ဗီယက်နမ်ရဲ့ ရာသီစာ အထူးဟင်းလျာ အဖြစ် နာ မည်ကြီးတဲ့ ပင်လယ် တီကောင်ကြော် အကြောင်းတစေ့တစောင်း

ဗီယက္နမ္ရဲ႕ ရာသီစာ အထူးဟင္းလ်ာ အျဖစ္ နာ မည္ႀကီးတဲ့ ပင္လယ္ တီေကာင္ေၾကာ္ အေၾကာင္းတေစ့တေစာင္း……….. ( ျမန္မာျပည္က ပုရစ္ေႀကာ္လုိပဲတဲ့ လူႀကိဳက္မ်ားလုိ့ ေစ်းႀကီးတာပါဆုိတဲ့ တီေကာင္ေႀကာ္….)

ဗီယက္နမ္ရဲ႕ အထူးစပယ္ရွယ္ ဟင္းလ်ာ တစ္မ်ိဳ ရဲ႕ အေၾကာင္းကို စာဖတ္သူေတြ အတြက္ ေဝမွ် ေပး ခ်င္ပါတယ္။ ဒီဟင္းလ်ာ ကို ေတာ့ Chả rươi လို႔ ေခၚ ပါတယ္။ သူ႔ကိုေတာ့ အရွည္ ႏွစ္လက္မ ေလာက္ရွိတဲ့ ပင္လယ္ တီေကာင္ေတြ နဲ႔ဖန္တီး ထားတာပါ။

ဒီပင္လယ္ တီေကာင္ ေတြကို ၾကက္ဥနဲ႔ ေမႊေၾကာ္လုပ္တာ ျဖစ္ၿပီး sand worm omelet လို႔လည္း ေခၚ ၾကပါတယ္။ အရ သာက ေတာ့ ငါးဥ ဆားနယ္လို အရသာ မ်ိဳးလို႔ စားဖူးသူ တစ္ခ်ိဳ႕ကေတာ့ ေျပာပါတယ္။

ထူးျခားတဲ့ ဒီဟင္းလ်ာ အ ေၾကာင္းကိုေတာ့ oddity cen tral မွာ ေဖာ္ျပ ထားပါတယ္။ ဒီဟင္းလ်ာက ရာ သီစာ ဟင္းလ်ာ မ်ိဳးပါ။ ျမန္မာႏိုင္ငံက ပုရစ္ ေၾကာ္လို မ်ိဳးပါ။ ေပၚတဲ့ အခ်ိန္ သူ႔ရာသီ ေရာက္မွ ေပါေပါ မ်ားမ်ား လတ္လတ္ ဆတ္ဆတ္ စားရတာပါ။

ဗီယက္နမ္ ေျမာက္ပိုင္းက လမ္းေဘးဆို င္ ေတြ အထူးသျဖင့္ ဟႏြိဳင္းၿမိဳ႕က ဆိုင္ေလး ေတြမွာ ဆိုရင္ ေဆာင္းဦးဝင္ ၿပီ ဆိုတာနဲ႔ ရႏိုင္ပါၿပီ။ၾကည့္လိုက္ရင္ေတာ့ သာမန္ပဲလို႔ ထင္ရ ေပမယ့္ အထဲမွာ ထည့္ထားတဲ့ ဟင္းခတ္ ပစၥည္းေတြက အမ်ားႀကီးပါ။

ပင္လယ္တီေကာင္ ေတြကို ၾကက္ဥရယ္ ဟင္းခတ္ အေမႊးအႀကိဳက္ အပ င္ေတြ အမ်ားႀကီးကို သမေအာင္ ေရာေမႊၿပီေတာ့ ေၾကာ္ ထားရတာပါ။ ပုံမွန္အားျဖင့္ ပါဝင္တဲ့ပစၥ ည္းေတြကို အေသးစိတ္ ေျပာရမယ္ ဆိုရင္ေတာ့ၾကက္ဥ ၾကက္သြန္နီ လိေမၼာ္ခြံ စၿမိတ္ပင္ င႐ုတ္ သီးတို႔ပါ။

