တို့မြန်မာတွေဆီက ဆန် သိန်း ၈ သောင်းကျော်ဖိုး လိမ်သွားတဲ့ ပေါက်ဖော်ကုမ္ပဏီ

ေပါက္ေဖာ္ကုမၸဏီက ျမန္မာဆန္ေတြသိန္း ၈ ေသာင္းေက်ာ္ဖိုး လိမ္သြားပါၿပီ ၊ တ႐ုတ္ကုမၸဏီ တခုက မူဆယ္မွာ ဂိုေဒါင္တခု ကို အမွီျပဳ၍ ျမန္မာျပည္ တဝွမ္းလုံးက ဆန္ေတြကို ပြဲစားေတြအား တအိတ္ ၅၀၀ ပြဲခေပးကာ ေစ်းေကာင္းေပးၿပီး ေကာက္ခိုင္းပါသည္ ။

ထင္ေတာ့ထင္သား တခုခုေတာ့ တခုခုဘဲလို႔ ၊စပါးေပၚခ်ိန္ စပါးေစ်း ဆန္ေစ်း က်တဲ့အခ်ိန္မွာ စပါးရွား ဆန္ရွားတဲ့ အခ်ိန္ထက္ ေစ်းေတြက မိုးေပၚေျမာက္ေန၍ ျဖစ္သည္ ။

အခုေတာ့ ဇာတ္လမ္းေပၚပါၿပီ ၊ တ႐ုတ္ပိုင္ ကုမၸဏီ တခုက လာသြင္းသမၽွ ဆန္ေတြကို မူဆယ္ ဂိုေဒါင္ႀကီးမွာ သိုေလွာင္ ထားၿပီး တ႐ုတ္ကို ကားေတြနဲ႔ ေန႔ ည မဆိုင္း သယ္ပို႔ တယ္ ၊ ရန္ကုန္ မႏၲေလး မွ လာေသာ ဆန္ကား ေတြကိုလည္း မူဆယ္ မွ တ႐ုတ္ကို တိုက္ရိုက္ ပို႔ ခိုင္းတယ္ ၊

ျမန္မာေတြဘက္ကလည္း ဆန္ကို ေစ်းေကာင္းေကာင္းနဲ႔ တ႐ုတ္ကုမၸဏီက ဝယ္ေနတယ္ ဆိုၿပီး ေပ်ာ္ေပ်ာ္ႀကီး ပို႔လိုက္ၾကတာ ဆန္ေတြ အားလုံးလည္းကုန္ေရာ ကုမၸဏီအလိုက္ပါ ေပ်ာက္သြားပါေလေရာကြယ္ ၊

ျမန္မာဘက္ျခမ္းမွာ တ႐ုတ္ ကုမၸဏီရဲ့ ပိုင္ဆိုင္မွုက သိန္းတေသာင္းဘိုးဘဲရွိတယ္ ၊တ႐ုတ္က ေငြမေခ်ဘဲ က်န္တဲ့ ဆန္ဖိုးက သိန္း ၈ ေသာင္းေက်ာ္ဖိုး ေတာင္ ရွိတယ္ ၊ မႏၲေလးနဲ႔ ရန္ကုန္က ဆန္ကုန္သည္ႀကီးေတြ အမ်ားဆုံး ခံလိုက္ရပါတယ္ ၊

ကိုယ့္ ျမန္မာ ျမန္မာ ခ်င္းဆို အေႂကြး မေပးဘူး ၊ ပေထြး တ႐ုတ္ကိုေတာ့ ယုံၿပီး အေႂကြးေပးလိုက္ၾကတာ တ႐ုတ္က ျမန္မာကို လိမ္လို႔ ေကာင္းလိုက္တာတဲ့ ၊

