လူပြန်ကယ်ဌာနတခုလုံး အလုပ်မဆင်းတဲ့ကိစ္စ နှင့် အခွင့်အ‌ရေးသမား အမေရိကန်က မြန်မာသံအမတ်…

လူပြန်ကယ်ဌာနတခုလုံး အလုပ်မဆင်းတဲ့ကိစ္စ နှင့် အခွင့်အ‌ရေးသမား အမေရိကန်က မြန်မာသံအမတ်..

ဒေါက်တာသက်သက်ခိုင်ကို လူပြန်ကယ်ဝန်ကြီးပေးလိုက်တယ် တစ်ရုံးလုံး အလုပ်မဆင်းတော့ဘူး။ ပွဲကတော့ လှတယ်။ Civil Movement ရဲ့ အနှစ်က ဒါပါပဲ။ အောက်မှာ ခိုင်းရမယ့်သူမရှိရင် ထိုင်ခုံကြီး ဘာလုပ်ရမှာလဲ၊ အာဏာရှိတယ်ဆိုပြီး လက်အောက်ငယ်သားမရှိ ဘာဖြစ်မလဲ။

ငါဘုရင်ကွဆိုပြီး ဘယ်သူမှ သောက်ဖက်မလုပ်လို့ ကိုယ့်အိမ်က ခွေးနှစ်ကောင်ကိုပဲ ခိုင်းလို့ရတဲ့ အရူးလိုဖြစ်နေမှာပေါ့။ သမ္မတထိုင်တဲ့ခုံလဲ ထိုင်ချင်ရင် ယုဇနပလာဇာမှာ သွားဝယ်ပြီး အိမ်မှာ စိတ်ကြိုက်ထိုင်လို့ရပါတယ်။ That is Civil Movement ပါ။

နေ့တိုင်း ရပ်သွားမှာစိုးလို့ စောင့်ကြည့်နေတာ။ အခု အများကြီးပါလာပြီ ပညာရေးပါလာတာ အရမ်းအားရ၊ နိုင်ငံခြားရေးတွေပါလာရင် ပိုအားရမယ်။ တစ်ခုတော့ရှိတယ် အမေရိကန်သံအမတ်တဲ့ CDM လုပ်တယ်ဆိုပြီး Asylum လျှောက်သတဲ့၊ အဲ့ဒါ သက်သက် ဖျာခင်းတာ ဘာမှ နိုင်ငံအတွက်မဟုတ်ဘူး။

CDM ဆိုတာ အလုပ်ထွက်တာမဟုတ်ဘူး။ လိုချင်တာရဖို့ အစိုးရကို မကြိုက်လို့ အလုပ်မဆင်းတော့တာ၊ ကိုယ့်အစိုးရပြန်တက်တာနဲ့ အသာလေး ပုံမှန်ပြန်ဆင်းရုံပဲ၊ ပြန်လည်ပတ်ဖို့ ပြန်ကိုဆင်းပေးရမှာ။ အဲ့ဒါမှ CDM အစစ်။ နိုင်ငံရေးခိုလှုံခွင့်တောင်းတယ်ဆိုတာ ဖျာခင်းပြီး သက်သက် အခြေအနေကို အခွင့်အရေးယူတာပဲ။

CDM အရှိန်ရလာပြီဆိုတာ သေချာတယ်။ နောက်တစ်ဆင့် တက်လို့ရတယ်။ အစိုးရဝန်ထမ်းတွေတင် မဟုတ်ဘူး၊ အပြင်လူတွေပါ ပါလို့ရတယ်။ UMFCCI တို့ဘာတို့ သွားတွေ ပူးပေါင်းတယ်၊ ဝန်ကြီးရာထူးယူကြတယ်မဟုတ်လား။ သူတို့ လုပ်ငန်းတွေ အားမပေးနဲ့၊ ဆိုင်တွေ သူတို့ပစ္စည်းတွေ မရောင်းပေးနဲ့၊ သူတို့ ဝန်ထမ်းတွေ ထွက်ပစ် စတဲ့ Movement တွေ။

ကိုယ်ကစီးပွါးရေးသမားဆိုတော့ ဒါတွေဖြစ်လာရင် ဘယ်လောက်ခေါင်းကိုက်မယ်ဆိုတာ ကောင်းကောင်းသိတယ်။ အခု မိုင်တဲတို့ မြန်မာဘီယာတို့ စထိနေပြီ။ တရားမဝင်အစိုးရနဲ့ သွားပေါင်းတဲ့သူတွေကိုပါ ပက်ပက်စက်စက် လုပ်လို့ရတယ်ဆိုတာပြောတာ။

(ဒေါက်တာကျော်ကျော်စိုင်း)

———–

လူျပန္ကယ္ဌာနတခုလုံး အလုပ္မဆင္းတဲ့ကိစၥ ႏွင့္ အခြင့္အ‌ေရးသမား အေမရိကန္က ျမန္မာသံအမတ္..