အဲ့ဒါေတြကို ေရာေမႊၿပီးမွ ႏွစ္လက္မ အ႐ြယ္ အစားရွိတဲ့ ပင္လယ္တီေကာင္ ေတြကို ထ ည့္ခ်က္ တာပါ။ ပင္လယ္တီေကာင္ ေတြက ေႏြကုန္လို႔ ေဆာင္းဝင္ၿပီဆိုမွ အလြယ္တကူေတြ႕ႏိုင္ရႏိုင္တာပါ။

ပစိဖိတ္ သမုဒၵရာ တစ္ေလ်ာက္မွာ ရွိတဲ့ ႏိုင္ငံေတာ္ေတာ္ မ်ားမ်ား ဥပမာ- တ႐ုတ္ ဂ်ပန္ အင္ဒိုနီးရွား .. တို႔မွာ Palolo sand worm ေတြ ရွိပါတယ္။ ေၾကာ္စားတာ အျပင္ ဖုတ္စားတာ၊အရွင္လတ္ စားတာ မ်ိဳး ေတြ ေတာင္ ရွိၾကပါတယ္။

ဘာလို႔ ရာသီစာ ျဖစ္ၿပီး တစ္ႏွစ္ ပတ္ လုံးမွာ ေဆာင္း က် မွ ရႏိုင္ရတာလဲ ဆိုရင္ေတာ့အေၾကာင္းအရင္း ရွိပါတယ္။ သူတို႔က အဲ့ဒီအ ခ်ိန္ ေရာက္ရင္ မိတ္လိုက္ မ်ိဳးပြား ဖို႔ အတြက္ အုပ္စု ကေနခြဲ ထြက္လာၿပီး အေပၚ ကို တက္လာၾကတာပါ။

သမုဒၵ ရာရဲ႕ ေအာက္ေျခ မွာ ေနၾကတာပါ။ လူေတြက သူတို႔ကို စားသုံးတဲ့ အတြက္ အေကာင္ အေရတြက္ နည္းပါးလာ မွာကို ေတာ့ စိတ္ပူ စရာ မလိုပါဘူး။ ရာစုႏွစ္ေပါင္း မ်ားစြာ တုန္းက ေတာ့ ဘယ္အခ်ိန္ အေပၚ တက္လာမွန္းမသိတဲ့ အေကာင္ေတြကို ငါးဖမ္းသမားေတြ လ ယ္ သမားေတြ က ေစာင့္ဖမ္း ခဲ့ ၾကပါတယ္။

ပိုက္ ကြန္ေတြ၊ လက္ဗလာ နဲ႔ ဒီအတိုင္း ဖမ္းၾကတာပါ။ဒီကေန႔မွာေတာ့ ဗီယက္နမ္က လယ္သမား ေတြက႐ႊံ႕ႏြံ႕ ေတြထဲမွာ ရွင္သန္ႏိုင္တဲ့ ပင္လယ္တီေကာင္ေတြ ကို သူတို႔ရဲ႕ ကန္ေတြ၊ လယ္ကြင္းေတြထဲမွာ ေမြးျမဴ လာၾကပါတယ္။

အစကေတာ့ ဟင္းခ်က္ စားဖို႔ ေလာက္ပဲ ေမြးျမဴ ခဲ့ေပမယ့္ အ ခုက ေတာ့ ဗီယက္ နမ္ နဲ႔ တ႐ုတ္တို႔ မွာ ဒီအေကာ င္ေတြက နာမည္ႀကီး လာ၊ ေဈးေကာင္းရ လာတဲ့အတြက္ အက်ိဳးအျမတ္ အတြက္ပါ ေမြးျမဴေရာ င္းခ်လာ ၾကပါတယ္။

ဒီအေကာင္ေတြကို ခ်က္ ျပဳတ္ စားေသာက္မယ္ ဆိုရင္ေတာ့ အရင္ဆုံး သူတို႔ကို ျပဳတ္ၿပီး သူတို႔ရဲ႕လက္ (ျပည္ႀကီး ငါး ေရဘဝဲတို႔လို လက္ပြားေတြ) ကို ဖယ္ရွား၊ ညႇီနံ႔ေပ်ာက္ေအာင္ လုပ္ရပါတယ္။ ၿပီးမွ အေပၚမွာ ေျပာခဲ့သလိုပဲ ဟင္းခတ္ အေမႊး အႀကိဳင္ေတြနဲ႔ ေရေႏွာ ခ်က္ျပဳတ္ရတာပါ။ အရသာက ေတာ့ ႀကိဳက္တဲ့သူ အတြက္ ေကာင္းေပမယ့္ မႀကိဳက္ရင္ေတာ့ နည္းနည္းျပင္း ေနႏိုင္ပါတယ္။

