ရန်ကုန်မြို့မှာ မြွေကြီးတွေ အတွေ့ရများလာတဲ့ အကြောင်းရင်း နောက်ကွယ်

ရန္ကုန္ၿမိဳ႕တြင္ ႏိုဝင္ဘာ ၁၂ရက္ေန႔မွ ႏိုဝင္ဘာ ၂၃ရက္ေန႔အထိ လမ္းသြားလမ္းလာႏွင့္ ေနအိမ္ၿခံဝင္းတို႔တြင္ေႁမြမ်ားေတြ႕ရွိမႈ ခုနစ္ႀကိမ္ ရွိခဲ့ၿပီး ထိုထဲတြင္ ႀကီးမားသည့္ စပါးအုံး ေႁမြမ်ားလည္း ပါဝင္ပါတယ္။

ေဖာ္ျပပါ ၁၂ ရက္အတြင္း မီးသတ္တပ္ဖြဲ႕မွ ဖမ္းဆီးေပးခဲ့ရသည့္ ေႁမြ ခုနစ္ေကာင္ အနက္ႏွစ္ေကာင္မွာ အ႐ြယ္အစားႀကီးမားသည့္ စပါးအုံး ေႁမြမ်ားျဖစ္ပါတယ္။စပါးအုံးကဲ့သို႔ အ႐ြယ္အစားႀကီးမားသည့္ ေႁမြအမ်ိဳးအစားအပါအဝင္ ေႁမြေတြ႕ရွိမႈ မ်ားလာရျခင္းမွာ

၎တို႔ေနထိုင္ရာ ေျမေအာက္တြင္ ေျပာင္းလဲမႈ တစုံတရာရွိေနႏိုင္ျခင္းႏွင့္ အစာရွာေဖြေရးအတြက္ ထြက္ရွိလာသည့္ သေဘာ ျဖစ္ႏိုင္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာရွင္ အခ်ိဳ႕က ေျပာပါတယ္။

“အခုလိုမ်ိဳး လကၡဏာေတြျပတယ္ဆိုရင္ေတာ့ သတိထားဖို႔လိုတယ္ေပါ့ေနာ္။ သဘာဝေဘးအႏၲရာယ္ ႀကီးႀကီးမားမားေတြျဖစ္လာႏိုင္တယ္။ အထူးသျဖင့္ ေအာက္ေျခမွာ ေျမေအာက္မွာျဖစ္ေနတဲ့ ဟာေတြကဘာေတြျဖစ္ေနမွန္းမသိဘူး။

ငလ်င္ေတြ ဒီ့ထက္လႈပ္လာမလား။ ေရေတြ ဒီ့ထက္ခမ္းသြားမလား။ အဲ့ဒါမ်ိဳးေတြနဲ႔ဆိုင္တယ္လို႔ေတာ့ ထင္တယ္” ဟု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးပညာရွင္ ေဒၚေဒဝီသန႔္စင္က ေျပာပါတယ္။

ျမန္မာငွက္ႏွင့္ သဘာဝထိန္းသိမ္းေရးအသင္း ဥကၠ႒ ေဒါက္တာသိန္းေအာင္ကေတာ့ ယခုကဲ့သို႔ေႁမြမ်ားထြက္လာျခင္းသည္ အစာေရစာရွာေဖြစားေသာက္ရန္အတြက္ ထြက္လာျခင္းလည္း ျဖစ္ႏိုင္ေၾကာင္း ဆိုပါတယ္။

“စားခ်ိန္တန္လို႔ အစာစားဖို႔ ထြက္လာတာလည္း ျဖစ္ႏိုင္တယ္။ အကယ္၍သာ ရာသီဥတုအေျခအေန ပူလို႔ဘာလို႔ ေနလို႔မရဘူးဆိုရင္ တျခား သတၱဝါေတြပါ ထြက္လာရမွာေလ။ တျခားသတၱဝါေတြဆိုတာ ဥပမာ

