ဘတ်စကားမှတ်တိုင်မှာ စောင့်နေတုန်း ဖုန်းဝင်လုတာပါ

ဘတ္စကားမွတ္တိုင္မွာ ေစာင့္ေနတုန္း ဖုန္းဝင္လုတာတဲ့ (လူေတြ ဒီေလာက္ေတာင္ ျဖစ္ေနၾကၿပီလား)

ဒီေန႔ မနက္ ၉:၃၀ ေလာက္ႀကီး ၾကည့္ျမင္တိုင္ေဈးေဟာင္းမွတ္တိုင္မွာ သူငယ္ခ်င္း ၂ ေယာက္ ကားေစာင့္ေနရင္း ကိုယ္က ကားလာတာကို ၾကည့္ , သူငယ္ခ်င္းက ဖုန္းသုံးေနရင္း အဘြားႀကီးတစ္ေယာက္ ေရာက္လာၿပီး ဖုန္းေပးဆိုၿပီး ေတာင္းတယ္။

ၿပီးေတာ့ ဖုန္းကိုစလုတယ္။ သူငယ္ခ်င္းကလည္း ထိုင္ရာကေနထ ေတာက္ေခါက္ၿပီး ေျပာဆိုေနတုန္းမွာ ကိုယ္က ထီးက်ေနတယ္ ေကာက္လိုက္အုံးဆိုေတာ့ အဲ့ဘြားေတာ္ က ကိုယ္ေတြထီးကို နင္းထားတာ ျပန္မေပးဘူး ။ ကိုယ္လည္း ေဒါသထြက္ၿပီး ေဆာင့္ကန္ၿပီး ထီးကို ျပန္ယူလိုက္တယ္။

အဲ့ဘြားေတာ္လည္း သူ႔ဆလာအိတ္ႀကီး လြယ္ၿပီး ကိုယ္ေတြကို လွည့္ၾကည့္ လွည့္ၾကည့္နဲ႔ ထြက္သြားတယ္ ၊ကိုယ္ေတြ စီးမယ့္ ကားလာလို႔ ကားေပၚတက္ခါနီး အဲ့ ဘြားေတာ္က ျပန္ေျပးလိုက္လာၿပီး ကိုယ့္လက္ထဲမွာ ကိုင္းထားတာက ဒံေပါက္နဲ႔ အကၤ်ီကို ထပ္လုေတာ့တာပဲ။

ကိုယ္က ကားေပၚတက္ေနတုန္း ဒံေပါက္ထုပ္ကို ေအာက္က လိုက္လုတယ္။ မရေတာ့ အကၤ်ီကို အတင္းလုတယ္။ ကိုယ္လယ္း ေတာ္ေတာ္ ေဒါသထြက္လာတာနဲ႔ ေစာင့္ဆြဲလိုက္တယ္။ ကားက ထြက္သြားလို႔ မဟုတ္ရင္ အဲ့ဘြားေတာ္ ကို သြားရိုက္ပစ္မွာ ေတာ္ေတာ္ေဒါသထြက္တယ္။

သူမ်ားပစၥည္းကို အေခ်ာင္လိုခ်င္ေနတာ ကားဂိတ္ မွာ ကိုယ္ေတြ ၂ ေယာက္ထဲ မဟုတ္ဘူးေနာ္ လူ ၅ ေယာက္ ၆ ေယာက္ေလာက္ရွိတာ တစ္ေယာက္မွ မကူညီပါဘူးေတာ္ ၾကည့္ေကာင္းေကာင္း နဲ႔ ၾကည့္ေနက်တယ္ ။ တစ္ခါတစ္ေလ ေလး Bus ကားစီးမိပါတယ္ အလုခံရတဲ့ အျဖစ္နဲ႔ၾကဳံရတယ္လို႔။

အျမဲတမ္း Bus ေစာင့္စီးတဲ့ မိန္းကေလးေတြ ဂ႐ုစိုက္က်ပါ။ ညေနဘက္, ညဘက္ေတြ မွတ္တိုင္မွာ တစ္ေယာက္ထဲျဖစ္ေနရင္ ပိုၿပီးသတိရွိက်ပါ။ တကယ္တမ္း ျဖစ္ရင္ ဘယ္သူမွ ကိုယ့္ကို မကူညီပါဘူးေနာ္ ကိုယ့္လက္နဲ႔ ကိုယ့္ေျခသာ အားကိုးပါ။ ကိုယ့္ကို လာထိရင္ ျပန္သာ လုပ္ , ရွက္ၿပီး ၿငိမ္ခံေနရင္ေတာ့ ပစၥည္းပါမွာပဲ။

