မန္တလေးမှာ ရက်ပိုင်းအတွင်း ကိုဗစ်လူနာ ၃ ဆကျော်မြင့်တက်၊ မြို့တော်ဝန်ကြီး မေတ္တာရပ်ခံပြီ

မႏၲေလးၿမိဳ႕၌ ရက္ပိုင္းအတြင္း ကိုဗစ္ ေရာဂါ အတည္ျပဳလူနာ သုံးဆေက်ာ္ ျမင့္တက္လာေသာေၾကာင့္ ၿမိဳ႕သူ၊ၿမိဳ႕သားမ်ား အေနျဖင့္ တန္ေဆာင္တိုင္႐ုံးပိတ္ရက္ ကာလအတြင္း လည္ပတ္သြားလာျခင္းမ်ား မျပဳလုပ္ေစလိုေၾကာင္း မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေဖ့စ္ဘြတ္ခ္တြင္ ေရးသားလိုက္ပါတယ္။

မႏၲေလးၿမိဳ႕ေပၚ စည္ပင္နယ္နမိတ္ (၆)ၿမိဳ႕နယ္အတြင္း ႏိုဝင္ဘာ(၂)ရက္က ကိုဗစ္ အတည္ျပဳလူနာ (၄၈၈)ဦးသာ ရွိခဲ့ရာမွ ႏိုဝင္ဘာ (၂၇)ရက္တြင္ (၁၈၃၄)ဦး ရွိလာသျဖင့္ ရက္ပိုင္းအတြင္း သုံးဆေက်ာ္ ျမင့္တက္လာသည္ဟု ၎က ဆိုသည္။

ထို႔အျပင္ မႏၲေလးၿမိဳ၌ ကိုဗစ္ ေရာဂါ ကူးစက္ျဖစ္ပြားမႈႏႈန္း တိုးျမင့္လာသလို ေသဆုံးသူ အေရအတြက္လည္း မ်ားျပားလာေၾကာင္း၊ ICU (အထူးၾကပ္မတ္ ေစာင့္ေရွာက္မႈယူနစ္)၌ ထားရွိ၍ အထူးၾကပ္မတ္ ကုသေပးေနရေသာ လူနာအေရအတြက္ မ်ားလာသလို အသက္အ႐ြယ္မေ႐ြး ေရာဂါအခံ မရွိသူမ်ားပါ အဆုပ္ပ်က္စီးမႈမ်ား ေတြ႕လာရသည္ဟု မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ဆိုပါတယ္။

ထိုကဲ့သို႔ ေရာဂါျဖစ္ပြားမႈ ျမင့္တက္ေနျခင္းေၾကာင့္ တန္ေဆာင္တိုင္ကာလ ႐ုံးပိတ္ရက္မ်ားျဖစ္သည့္ ယေန႔ ႏိုဝင္ဘာ (၂၇)ရက္မွ ႏိုဝင္ဘာ (၃၀)ရက္အထိ ကာလအတြင္း အျခားၿမိဳ႕႐ြာ ေနရာေဒသမ်ားသို႔ သြားလာလည္ပတ္ပါက ေရာဂါျဖန္႔သည့္ သေဘာမ်ိဳး ျဖစ္ႏိုင္သလို အတူလည္ပတ္သူမ်ားႏွင့္ ထမင္းအတူ ဝိုင္းဖြဲ႕စားရာတြင္လည္း ေရာဂါကူးစက္ႏိုင္ျခင္းေၾကာင့္ သြားလာလည္ပတ္ျခင္းမ်ား မျပဳလုပ္ေစလိုေၾကာင္း ၿမိဳ႕ေတာ္ဝန္က ဆိုပါတယ္။

ကိုဗစ္ ေရာဂါ ကူးစက္ျပန္႔ပြားမႈ ကာကြယ္ ထိန္းခ်ဳပ္ႏိုင္ေရး အေရးႀကီးဆုံး အခ်က္သည္ ျပည္သူမ်ား Mask တပ္ၾကရန္ ျဖစ္ေၾကာင္း ၎က ေဖ့စ္ဘြတ္ခ္တြင္ ေရးသားထားပါတယ္။