တီေကာင္လိုဟာမ်ိဳး ေျမေအာက္မွာေနတဲ့ အျခားအင္းဆက္လိုဟာမ်ိဳး ႂကြက္လိုဟာမ်ိဳး၊ ပူးလိုဟာမ်ိဳး အဲ့ဒါေတြက အကုန္လုံးထြက္လာၾကရမွာပဲေပါ့” ဟု ေဒါက္တာသိန္းေအာင္က ေျပာသည္။ၿမိဳ႕ျပအသိုင္းအဝိုင္းတြင္ ေတာ႐ိုင္းတိရစာၦန္မ်ား ရွိေနျခင္း၊ ထိန္းသိမ္းထားျခင္းသည္ အဆင္မေျပေၾကာင္းႏွင့္အကယ္၍ မထိန္းႏိုင္ပါက ၎တို႔သည္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးအား အက်ိဳးမျပဳေၾကာင္း ၎ကေျပာသည္။

“ၿမိဳ႕ေပၚမွာေနေနတယ္ အစာေရစာ မွန္မွန္မစားရ သူလိုခ်င္တဲ့ ရွင္သန္မႈ ျပည့္ျပည့္စုံစုံမရွိတဲ့အေကာင္ေတြသည္ သဘာဝကို ျပန္ၿပီးေတာ့ အက်ိဳးျပဳဖို႔ဆိုတာ ခဲယဥ္းတယ္။ သဘာဝပတ္ဝန္းက်င္အရ ဆိုရင္ေတာ့ ၿမိဳ႕ေတြေပၚမွာရွိတဲ့ အေကာင္ေတြကို ေတြ႕တယ္ဆိုရင္ ဖမ္းယူၿပီးေတာ့ ေတာ႐ိုင္းတိရစာၦန္ကယ္ဆယ္ေရးစင္တာလိုဟာမ်ိဳးမွာ ေမြးပါ ၿပီးရင္ သဘာဝထဲကို ျပန္လႊတ္ေပးတာအေကာင္းဆုံးပဲ ”

ဟု ျမန္မာငွက္ႏွင့္ သဘာဝထိန္းသိမ္းေရးအသင္း ဥကၠ႒ ေဒါက္တာသိန္းေအာင္က ဆိုသည္။ရန္ကုန္ၿမိဳ႕အတြင္း ေႁမြေတြ႕ရွိမႈမ်ားအနက္ မရမ္းကုန္းၿမိဳ႕နယ္တစ္ခုတည္းမွာပင္ ေတြ႕ရွိမႈေလးႀကိမ္ရွိခဲ့ၿပီး စပါးအုံးေႁမြႏွစ္ေကာင္ႏွင့္ အျခားအမ်ိဳးအစား ေႁမြ ႏွစ္ေကာင္ကိုေတြ႕ရွိခဲ့ရေၾကာင္း ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ေႁမြေတြ႕ရွိခဲ့သည့္ ျဖစ္စဥ္မ်ား ၁။ ႏိုဝင္ဘာ ၁၂ ရက္ေန႔က မရမ္းကုန္းၿမိဳ႕နယ္ အမွတ္ (၇) ရပ္ကြက္ ကမာၻေအးဘုရားလမ္းမႀကီး၊နဝေဒးလမ္းရွိ ေနအိမ္တြင္ အရွည္ ရွစ္ေပ၊ လုံးပတ္ ၁၀ လက္မရွိသည့္ စပါးအုံး ေႁမြႀကီးေတြ႕ရွိခဲ့။

၂။ ႏိုဝင္ဘာ ၁၃ရက္ေန႔က ကမာ႐ြတ္ၿမိဳ႕နယ္၊ အမွတ္ (၁၀) ရပ္ကြက္၊ အင္းလ်ားလမ္းရွိ ၿခံဝန္းအတြင္း ေႁမြတစ္ေကာင္ဝင္ေရာက္ခဲ့။

၃။ ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာလည္း ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ ၁၂ ရပ္ကြက္၊ သစၥာလမ္းလမ္းရွိအမွတ္ ၁၂ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ သံကြင္းစြပ္ေႁမြ အရွည္ သုံးေပ၊ လုံးပတ္ သုံးလက္မခန႔္ ေႁမြ တစ္ေကာင္ေတြ႕ရွိခဲ့။

၄။ ႏိုဝင္ဘာ ၁၇ ရက္ေန႔က မရမ္းကုန္ၿမိဳ႕နယ္၊ အမွတ္ (၁၀) ရပ္ကြက္၊ အင္ယားလိတ္လမ္းေပၚတြင္လုံးပတ္ တစ္ေပခန႔္၊ အရွည္ ၁၅ ေပပခန႔္ စပါးအုံးေႁမြတစ္ေကာင္ ေတြ႕ရွိခဲ့။