Laurel Nann

———–

ဘတ်စကားမှတ်တိုင်မှာ စောင့်နေတုန်း ဖုန်းဝင်လုတာတဲ့ (လူတွေ ဒီလောက်တောင် ဖြစ်နေကြပြီလား)

ဒီနေ့ မနက် ၉:၃၀ လောက်ကြီး ကြည့်မြင်တိုင်ဈေးဟောင်းမှတ်တိုင်မှာ သူငယ်ချင်း ၂ ယောက် ကားစောင့်နေရင်း ကိုယ်က ကားလာတာကို ကြည့် , သူငယ်ချင်းက ဖုန်းသုံးနေရင်း အဘွားကြီးတစ်ယောက် ရောက်လာပြီး ဖုန်းပေးဆိုပြီး တောင်းတယ်။

ပြီးတော့ ဖုန်းကိုစလုတယ်။ သူငယ်ချင်းကလည်း ထိုင်ရာကနေထ တောက်ခေါက်ပြီး ပြောဆိုနေတုန်းမှာ ကိုယ်က ထီးကျနေတယ် ကောက်လိုက်အုံးဆိုတော့ အဲ့ဘွားတော် က ကိုယ်တွေထီးကို နင်းထားတာ ပြန်မပေးဘူး ။ ကိုယ်လည်း ဒေါသထွက်ပြီး ဆောင့်ကန်ပြီး ထီးကို ပြန်ယူလိုက်တယ်။

အဲ့ဘွားတော်လည်း သူ့ဆလာအိတ်ကြီး လွယ်ပြီး ကိုယ်တွေကို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားတယ် ၊ကိုယ်တွေ စီးမယ့် ကားလာလို့ ကားပေါ်တက်ခါနီး အဲ့ ဘွားတော်က ပြန်ပြေးလိုက်လာပြီး ကိုယ့်လက်ထဲမှာ ကိုင်းထားတာက ဒံပေါက်နဲ့ အင်္ကျီကို ထပ်လုတော့တာပဲ။

ကိုယ်က ကားပေါ်တက်နေတုန်း ဒံပေါက်ထုပ်ကို အောက်က လိုက်လုတယ်။ မရတော့ အင်္ကျီကို အတင်းလုတယ်။ ကိုယ်လယ်း တော်တော် ဒေါသထွက်လာတာနဲ့ စောင့်ဆွဲလိုက်တယ်။ ကားက ထွက်သွားလို့ မဟုတ်ရင် အဲ့ဘွားတော် ကို သွားရိုက်ပစ်မှာ တော်တော်ဒေါသထွက်တယ်။

သူများပစ္စည်းကို အချောင်လိုချင်နေတာ ကားဂိတ် မှာ ကိုယ်တွေ ၂ ယောက်ထဲ မဟုတ်ဘူးနော် လူ ၅ ယောက် ၆ ယောက်လောက်ရှိတာ တစ်ယောက်မှ မကူညီပါဘူးတော် ကြည့်ကောင်းကောင်း နဲ့ ကြည့်နေကျတယ် ။ တစ်ခါတစ်လေ လေး Bus ကားစီးမိပါတယ် အလုခံရတဲ့ အဖြစ်နဲ့ကြုံရတယ်လို့။

အမြဲတမ်း Bus စောင့်စီးတဲ့ မိန်းကလေးတွေ ဂရုစိုက်ကျပါ။ ညနေဘက်, ညဘက်တွေ မှတ်တိုင်မှာ တစ်ယောက်ထဲဖြစ်နေရင် ပိုပြီးသတိရှိကျပါ။ တကယ်တမ်း ဖြစ်ရင် ဘယ်သူမှ ကိုယ့်ကို မကူညီပါဘူးနော် ကိုယ့်လက်နဲ့ ကိုယ့်ခြေသာ အားကိုးပါ။ ကိုယ့်ကို လာထိရင် ပြန်သာ လုပ် , ရှက်ပြီး ငြိမ်ခံနေရင်တော့ ပစ္စည်းပါမှာပဲ။

Laurel Nann

Be the first to comment on "ဘတ်စကားမှတ်တိုင်မှာ စောင့်နေတုန်း ဖုန်းဝင်လုတာပါ"

Leave a comment

Your email address will not be published.


*