———-

ဗီယက်နမ်ရဲ့ ရာသီစာ အထူးဟင်းလျာ အဖြစ် နာ မည်ကြီးတဲ့ ပင်လယ် တီကောင်ကြော် အကြောင်းတစေ့တစောင်း……….. ( မြန်မာပြည်က ပုရစ်ကြော်လိုပဲတဲ့ လူကြိုက်များလို့ ဈေးကြီးတာပါဆိုတဲ့ တီကောင်ကြော်….)

ဗီယက်နမ်ရဲ့ အထူးစပယ်ရှယ် ဟင်းလျာ တစ်မျို ရဲ့ အကြောင်းကို စာဖတ်သူတွေ အတွက် ဝေမျှ ပေး ချင်ပါတယ်။ ဒီဟင်းလျာ ကို တော့ Chả rươi လို့ ခေါ် ပါတယ်။ သူ့ကိုတော့ အရှည် နှစ်လက်မ လောက်ရှိတဲ့ ပင်လယ် တီကောင်တွေ နဲ့ဖန်တီး ထားတာပါ။

ဒီပင်လယ် တီကောင် တွေကို ကြက်ဥနဲ့ မွှေကြော်လုပ်တာ ဖြစ်ပြီး sand worm omelet လို့လည်း ခေါ် ကြပါတယ်။ အရ သာက တော့ ငါးဥ ဆားနယ်လို အရသာ မျိုးလို့ စားဖူးသူ တစ်ချို့ကတော့ ပြောပါတယ်။

ထူးခြားတဲ့ ဒီဟင်းလျာ အ ကြောင်းကိုတော့ oddity cen tral မှာ ဖော်ပြ ထားပါတယ်။ ဒီဟင်းလျာက ရာ သီစာ ဟင်းလျာ မျိုးပါ။ မြန်မာနိုင်ငံက ပုရစ် ကြော်လို မျိုးပါ။ ပေါ်တဲ့ အချိန် သူ့ရာသီ ရောက်မှ ပေါပေါ များများ လတ်လတ် ဆတ်ဆတ် စားရတာပါ။

ဗီယက်နမ် မြောက်ပိုင်းက လမ်းဘေးဆို င် တွေ အထူးသဖြင့် ဟနွိုင်းမြို့က ဆိုင်လေး တွေမှာ ဆိုရင် ဆောင်းဦးဝင် ပြီ ဆိုတာနဲ့ ရနိုင်ပါပြီ။ကြည့်လိုက်ရင်တော့ သာမန်ပဲလို့ ထင်ရ ပေမယ့် အထဲမှာ ထည့်ထားတဲ့ ဟင်းခတ် ပစ္စည်းတွေက အများကြီးပါ။

ပင်လယ်တီကောင် တွေကို ကြက်ဥရယ် ဟင်းခတ် အမွှေးအကြိုက် အပ င်တွေ အများကြီးကို သမအောင် ရောမွှေပြီတော့ ကြော် ထားရတာပါ။ ပုံမှန်အားဖြင့် ပါဝင်တဲ့ပစ္စ ည်းတွေကို အသေးစိတ် ပြောရမယ် ဆိုရင်တော့ကြက်ဥ ကြက်သွန်နီ လိမ္မော်ခွံ စမြိတ်ပင် ငရုတ် သီးတို့ပါ။

အဲ့ဒါတွေကို ရောမွှေပြီးမှ နှစ်လက်မ အရွယ် အစားရှိတဲ့ ပင်လယ်တီကောင် တွေကို ထ ည့်ချက် တာပါ။ ပင်လယ်တီကောင် တွေက နွေကုန်လို့ ဆောင်းဝင်ပြီဆိုမှ အလွယ်တကူတွေ့နိုင်ရနိုင်တာပါ။