မႏၲေလးၿမိဳ႕၌ ကား၊ဆိုင္ကယ္ စီးႏွင္းေမာင္းႏွင္သူမ်ား အေနျဖင့္ Mask တပ္ဆင္သည္ကို ေတြ႕ျမင္ရေသာ္လည္း ရပ္ကြက္အတြင္းရွိ ဝင္းႏွင့္ လမ္းသြယ္မ်ား၌ သြားလာရာတြင္ Mask တပ္ဆင္သူ နည္းပါးေၾကာင္း၊ ထို႔အျပင္ ေရာဂါကူးစက္ႏိုင္သည့္ သတိမမူမိေသာ အခ်က္မွာ ႐ုံး၊ လုပ္ငန္းခြင္၊ အလုပ္႐ုံ၊ အေဆာင္မ်ား၌ ထမင္းအတူ စားၾကရာမွတဆင့္ ကူးစက္ျခင္းျဖစ္ေၾကာင္း၊ ထမင္းအတူစားသည့္အခါ mask ခြၽတ္ထားရသျဖင့္ ကူးစက္ရန္ အခြင့္အလမ္း ပိုမ်ားသည္ဟု ၎က သတိေပးပါတယ္။

ထို႔အျပင္ အရက္ဝိုင္းဖြဲ႕ေသာက္ျခင္း၊ လက္ဘက္ရည္ အတူေသာက္ျခင္း၊ မယ္ဇလီးဖူးသုတ္ အတူစားျခင္း၊ ဝိုင္းဖြဲ႕စကားေျပာျခင္း စသည့္ mask ခြၽတ္၍ လုပ္ေဆာင္ရမည့္ အေရးကိစၥမ်ားကိုလည္း မျပဳလုပ္ၾကရန္ လိုအပ္ေၾကာင္း မႏၲေလးတိုင္း စည္ပင္သာယာေရး ဝန္ႀကီး၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က ေရးသားထားပါတယ္။

လူအမ်ား သြားလာရာ ေနရာမ်ားျဖစ္သည့္ ေဈးမ်ားတြင္ Mask တပ္ဆင္ၾကရန္ စည္းကမ္းမ်ား တင္းၾကပ္ထားသျဖင့္ mask တပ္ဆင္သူ မ်ားျပားလာသည့္အတြက္ ဆရာစံေဈး၊ ေယာမင္းႀကီးေဈး၊ ဘုရားႀကီးေဈး၊ ၄၁လမ္းေဈး၊ ၈၆လမ္း ပလက္ေဖာင္းေဈး၊ တံခြန္တိုင္ေဈးႏွင့္ မန္းရတနာေဈးတို႔တြင္ ေရာဂါပိုးကူးစက္ခံရသူမ်ား ေတြ႕ရွိခဲ့ေသာ္လည္း ေရာဂါျပန္႔ပြားမႈ မရွိေအာင္ အခ်ိန္မွီ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

“အခုလို ၂၄ ရက္အတြင္း သုံးဆေက်ာ္ မ်ားလာတာနဲ႔၊ ျဖစ္ပြားမႈႏႈန္း တန္႔မသြားေသးတာ မႏၲေလးသားေတြအတြက္ အထူးသတိထားၾကဖို႔ ထိုးလိုက္တဲ့ ေခါင္းေလာင္းသံပါ” ဟု ၎က ေဖ့စ္ဘြတ္ခ္တြင္ ေရးသားထားပါတယ္။

————–

မန္တလေးမြို့၌ ရက်ပိုင်းအတွင်း ကိုဗစ် ရောဂါ အတည်ပြုလူနာ သုံးဆကျော် မြင့်တက်လာသောကြောင့် မြို့သူ၊မြို့သားများ အနေဖြင့် တန်ဆောင်တိုင်ရုံးပိတ်ရက် ကာလအတွင်း လည်ပတ်သွားလာခြင်းများ မပြုလုပ်စေလိုကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားလိုက်ပါတယ်။

မန္တလေးမြို့ပေါ် စည်ပင်နယ်နမိတ် (၆)မြို့နယ်အတွင်း နိုဝင်ဘာ(၂)ရက်က ကိုဗစ် အတည်ပြုလူနာ (၄၈၈)ဦးသာ ရှိခဲ့ရာမှ နိုဝင်ဘာ (၂၇)ရက်တွင် (၁၈၃၄)ဦး ရှိလာသဖြင့် ရက်ပိုင်းအတွင်း သုံးဆကျော် မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် မန္တလေးမြို၌ ကိုဗစ် ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း တိုးမြင့်လာသလို သေဆုံးသူ အရေအတွက်လည်း များပြားလာကြောင်း၊ ICU (အထူးကြပ်မတ် စောင့်ရှောက်မှုယူနစ်)၌ ထားရှိ၍ အထူးကြပ်မတ် ကုသပေးနေရသော လူနာအရေအတွက် များလာသလို အသက်အရွယ်မရွေး ရောဂါအခံ မရှိသူများပါ အဆုပ်ပျက်စီးမှုများ တွေ့လာရသည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုပါတယ်။