ေဒါက္တာသက္သက္ခိုင္ကို လူျပန္ကယ္ဝန္ႀကီးေပးလိုက္တယ္ တစ္႐ုံးလုံး အလုပ္မဆင္းေတာ့ဘူး။ ပြဲကေတာ့ လွတယ္။ Civil Movement ရဲ႕ အႏွစ္က ဒါပါပဲ။ ေအာက္မွာ ခိုင္းရမယ့္သူမရွိရင္ ထိုင္ခုံႀကီး ဘာလုပ္ရမွာလဲ၊ အာဏာရွိတယ္ဆိုၿပီး လက္ေအာက္ငယ္သားမရွိ ဘာျဖစ္မလဲ။

ငါဘုရင္ကြဆိုၿပီး ဘယ္သူမွ ေသာက္ဖက္မလုပ္လို႔ ကိုယ့္အိမ္က ေခြးႏွစ္ေကာင္ကိုပဲ ခိုင္းလို႔ရတဲ့ အ႐ူးလိုျဖစ္ေနမွာေပါ့။ သမၼတထိုင္တဲ့ခုံလဲ ထိုင္ခ်င္ရင္ ယုဇနပလာဇာမွာ သြားဝယ္ၿပီး အိမ္မွာ စိတ္ႀကိဳက္ထိုင္လို႔ရပါတယ္။ That is Civil Movement ပါ။

ေန႔တိုင္း ရပ္သြားမွာစိုးလို႔ ေစာင့္ၾကည့္ေနတာ။ အခု အမ်ားႀကီးပါလာၿပီ ပညာေရးပါလာတာ အရမ္းအားရ၊ ႏိုင္ငံျခားေရးေတြပါလာရင္ ပိုအားရမယ္။ တစ္ခုေတာ့ရွိတယ္ အေမရိကန္သံအမတ္တဲ့ CDM လုပ္တယ္ဆိုၿပီး Asylum ေလွ်ာက္သတဲ့၊ အဲ့ဒါ သက္သက္ ဖ်ာခင္းတာ ဘာမွ ႏိုင္ငံအတြက္မဟုတ္ဘူး။

CDM ဆိုတာ အလုပ္ထြက္တာမဟုတ္ဘူး။ လိုခ်င္တာရဖို႔ အစိုးရကို မႀကိဳက္လို႔ အလုပ္မဆင္းေတာ့တာ၊ ကိုယ့္အစိုးရျပန္တက္တာနဲ႔ အသာေလး ပုံမွန္ျပန္ဆင္း႐ုံပဲ၊ ျပန္လည္ပတ္ဖို႔ ျပန္ကိုဆင္းေပးရမွာ။ အဲ့ဒါမွ CDM အစစ္။ ႏိုင္ငံေရးခိုလႈံခြင့္ေတာင္းတယ္ဆိုတာ ဖ်ာခင္းၿပီး သက္သက္ အေျခအေနကို အခြင့္အေရးယူတာပဲ။

CDM အရွိန္ရလာၿပီဆိုတာ ေသခ်ာတယ္။ ေနာက္တစ္ဆင့္ တက္လို႔ရတယ္။ အစိုးရဝန္ထမ္းေတြတင္ မဟုတ္ဘူး၊ အျပင္လူေတြပါ ပါလို႔ရတယ္။ UMFCCI တို႔ဘာတို႔ သြားေတြ ပူးေပါင္းတယ္၊ ဝန္ႀကီးရာထူးယူၾကတယ္မဟုတ္လား။ သူတို႔ လုပ္ငန္းေတြ အားမေပးနဲ႔၊ ဆိုင္ေတြ သူတို႔ပစၥည္းေတြ မေရာင္းေပးနဲ႔၊ သူတို႔ ဝန္ထမ္းေတြ ထြက္ပစ္ စတဲ့ Movement ေတြ။

ကိုယ္ကစီးပြါးေရးသမားဆိုေတာ့ ဒါေတြျဖစ္လာရင္ ဘယ္ေလာက္ေခါင္းကိုက္မယ္ဆိုတာ ေကာင္းေကာင္းသိတယ္။ အခု မိုင္တဲတို႔ ျမန္မာဘီယာတို႔ စထိေနၿပီ။ တရားမဝင္အစိုးရနဲ႔ သြားေပါင္းတဲ့သူေတြကိုပါ ပက္ပက္စက္စက္ လုပ္လို႔ရတယ္ဆိုတာေျပာတာ။

(ေဒါက္တာေက်ာ္ေက်ာ္စိုင္း)

Be the first to comment on "လူပြန်ကယ်ဌာနတခုလုံး အလုပ်မဆင်းတဲ့ကိစ္စ နှင့် အခွင့်အ‌ရေးသမား အမေရိကန်က မြန်မာသံအမတ်…"

Leave a comment

Your email address will not be published.


*