ပစိဖိတ် သမုဒ္ဒရာ တစ်လျောက်မှာ ရှိတဲ့ နိုင်ငံတော်တော် များများ ဥပမာ- တရုတ် ဂျပန် အင်ဒိုနီးရှား .. တို့မှာ Palolo sand worm တွေ ရှိပါတယ်။ ကြော်စားတာ အပြင် ဖုတ်စားတာ၊အရှင်လတ် စားတာ မျိုး တွေ တောင် ရှိကြပါတယ်။

ဘာလို့ ရာသီစာ ဖြစ်ပြီး တစ်နှစ် ပတ် လုံးမှာ ဆောင်း ကျ မှ ရနိုင်ရတာလဲ ဆိုရင်တော့အကြောင်းအရင်း ရှိပါတယ်။ သူတို့က အဲ့ဒီအ ချိန် ရောက်ရင် မိတ်လိုက် မျိုးပွား ဖို့ အတွက် အုပ်စု ကနေခွဲ ထွက်လာပြီး အပေါ် ကို တက်လာကြတာပါ။

သမုဒ္ဒ ရာရဲ့ အောက်ခြေ မှာ နေကြတာပါ။ လူတွေက သူတို့ကို စားသုံးတဲ့ အတွက် အကောင် အရေတွက် နည်းပါးလာ မှာကို တော့ စိတ်ပူ စရာ မလိုပါဘူး။ ရာစုနှစ်ပေါင်း များစွာ တုန်းက တော့ ဘယ်အချိန် အပေါ် တက်လာမှန်းမသိတဲ့ အကောင်တွေကို ငါးဖမ်းသမားတွေ လ ယ် သမားတွေ က စောင့်ဖမ်း ခဲ့ ကြပါတယ်။

ပိုက် ကွန်တွေ၊ လက်ဗလာ နဲ့ ဒီအတိုင်း ဖမ်းကြတာပါ။ဒီကနေ့မှာတော့ ဗီယက်နမ်က လယ်သမား တွေကရွှံ့နွံ့ တွေထဲမှာ ရှင်သန်နိုင်တဲ့ ပင်လယ်တီကောင်တွေ ကို သူတို့ရဲ့ ကန်တွေ၊ လယ်ကွင်းတွေထဲမှာ မွေးမြူ လာကြပါတယ်။

အစကတော့ ဟင်းချက် စားဖို့ လောက်ပဲ မွေးမြူ ခဲ့ပေမယ့် အ ခုက တော့ ဗီယက် နမ် နဲ့ တရုတ်တို့ မှာ ဒီအကော င်တွေက နာမည်ကြီး လာ၊ ဈေးကောင်းရ လာတဲ့အတွက် အကျိုးအမြတ် အတွက်ပါ မွေးမြူရော င်းချလာ ကြပါတယ်။

ဒီအကောင်တွေကို ချက် ပြုတ် စားသောက်မယ် ဆိုရင်တော့ အရင်ဆုံး သူတို့ကို ပြုတ်ပြီး သူတို့ရဲ့လက် (ပြည်ကြီး ငါး ရေဘဝဲတို့လို လက်ပွားတွေ) ကို ဖယ်ရှား၊ ညှီနံ့ပျောက်အောင် လုပ်ရပါတယ်။ ပြီးမှ အပေါ်မှာ ပြောခဲ့သလိုပဲ ဟင်းခတ် အမွှေး အကြိုင်တွေနဲ့ ရေနှော ချက်ပြုတ်ရတာပါ။ အရသာက တော့ ကြိုက်တဲ့သူ အတွက် ကောင်းပေမယ့် မကြိုက်ရင်တော့ နည်းနည်းပြင်း နေနိုင်ပါတယ်။

CRD_jeeptoo

Be the first to comment on "ဗီယက်နမ်ရဲ့ ရာသီစာ အထူးဟင်းလျာ အဖြစ် နာ မည်ကြီးတဲ့ ပင်လယ် တီကောင်ကြော် အကြောင်းတစေ့တစောင်း"

Leave a comment

Your email address will not be published.


*