၅။ ႏိုဝင္ဘာ ၁၈ ရက္ေန႔က တိုက္ႀကီးၿမိဳ႕နယ္၊ ရွမ္းစုရပ္ကြက္၊ ရွမ္းဘက္ (၁) လမ္းရွိ ေနအိမ္မွာ ေႁမြ တစ္ေကာင္ဝင္ေရာက္ခဲ့။

၆။ ႏိုဝင္ဘာ ၂၁ ရက္ေန႔တုန္းကလည္း မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၈) ရပ္ကြက္၊ ဝံသာရကၡိတလမ္းရွိ ေနအိမ္တြင္ ေႁမြတစ္ေကာင္ေတြ႕ရွိခဲ့။

၇။ ႏိုဝင္ဘာလ ၂၃ ရက္ေန႔တြင္ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၈) ရပ္ကြက္၊ ဝံသာရကၡိတလမ္းရွိ ေနအိမ္မွ ေႁမြတစ္ေကာင္ေတြ႕ရွိခဲ့။Myanmar Fire Services Department Facebook

————

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၂ရက်နေ့မှ နိုဝင်ဘာ ၂၃ရက်နေ့အထိ လမ်းသွားလမ်းလာနှင့် နေအိမ်ခြံဝင်းတို့တွင်မြွေများတွေ့ရှိမှု ခုနစ်ကြိမ် ရှိခဲ့ပြီး ထိုထဲတွင် ကြီးမားသည့် စပါးအုံး မြွေများလည်း ပါဝင်ပါတယ်။

ဖော်ပြပါ ၁၂ ရက်အတွင်း မီးသတ်တပ်ဖွဲ့မှ ဖမ်းဆီးပေးခဲ့ရသည့် မြွေ ခုနစ်ကောင် အနက်နှစ်ကောင်မှာ အရွယ်အစားကြီးမားသည့် စပါးအုံး မြွေများဖြစ်ပါတယ်။စပါးအုံးကဲ့သို့ အရွယ်အစားကြီးမားသည့် မြွေအမျိုးအစားအပါအဝင် မြွေတွေ့ရှိမှု များလာရခြင်းမှာ

၎င်းတို့နေထိုင်ရာ မြေအောက်တွင် ပြောင်းလဲမှု တစုံတရာရှိနေနိုင်ခြင်းနှင့် အစာရှာဖွေရေးအတွက် ထွက်ရှိလာသည့် သဘော ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် အချို့က ပြောပါတယ်။

“အခုလိုမျိုး လက္ခဏာတွေပြတယ်ဆိုရင်တော့ သတိထားဖို့လိုတယ်ပေါ့နော်။ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားတွေဖြစ်လာနိုင်တယ်။ အထူးသဖြင့် အောက်ခြေမှာ မြေအောက်မှာဖြစ်နေတဲ့ ဟာတွေကဘာတွေဖြစ်နေမှန်းမသိဘူး။

ငလျင်တွေ ဒီ့ထက်လှုပ်လာမလား။ ရေတွေ ဒီ့ထက်ခမ်းသွားမလား။ အဲ့ဒါမျိုးတွေနဲ့ဆိုင်တယ်လို့တော့ ထင်တယ်” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်ကတော့ ယခုကဲ့သို့မြွေများထွက်လာခြင်းသည် အစာရေစာရှာဖွေစားသောက်ရန်အတွက် ထွက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း ဆိုပါတယ်။

“စားချိန်တန်လို့ အစာစားဖို့ ထွက်လာတာလည်း ဖြစ်နိုင်တယ်။ အကယ်၍သာ ရာသီဥတုအခြေအနေ ပူလို့ဘာလို့ နေလို့မရဘူးဆိုရင် တခြား သတ္တဝါတွေပါ ထွက်လာရမှာလေ။ တခြားသတ္တဝါတွေဆိုတာ ဥပမာ

