ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူတွေ သိပ်မသိသေးတဲ့ သမိုင်းကြောင်းတခု






————-

အိုး ဗျာ တစ်ကယ်ကြီး ကြည့်ကြစမ်းပါဗျာ ဂုဏ်ယူစရာကောင်းသောမြန်မာပါလား

အမေစု..ကမ္ဘာ့ကုလသမဂ္ဂမှာ အတွင်းရေးမှုး တာဝန် တစ်နေရာထမ်းဆောင်ခဲ့စဉ်က ကဒ်ပြားပါ…. မမြင်ဖူးသေးသူများအတွက်တင်ပေး လိုက်တာပါ …

ကုလသမဂ္ဂရဲ့ ဘတ်ဂျက်ရေးရာ စီမံခန့်ခွဲဌာနမှာ လုပ်ခဲ့တာလို့ အချက်အလက်တွေ ဖတ်ခဲ့ရပါတယ် … ဦးသန့် .. အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် ကာလမှာ ၃ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့တာလို့ သိရပါတယ်။

ထိုစဉ်က အမေစု အသက် ၂၇ နှစ်အရွယ်ဖြစ်ပါတယ် (ယခုပို့စ်နဲ့ ပါတ်သက်ပြီး အမေစုဟာ ကမ္ဘာ့ကုလသမဂ္ဂဌာနမှာ အတွင်းရေးမှုး တစ်နေရာတာဝန် ထမ်းဆောင်ခဲ့ဖူးတာကို တချို့က မယုံကြည်ကြတဲ့အတွက်လှောင်ပြောင်ကြ ပါတယ် ။ အမေစုတာဝန်ထမ်းဆောင်စဉ်ကာလမှာ မြန်မာနိုင်ငံသား ဦးသန့်က ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှုးချုပ်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်ကြီးမှာ ဌာနအလိုက် အတွင်းရေးမှုးတာဝန် နေရာတွေအများကြီးရှိပါတယ် ။အဲဒီအများကြီးထဲကမှ ကုလသမဂ္ဂရဲ့ ဘတ်ဂျက်ရေးရာစီမံခန့်ခွဲမှုဌာနမှာ အမေစုတာဝန်ထမ်းဆောင်ခဲ့တာပါ ။ ဦးသန့်က အဲဒီအတွင်းရေးမှုး အားလုံးရဲ့အကြီးအမှုးဖြစ်တဲ့ အတွင်းရေးမှုးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်)

Saw Bandar

Be the first to comment on "ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူတွေ သိပ်မသိသေးတဲ့ သမိုင်းကြောင်းတခု"

Leave a comment

Your email address will not be published.


*