ Live လႊင့္ဖို႔ အစီအစဥ္လုပ္ေနတယ္။ Board of Trustee of Shwedagon Pagoda ကေန ေျခာက္နာရီခြဲေလာက္ကစၿပီး ၾကည့္လို႔ရမယ္ေပါ့ ။ ဆီမီးပူေဇာ္တာေတြ ႐ိုက္ျပမယ္ ။ ၿပီးရင္ အထက္ပစၥယံကို တက္မယ္ လိုက္ၿပီး ပူေဇာ္လို႔ရတာေပါ့။ ပတၱျမားမ်က္ရွင္မွာ ေနာက္ဆုံးဝင္ၿပီး ကန္ေတာ့မယ္ ေမတၱာပို႔ အမွ်ေဝမယ္။ တစ္နာရီခြဲေလာက္ေတာ့ အခ်ိန္ၾကာမယ္ အားလုံး။ဖူးျဖစ္ေအာင္ ဖူးၾကပါ ” လို႔ ေ႐ႊတိဂုံေစတီေတာ္ ေဂါပကအဖြဲ႕တာဝန္ရွိသူ ဦးသန္းေဇာ္က Duwun ကိုေျပာပါတယ္။လက္ရွိမွာေတာ့ ကိုဗစ္၁၉ေရာဂါအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံတစ္ဝန္းက တန္ခိုးႀကီးဘုရားေတြကို ဝင္ေရာက္ဖူးေျမာ္ခြင့္ ပိတ္ထားသလို မၾကာမီရက္ပိုင္းအတြင္းမွာေတာ့ ကိုဗစ္၁၉ကူးစက္မႈ အေျခအေနေပၚမူတည္ၿပီး ျပန္လည္ဖူးေျမာ္ခြင့္ေပးႏိုင္ဖို႔ ေဆာင္႐ြက္မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ျပည္သူသို႔ အစီရင္ခံတင္ျပတဲ့ မိန႔္ခြန္းမွာ ႏိုဝင္ဘာလ ၂၃ရက္က ေျပာၾကားခဲ့ပါတယ္။
————–
ကိုဗစ်၁၉ကြောင့် ဘုရားစေတီတွေကို ဖူးမြော်ခွင့်ပိတ်ထားတဲ့အတွက် လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့ ကျင်းပမယ့် အစီအစဉ်တစ်ချို့ကို အများပြည်သူဖူးမြော်နိုင်ဖို့ လူမှုကွန်ရက်ကနေသာ ထုတ်လွှင့်နိုင်မယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနဲ့ တန်ဆောင်မုန်းလပြည့်နေ့ ကပ်လှူတဲ့အခမ်းအနားကိုလည်း ပုံစံပြောင်းပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
” ဒီနှစ်က ၂၉ရက်နေ့က လပြည့်နေ့ ၊ ပုံမှန်ဆို ၂၈ရက်နေ့ဆို မသိုးသင်္ကန်းရက်ပြိုင်ကြရမယ်။ ပြီးရင်ဆုပေးပွဲလုပ်တယ် ။ ၂၉ရက်မနက်ဆို အစောကြီးသင်္ကန်းကပ်ကြမှာပေါ့။အခုတော့ ကိုဗစ်ကြောင့် သင်္ကန်းကပ်မယ် ဘုရားကြီးကို ဒါပေမယ့် သင်္ကန်းကြီးတွေ အပြင်ကဝယ်ပြီး သေချာကပ်မယ်။ အပြင် လူတွေမပါတော့ဘူး ဂေါပကအဖွဲ့ဝင်တွေရယ်၊ဌာနမှူးတွေပဲ ပါမယ်။ ထိုင်တာလည်း စနစ်တကျ သူ့နေရာနဲ့သူ သတ်မှတ်ထားတယ်။ဆရာတော်ကြီးတွေကို ကပ်မယ်။ပြီးရင် ဘုရားငါးဆူမှာ လိုက်ပူဇော်မယ် ” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။
မသိုးသင်္ကန်းပွဲမကျင်းပနိုင်ပေမယ့် ဆီမီးထွန်းပူဇော်မှုပြုလုပ်သွားမှာဖြစ်ပြီး ဒီအစီအစဉ်ကိုတော့အများပြည်သူဖူးမြော်နိုင်အောင် ရွှေတိဂုံစေတီတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ပေးထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
“ညကျရင်တော့ ဆီမီးပူဇော်မယ်။ဆီမီးကတော့ အားလုံးပေါင်း (၁၂,၀၀၀) ဖြစ်မယ် ။ ၆နာရီခွဲလောက်စမှာပေါ့။အဲဒီမှာ ပြည်သူတွေဖူးမျှော်နိုင်ဖို့ Live လွှင့်ဖို့ အစီအစဉ်လုပ်နေတယ်။ Board of Trustee of Shwedagon Pagoda ကနေ ခြောက်နာရီခွဲလောက်ကစပြီး ကြည့်လို့ရမယ်ပေါ့ ။ ဆီမီးပူဇော်တာတွေ ရိုက်ပြမယ် ။ ပြီးရင် အထက်ပစ္စယံကို တက်မယ် လိုက်ပြီး ပူဇော်လို့ရတာပေါ့။ ပတ္တမြားမျက်ရှင်မှာ နောက်ဆုံးဝင်ပြီး ကန်တော့မယ် မေတ္တာပို့ အမျှဝေမယ်။ တစ်နာရီခွဲလောက်တော့ အချိန်ကြာမယ် အားလုံး။ဖူးဖြစ်အောင် ဖူးကြပါ ” လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူ ဦးသန်းဇော်က Duwun ကိုပြောပါတယ်။လက်ရှိမှာတော့ ကိုဗစ်၁၉ရောဂါအခြေအနေကြောင့် မြန်မာနိုင်ငံတစ်ဝန်းက တန်ခိုးကြီးဘုရားတွေကို ဝင်ရောက်ဖူးမြော်ခွင့် ပိတ်ထားသလို မကြာမီရက်ပိုင်းအတွင်းမှာတော့ ကိုဗစ်၁၉ကူးစက်မှု အခြေအနေပေါ်မူတည်ပြီး ပြန်လည်ဖူးမြော်ခွင့်ပေးနိုင်ဖို့ ဆောင်ရွက်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ နိုဝင်ဘာလ ၂၃ရက်က ပြောကြားခဲ့ပါတယ်။
Be the first to comment on "ရွှေတိဂုံစေတီရဲ့ တန်ဆောင်မုန်းလပြည့်နေ့ အစီအစဉ်တွေကို အွန်လိုင်းကသာ ဖူးမြော်ရမည်"