တီကောင်လိုဟာမျိုး မြေအောက်မှာနေတဲ့ အခြားအင်းဆက်လိုဟာမျိုး ကြွက်လိုဟာမျိုး၊ ပူးလိုဟာမျိုး အဲ့ဒါတွေက အကုန်လုံးထွက်လာကြရမှာပဲပေါ့” ဟု ဒေါက်တာသိန်းအောင်က ပြောသည်။မြို့ပြအသိုင်းအဝိုင်းတွင် တောရိုင်းတိရစ္ဆာန်များ ရှိနေခြင်း၊ ထိန်းသိမ်းထားခြင်းသည် အဆင်မပြေကြောင်းနှင့်အကယ်၍ မထိန်းနိုင်ပါက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အကျိုးမပြုကြောင်း ၎င်းကပြောသည်။

“မြို့ပေါ်မှာနေနေတယ် အစာရေစာ မှန်မှန်မစားရ သူလိုချင်တဲ့ ရှင်သန်မှု ပြည့်ပြည့်စုံစုံမရှိတဲ့အကောင်တွေသည် သဘာဝကို ပြန်ပြီးတော့ အကျိုးပြုဖို့ဆိုတာ ခဲယဉ်းတယ်။ သဘာဝပတ်ဝန်းကျင်အရ ဆိုရင်တော့ မြို့တွေပေါ်မှာရှိတဲ့ အကောင်တွေကို တွေ့တယ်ဆိုရင် ဖမ်းယူပြီးတော့ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစင်တာလိုဟာမျိုးမှာ မွေးပါ ပြီးရင် သဘာဝထဲကို ပြန်လွှတ်ပေးတာအကောင်းဆုံးပဲ ”

ဟု မြန်မာငှက်နှင့် သဘာဝထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ဆိုသည်။ရန်ကုန်မြို့အတွင်း မြွေတွေ့ရှိမှုများအနက် မရမ်းကုန်းမြို့နယ်တစ်ခုတည်းမှာပင် တွေ့ရှိမှုလေးကြိမ်ရှိခဲ့ပြီး စပါးအုံးမြွေနှစ်ကောင်နှင့် အခြားအမျိုးအစား မြွေ နှစ်ကောင်ကိုတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။

မြွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ ၁။ နိုဝင်ဘာ ၁၂ ရက်နေ့က မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီး၊နဝဒေးလမ်းရှိ နေအိမ်တွင် အရှည် ရှစ်ပေ၊ လုံးပတ် ၁၀ လက်မရှိသည့် စပါးအုံး မြွေကြီးတွေ့ရှိခဲ့။

၂။ နိုဝင်ဘာ ၁၃ရက်နေ့က ကမာရွတ်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်းလျားလမ်းရှိ ခြံဝန်းအတွင်း မြွေတစ်ကောင်ဝင်ရောက်ခဲ့။

၃။ နိုဝင်ဘာ ၁၆ ရက်နေ့မှာလည်း ရန်ကင်းမြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ သစ္စာလမ်းလမ်းရှိအမှတ် ၁၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် သံကွင်းစွပ်မြွေ အရှည် သုံးပေ၊ လုံးပတ် သုံးလက်မခန့် မြွေ တစ်ကောင်တွေ့ရှိခဲ့။

၄။ နိုဝင်ဘာ ၁၇ ရက်နေ့က မရမ်းကုန်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ အင်ယားလိတ်လမ်းပေါ်တွင်လုံးပတ် တစ်ပေခန့်၊ အရှည် ၁၅ ပေပခန့် စပါးအုံးမြွေတစ်ကောင် တွေ့ရှိခဲ့။

၅။ နိုဝင်ဘာ ၁၈ ရက်နေ့က တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်၊ ရှမ်းဘက် (၁) လမ်းရှိ နေအိမ်မှာ မြွေ တစ်ကောင်ဝင်ရောက်ခဲ့။

၆။ နိုဝင်ဘာ ၂၁ ရက်နေ့တုန်းကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်တွင် မြွေတစ်ကောင်တွေ့ရှိခဲ့။

၇။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဝံသာရက္ခိတလမ်းရှိ နေအိမ်မှ မြွေတစ်ကောင်တွေ့ရှိခဲ့။Myanmar Fire Services Department Facebook

Be the first to comment on "ရန်ကုန်မြို့မှာ မြွေကြီးတွေ အတွေ့ရများလာတဲ့ အကြောင်းရင်း နောက်ကွယ်"

Leave a comment

Your email address will not be published.


*