ေနာက္တပတ္ဆို ဆန္ေစ်းေတြ မဟားဒယား ျပန္က်ေတာ့ပါမယ္ ၊ ေတာ္ပါေသးရဲ့ ၊

သတိျပဳၾကပါ ၊ ျမန္မာျပည္ ထဲကို ေပါက္ေဖာ္ကုမၸဏီေတြ ဝင္လာတာ တရားဝင္ေရာ ဟုတ္ရဲ့လား ။

mimimyint

———

ပေါက်ဖော်ကုမ္ပဏီက မြန်မာဆန်တွေသိန်း ၈ သောင်းကျော်ဖိုး လိမ်သွားပါပြီ ၊ တရုတ်ကုမ္ပဏီ တခုက မူဆယ်မှာ ဂိုဒေါင်တခု ကို အမှီပြု၍ မြန်မာပြည် တဝှမ်းလုံးက ဆန်တွေကို ပွဲစားတွေအား တအိတ် ၅၀၀ ပွဲခပေးကာ ဈေးကောင်းပေးပြီး ကောက်ခိုင်းပါသည် ။

ထင်တော့ထင်သား တခုခုတော့ တခုခုဘဲလို့ ၊စပါးပေါ်ချိန် စပါးဈေး ဆန်ဈေး ကျတဲ့အချိန်မှာ စပါးရှား ဆန်ရှားတဲ့ အချိန်ထက် ဈေးတွေက မိုးပေါ်မြောက်နေ၍ ဖြစ်သည် ။

အခုတော့ ဇာတ်လမ်းပေါ်ပါပြီ ၊ တရုတ်ပိုင် ကုမ္ပဏီ တခုက လာသွင်းသမျှ ဆန်တွေကို မူဆယ် ဂိုဒေါင်ကြီးမှာ သိုလှောင် ထားပြီး တရုတ်ကို ကားတွေနဲ့ နေ့ ည မဆိုင်း သယ်ပို့ တယ် ၊ ရန်ကုန် မန္တလေး မှ လာသော ဆန်ကား တွေကိုလည်း မူဆယ် မှ တရုတ်ကို တိုက်ရိုက် ပို့ ခိုင်းတယ် ၊

မြန်မာတွေဘက်ကလည်း ဆန်ကို ဈေးကောင်းကောင်းနဲ့ တရုတ်ကုမ္ပဏီက ဝယ်နေတယ် ဆိုပြီး ပျော်ပျော်ကြီး ပို့လိုက်ကြတာ ဆန်တွေ အားလုံးလည်းကုန်ရော ကုမ္ပဏီအလိုက်ပါ ပျောက်သွားပါလေရောကွယ် ၊

မြန်မာဘက်ခြမ်းမှာ တရုတ် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက သိန်းတသောင်းဘိုးဘဲရှိတယ် ၊တရုတ်က ငွေမချေဘဲ ကျန်တဲ့ ဆန်ဖိုးက သိန်း ၈ သောင်းကျော်ဖိုး တောင် ရှိတယ် ၊ မန္တလေးနဲ့ ရန်ကုန်က ဆန်ကုန်သည်ကြီးတွေ အများဆုံး ခံလိုက်ရပါတယ် ၊

ကိုယ့် မြန်မာ မြန်မာ ချင်းဆို အကြွေး မပေးဘူး ၊ ပထွေး တရုတ်ကိုတော့ ယုံပြီး အကြွေးပေးလိုက်ကြတာ တရုတ်က မြန်မာကို လိမ်လို့ ကောင်းလိုက်တာတဲ့ ၊

နောက်တပတ်ဆို ဆန်ဈေးတွေ မဟားဒယား ပြန်ကျတော့ပါမယ် ၊ တော်ပါသေးရဲ့ ၊

သတိပြုကြပါ ၊ မြန်မာပြည် ထဲကို ပေါက်ဖော်ကုမ္ပဏီတွေ ဝင်လာတာ တရားဝင်ရော ဟုတ်ရဲ့လား ။

mimimyint

Be the first to comment on "တို့မြန်မာတွေဆီက ဆန် သိန်း ၈ သောင်းကျော်ဖိုး လိမ်သွားတဲ့ ပေါက်ဖော်ကုမ္ပဏီ"

Leave a comment

Your email address will not be published.


*