ထိုကဲ့သို့ ရောဂါဖြစ်ပွားမှု မြင့်တက်နေခြင်းကြောင့် တန်ဆောင်တိုင်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ယနေ့ နိုဝင်ဘာ (၂၇)ရက်မှ နိုဝင်ဘာ (၃၀)ရက်အထိ ကာလအတွင်း အခြားမြို့ရွာ နေရာဒေသများသို့ သွားလာလည်ပတ်ပါက ရောဂါဖြန့်သည့် သဘောမျိုး ဖြစ်နိုင်သလို အတူလည်ပတ်သူများနှင့် ထမင်းအတူ ဝိုင်းဖွဲ့စားရာတွင်လည်း ရောဂါကူးစက်နိုင်ခြင်းကြောင့် သွားလာလည်ပတ်ခြင်းများ မပြုလုပ်စေလိုကြောင်း မြို့တော်ဝန်က ဆိုပါတယ်။

ကိုဗစ် ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေး အရေးကြီးဆုံး အချက်သည် ပြည်သူများ Mask တပ်ကြရန် ဖြစ်ကြောင်း ၎င်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားပါတယ်။

မန္တလေးမြို့၌ ကား၊ဆိုင်ကယ် စီးနှင်းမောင်းနှင်သူများ အနေဖြင့် Mask တပ်ဆင်သည်ကို တွေ့မြင်ရသော်လည်း ရပ်ကွက်အတွင်းရှိ ဝင်းနှင့် လမ်းသွယ်များ၌ သွားလာရာတွင် Mask တပ်ဆင်သူ နည်းပါးကြောင်း၊ ထို့အပြင် ရောဂါကူးစက်နိုင်သည့် သတိမမူမိသော အချက်မှာ ရုံး၊ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ အဆောင်များ၌ ထမင်းအတူ စားကြရာမှတဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ထမင်းအတူစားသည့်အခါ mask ချွတ်ထားရသဖြင့် ကူးစက်ရန် အခွင့်အလမ်း ပိုများသည်ဟု ၎င်းက သတိပေးပါတယ်။

ထို့အပြင် အရက်ဝိုင်းဖွဲ့သောက်ခြင်း၊ လက်ဘက်ရည် အတူသောက်ခြင်း၊ မယ်ဇလီးဖူးသုတ် အတူစားခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်း စသည့် mask ချွတ်၍ လုပ်ဆောင်ရမည့် အရေးကိစ္စများကိုလည်း မပြုလုပ်ကြရန် လိုအပ်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီး၊ မြို့တော်ဝန် ဒေါက်တာရဲလွင်က ရေးသားထားပါတယ်။

လူအများ သွားလာရာ နေရာများဖြစ်သည့် ဈေးများတွင် Mask တပ်ဆင်ကြရန် စည်းကမ်းများ တင်းကြပ်ထားသဖြင့် mask တပ်ဆင်သူ များပြားလာသည့်အတွက် ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၄၁လမ်းဈေး၊ ၈၆လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေးနှင့် မန်းရတနာဈေးတို့တွင် ရောဂါပိုးကူးစက်ခံရသူများ တွေ့ရှိခဲ့သော်လည်း ရောဂါပြန့်ပွားမှု မရှိအောင် အချိန်မှီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အခုလို ၂၄ ရက်အတွင်း သုံးဆကျော် များလာတာနဲ့၊ ဖြစ်ပွားမှုနှုန်း တန့်မသွားသေးတာ မန္တလေးသားတွေအတွက် အထူးသတိထားကြဖို့ ထိုးလိုက်တဲ့ ခေါင်းလောင်းသံပါ” ဟု ၎င်းက ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားပါတယ်။

Be the first to comment on "မန္တလေးမှာ ရက်ပိုင်းအတွင်း ကိုဗစ်လူနာ ၃ ဆကျော်မြင့်တက်၊ မြို့တော်ဝန်ကြီး မေတ္တာရပ်ခံပြီ"

Leave a comment

Your email address will not be published.


*