တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္သည္ ၂၀၂၁ ခုႏွစ္တြင္ အသက္ ၆၅ႏွစ္ ျပည့္ၿပီျဖစ္သျဖင့္အၿငိမ္းစားယူမည္ျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာၾကားသည္။
ေနျပည္ေတာ္ရွိ စစ္သမိုင္းျပတိုက္တြင္ ယေန႕ (နိုဝင္ဘာ ၂၇)က်င္းပသည့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး အဖြဲ႕၏သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုျခင္းျဖစ္သည္။
ကာကြယ္ေရးဌာနေကာင္စီ (ကကန) က ၂၀၁၆ ခုႏွစ္တြင္ထုတ္ျပန္ထားသည့္အမိန႔္အရ ဗိုလ္ခ်ဳပ္မႉးႀကီးသည္ အသက္၆၅ႏွစ္အထိ တာဝန္ထမ္းေဆာင္နိုင္ေၾကာင္းသတ္မွတ္ထားသည္။
ယင္းအမိန႔္တြင္ သတ္မွတ္ထားသည့္ တာဝန္ထမ္းေဆာင္နိုင္သည့္အသက္အ႐ြယ္ကို ထပ္မံတိုးျမႇင့္သတ္မွတ္ရန္ အမိန႔္ကိုျပင္ဆင္သတ္မွတ္နိုင္ေသးသေလာဟု သတင္းမီဒီယာကေမးျမန္းခ်က္အေပၚ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ကြၽန္ေတာ္သိသေလာက္ကဒါနဲ႕ပတ္သက္ၿပီး အမိန႔္ဆိုတာက ဥပေဒပိုင္းထဲမွာ အက်ဳံးဝင္တဲ့ဟာ ျဖစ္တယ္။ ဥပေဒသေဘာမ်ိဳးပဲ။ ဥပေဒကိုေက်ာ္လြန္ေဆာင္႐ြက္စရာအေၾကာင္းမရွိပါဘူး ဟု ေျဖၾကားသည္။
ယင္းသို႔ဆိုလွ်င္ ဗိုလ္ခ်ဳပ္မႉးႀကီးသည္ ၂၀၂၁ ခုႏွစ္တြင္ အသက္၆၅ႏွစ္ ျပည့္မည္ျဖစ္သျဖင့္ အဆိုပါ သတ္မွတ္ ခ်က္အတိုင္းေဆာင္႐ြက္မည္ေလာဟု သတင္းမီဒီယာက ထပ္မံေမးျမန္းရာမွန္ပါတယ္ ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး အၿငိမ္းစားယူၿပီးလွ်င္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အသစ္ကို တပ္မေတာ္၏ ရာထူးတိုးျမႇင့္ေရး စည္းမ်ဥ္းစည္းကမ္းအတိုင္း တင္ေျမႇာက္ရမည္ျဖစ္ေၾကာင္းဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုသည္။
တပ္မေတာ္မွာေတာ့ ဆင့္ကဲတာဝန္ယူမႈ၊ တာဝန္ခံမႈ စနစ္ရွိတယ္။ဒီရာထူးတိုးျမႇင့္ေရးနဲ႕ ပတ္သက္ၿပီး တိက်တဲ့ မူဝါဒရွိၿပီးသားျဖစ္ပါ။ဒီအခ်ိန္မွာေတာ့ ဘယ္လိုလူမ်ိဳးျဖစ္လာမလဲ မေျပာနိုင္ေသးပါဘူး။ဒီစည္းမ်ဥ္းစည္းကမ္းေတြအတိုင္းပဲ သြားပါလိမ့္မယ္ ဟုဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။
ကာကြယ္ေရးဌာနေကာင္စီ (ကကန) က ၂၀၁၆ ခုႏွစ္တြင္ထုတ္ျပန္ထားသည့္အမိန႔္အရ ဗိုလ္ခ်ဳပ္မႉးႀကီးႏွင့္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ရာထူးရရွိထားသူမ်ားသည္ အသက္ ၆၅ႏွစ္အထိတာဝန္ထမ္းေဆာင္နိုင္ေၾကာင္း သတ္မွတ္ထားသည္။
သတင္း~ဓာတ္ပုံ -( တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕)
———-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့်အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။
နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇)ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။
ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင်ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက်၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်းသတ်မှတ်ထားသည်။
ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့်အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကိုပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာကမေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျွန်တော်သိသလောက်ကဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက ဥပဒေပိုင်းထဲမှာ အကျုံးဝင်တဲ့ဟာ ဖြစ်တယ်။ ဥပဒေသဘောမျိုးပဲ။ ဥပဒေကိုကျော်လွန်ဆောင်ရွက်စရာအကြောင်းမရှိပါဘူး ဟု ဖြေကြားသည်။
ယင်းသို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၂၁ ခုနှစ်တွင် အသက်၆၅နှစ် ပြည့်မည်ဖြစ်သဖြင့် အဆိုပါ သတ်မှတ် ချက်အတိုင်းဆောင်ရွက်မည်လောဟု သတင်းမီဒီယာက ထပ်မံမေးမြန်းရာမှန်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားသည်။
ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားယူပြီးလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်ကို တပ်မတော်၏ ရာထူးတိုးမြှင့်ရေး စည်းမျဉ်းစည်းကမ်းအတိုင်း တင်မြှောက်ရမည်ဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။
တပ်မတော်မှာတော့ ဆင့်ကဲတာဝန်ယူမှု၊ တာဝန်ခံမှု စနစ်ရှိတယ်။ဒီရာထူးတိုးမြှင့်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ မူဝါဒရှိပြီးသားဖြစ်ပါ။ဒီအချိန်မှာတော့ ဘယ်လိုလူမျိုးဖြစ်လာမလဲ မပြောနိုင်သေးပါဘူး။ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ သွားပါလိမ့်မယ် ဟုဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင်ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး ရာထူးရရှိထားသူများသည် အသက် ၆၅နှစ်အထိတာဝန်ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထားသည်။
သတင်း~ဓာတ်ပုံ -( တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့)
Be the first to comment on "ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်တွင် အငြိမ်းစားယူမည်"