အောက်ဆုံးတွင် ဗီဒီယိုဖိုင်ကို တင်ပေးထားပါသည်။
————
ခဏတွေ့တဲ့အချိန်မှာလေးမှာတောင် အတွဲညီကာ အခွီတွေကပြထားတဲ့ မြင့်မြတ်၊Kညီနဲ့ ခေးဆက်သွင်တို့ရဲ့ Tik Tok ဗီဒီယိုလေး
ပရိသတ်ကြီးရေ……ပီပြင်ပြီးသဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေအပြင် ပျော်ပျော်နေတတ်တဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေသည်းသည်းလှုပ်ချစ်နေရတဲ့ အနုပညာရှင်တွေဖြစ်တဲ့ မြင့်မြတ်၊ Kညီ နဲ့ ခေးဆက်သွင်တို့ကိုသိကြမယ်ထင်ပါတယ်နော်။ အောင်မြင်မှုတွေ အသီးသီးရရှိပိုင်ဆိုင်ထားကြတဲ့ သူတို့သုံးယောက်လုံးဟာဆိုရင် အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပြီး အခုအခါမှာ ကြော်ငြာအတူတူရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။
မြင့်မြတ်၊ Kညီနဲ့ ခေးဆက်သွင်တို့သုံးယောက်လုံးဟာ ပျော်ပျော်နေတတ်ကြတဲ့သူတွေဖြစ်တဲ့အပြင် ဝါရင့်သရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ မြင့်မြတ်နဲ့ Kညီတို့ကလည်း ခေးဆက်သွင်ကိုလက်တွဲခေါ်ယူကာ အတွဲညီညီနဲ့ ကြော်ငြာရိုက်ကူးနေကြတာလည်း တွေ့ရပါတယ်နော်။ အခုဆိုရင်လည်း သူတို့သုံးယောက်လုံးဟာ ရှုတင်ခနနားတုန်းအချိန်လေးကို အခွီတွေလုပ်ကြကာ Tik tokဆော့နေကြတာလည်းဖြစ်ပါတယ်
အတွဲညီညီနဲ့ အခွီတွေလုပ်နေကြတဲ့ Tik tokဗီဒီယိုလေးကို ခေးဆက်သွင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ “VeVe ကြော်ငြာလေးရိုက်ရင်းမောင်နှမတွေ အကတစ်လိုင်း” ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ရဲ့ Tik tokလေးကြည့်ပြီး ပျော်ရွှင်ကြမယ်ထင်ပါတယ်။ ကဲ…..ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Khay Satt Thwin
Be the first to comment on "ခဏတွေ့တဲ့အချိန်မှာလေးမှာပဲ အတွဲညီညီ အခွီတွေ ကပြထားတဲ့ မြင့်မြတ်၊Kညီနဲ့ ခေးဆက်သွင်တို့ရဲ့ TIK TOK ဗီဒီယို"