————–
ပရိသတ်ကြီးရေ မင်းရတုပိုင်ကတော့ မိန်းကလေး ပရိသတ်တွေအသည်းစွဲ ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ မမက မောင်ခေါ်ရာလိုက်မှာလား သီချင်းနဲ့ မိန်းကလေးပရိသတ်တွေ ရင်ထဲကိုရောက်ရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ Music Video အသစ်တွေ ကိုလည်း ပရိသတ်တွေက တခဲနက်အားပေးဝန်းရံခဲ့ကြတာပဲ ဖြစ်ပါ တယ်။
ဒါ့အပြင် သူ့ရဲ့အမြဲပျော်ပျော်နေတတ်ကာ TikTokလေးတွေဆော့ တတ်တာကြောင့်သူ့ရဲ့ပရိသတ်တွေကတော့ သူ့ရဲ့TikTokလေးတွေကို အားပေးဝန်းရံလျက်ရှိကြပါတယ်။လတ်တလောမှာလည်း ငါတကယ်ချစ်လို့ဆိုတဲ့ အချစ်သီချင်းလေးထွက် ရှိထားတာပါ။
အချစ်ရေးအနေနဲ့ အခုချိန်ထိထုတ်ဖော်ပြခြင် းမရှိခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ရဲ့ Relationship statusကို တင်လာခဲ့တာကြောင့် ပရိသတ်တွေနဲ့အတူ အနုပညာမောင်နှမတွေအံ့အားသင့်ခဲ့ကြတာပါ။ လတ်တလောထွက်ရှိထားတဲ့ Music mtvမှာပါဝင်ထားတဲ့ သရုပ်ဆောင်မော်ဒယ်လ် သက်နှင်းသခင်နဲ့ ချစ်သူတွေဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ချပြခဲ့တာပါ။ ပရိသတ်ကြီးထဲမှာရော မင်းရတုပိုင်ကို ချစ်သူမရှိစေချင်တဲ့သူတွေရှိရင်မှတ်ချက်တစ်ခုလောက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source : Min Yatu Paing , Credit –Myanmar Cele- Cafe
Be the first to comment on "ချစ်သူ ရရှိနေပြီဖြစ်ကြောင်း Relationship ချိတ်ကာ ပရိသတ်တွေကို Surpriseပြုလုပ်ခဲ့တဲ့ အဆိုတော် မင်းရတုပိုင်"