မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ဘူတာႀကီးေရွ႕က မန္းၿမိဳ႕ေတာ္ေပါက္စီဆိုင္ ပိုင္ရွင္ အသက္ ၆၀ အရြယ္ အမ်ိဳးသားႀကီးဟာ ကိုဗစ္ေရာဂါကူးစက္ခံရၿပီး ဒီကေန႔မနက္ အေစာပိုင္းမွာပဲ ေဆးကုသမွုခံယူေနရင္းေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
“မန္းၿမိဳ႕ေတာ္ေပါက္စီဆိုင္ပိုင္ရွင္က ဒီကေန႔မနက္ ၆:၃၀ေလာက္မွာ ဆုံးသြားတာပါ၊ အိုင္စီယူ မွာ တက္ေရာက္ကုသေနတဲ့ မႏၲေလးၿမိဳ႕က နာမည္ႀကီးေပါက္စီဆိုင္ပိုင္ရွင္ျဖစ္ပါတယ္”လို႔ အမည္မေဖာ္လိုသူ ေဆး႐ုံ၀န္ထမ္းတစ္ဦးက အတည္ျပဳေျပာပါတယ္။
မန္းၿမိဳ႕ေတာ္ေပါက္စီဆိုင္ပိုင္ရွင္ဟာ နို၀င္ဘာ ၁၂ရက္ေန႔က ကိုဗစ္ပိုးေတြ႕ၿပီး မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္က ဧရာ၀တီ ကိုဗစ္ကုသေရးစင္တာမွာ ေဆးကုသမွု စတင္ခံယူေနခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။
နို၀င္ဘာ ၁၃ ရက္ေန႔မွာေတာ့ ေပါက္စီဆိုင္က ၀န္ထမ္း အေယာက္ ၆၀ ေက်ာ္ကို ကြာရန္တင္း၀င္ဖို႔ ေခၚေဆာင္သြားၿပီး စစ္ေဆးၾကည့္ရာ ၀န္ထမ္း ၁၁ ဦးမွာလည္း ကိုဗစ္ပိုးထပ္မံေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
ဒါ့အျပင္ ဆိုင္ပိုင္ရွင္ရဲ့ မိန္းမျဖစ္သူနဲ႔ သားျဖစ္သူကလည္း ကိုဗစ္ပိုးကူးစက္ခံရၿပီး ဒီကေန႔မွာ ေရာဂါေပ်ာက္ကင္းတဲ့အတြက္ ေဆး႐ုံကေန ဆင္းခြင့္ရမယ္လို႔လည္း သိရပါတယ္။
မႏၲေလးတိုင္းမွာ မေန႔ နို၀င္ဘာ ၂၆ရက္ ညေနပိုင္းထိ ကိုဗစ္အတည္ျပဳလူနာ ၄၉၅၆နဲ႔ ေသဆုံးသူ ၂၇ ဦးထိ ရွိၿပီျဖစ္ပါတယ္။
——————
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆၀ အရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃၀လောက်မှာ ဆုံးသွားတာပါ၊ အိုင်စီယူ မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်။
မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှု စတင်ခံယူနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ပေါက်စီဆိုင်က ဝန်ထမ်း အယောက် ၆၀ ကျော်ကို ကွာရန်တင်းဝင်ဖို့ ခေါ်ဆောင်သွားပြီး စစ်ဆေးကြည့်ရာ ဝန်ထမ်း ၁၁ ဦးမှာလည်း ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဆိုင်ပိုင်ရှင်ရဲ့ မိန်းမဖြစ်သူနဲ့ သားဖြစ်သူကလည်း ကိုဗစ်ပိုးကူးစက်ခံရပြီး ဒီကနေ့မှာ ရောဂါပျောက်ကင်းတဲ့အတွက် ဆေးရုံကနေ ဆင်းခွင့်ရမယ်လို့လည်း သိရပါတယ်။
မန္တလေးတိုင်းမှာ မနေ့ နိုဝင်ဘာ ၂၆ရက် ညနေပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၄၉၅၆နဲ့ သေဆုံးသူ ၂၇ ဦးထိ ရှိပြီဖြစ်ပါတယ်။
Be the first to comment on "မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီ"