NLD အစိုးရသက္တမ္း ဒုတိယအႀကိမ္မွာ ႏိုင္ငံလူဦးေရရဲ႕ ၁၀ ပုံ ၁ ပုံေက်ာ္ရွိၿပီး လူဦးေရထူထပ္တဲ့ စီးပြားေရး ၿမိဳ႕ေတာ္ ရန္ကုန္ကို ဦးေဆာင္မယ့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေနရာအတြက္ ဘယ္လိုပုဂၢိဳလ္ကို ေ႐ြးခ်ယ္မလဲဆိုတာ ၿမိဳ႕ေနလူထုအပါအဝင္ စီးပြားေရး၊ ႏိုင္ငံေရး အစရွိတဲ့ နယ္ပယ္အသီးသီးက ပုဂၢိဳလ္ေတြက စိတ္ဝင္စားေနပါတယ္။
NLD အစိုးရအေနနဲ႔ ရန္ကုန္ၿမိဳ႕ကို အေျပာင္းအလဲေကာင္းေတြနဲ႔ ဦးေဆာင္ႏိုင္မယ့္သူကို ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
ျပည္ေထာင္စုအဆင့္မွာ အစိုးရဖြဲ႕ႏိုင္တဲ့ အေရအတြက္ အႏိုင္ရထားၿပီးျဖစ္တဲ့ NLD ပါတီဟာ ၂၀၀၈ အေျခခံ ဥပေဒအရ တိုင္းနဲ႔ျပည္နယ္ေတြမွာ ဝန္ႀကီးခ်ဳပ္ေတြကို လာမယ့္ ၂၀၂၁ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ စိတ္ႀကိဳက္ ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။
စီးပြားေရးၿမိဳ႕ေတာ္၊ ရန္ကုန္မွာ ဝန္ႀကီးခ်ဳပ္ျဖစ္လာႏိုင္မယ့္သူေတြကို ခန႔္မွန္းခ်က္ေတြ ဒီရက္ပိုင္းအတြင္း ေတာ္ေတာ္မ်ားမ်ား ေတြ႕လာရပါတယ္။
NLD ရဲ႕ ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ ကေတာ့ ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ တိုင္းနဲ႔ ျပည္နယ္ေတြက ဝန္ႀကီးခ်ဳပ္ေတြကို စိတ္ႀကိဳက္ ေ႐ြးခ်ယ္ခန႔္အပ္မွာျဖစ္တယ္လို႔ သတင္း မီဒီယာေတြကို ထုတ္ေျပာထားပါတယ္။
ၿပီးခဲ့တဲ့ ငါးႏွစ္တာကာလကို သင္ခန္းစာယူၿပီး ပိုေကာင္းတဲ့သူကို ေ႐ြးခ်ယ္ႏိုင္လိမ့္မယ္လို႔ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။
“ပြင့္လင္းျမင္သာမႈက လိုအပ္ပါတယ္။ ၿပီးခဲ့တဲ့ ငါးႏွစ္တုန္းက အျခားျပည္နယ္နဲ႔ တိုင္းေတြမွာ အစိုးရနဲ႔ လႊတ္ေတာ္ၾကားပြတ္တိုက္မႈ သိပ္မရွိခဲ့ေပမယ့္။ ရန္ကုန္တိုင္းမွာ ပြတ္တိုက္မႈေတြ အမ်ားႀကီးျဖစ္ခဲ့တယ္၊ လႊတ္ေတာ္နဲ႔ ဝန္ႀကီးခ်ဳပ္နဲ႔ ေငြစာရင္းရွင္းတမ္းနဲ႔ ပတ္သက္တာ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးနဲ႔ ပတ္သက္တာေတြ အမ်ား ႀကီးရွိခဲ့တယ္။ အခုေနာက္တက္လာမယ့္အစိုးရမွာ ၿပီးခဲ့တဲ့ ငါးႏွစ္တာကို သင္ခန္းစာယူမယ္ထင္ပါတယ္။ ေတာ္တဲ့ဝန္ႀကီးခ်ဳပ္ေတြ လုပ္ရည္ကိုင္ရည္ရွိမယ့္ဝန္ႀကီးခ်ဳပ္ေတြ ေပၚထြက္လာမယ္လို႔ ထင္ပါတယ္။”
လက္ရွိမွာေတာ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေနရာအတြက္ ဒဂုံၿမိဳ႕နယ္က အႏိုင္ရကိုယ္စားလွယ္၊ လက္ရွိ ရန္ကုန္တိုင္း စီမံဘ႑ာဝန္ႀကီး ဦးရဲမင္းဦး ၊
ေဒါပုံၿမိဳ႕နယ္က အႏိုင္ရကိုယ္စားလွယ္ လက္ရွိေဒါပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္းေအာင္ (ခ) ဦးၿပဳံးခ်ိဳ၊ သာေကတၿမိဳ႕နယ္က အႏိုင္ရ ကိုယ္စားလွယ္ လက္ရွိ ရန္ကုန္တိုင္း လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း တို႔ကို ထင္ေၾကးေပးေနၾကတာျဖစ္ပါတယ္။
“ထင္ေၾကးေပးေနၾကတဲ့ ကိုရဲမင္းဦးနဲ႔ ကိုၿပဳံးခ်ိဳ ႏွစ္ေယာက္လုံးက ျဖစ္ႏိုင္ေခ်ရွိတယ္ ဒါေပမဲ့ ေက်ာ္ၾကားပုံ ခ်င္း မတူဘူး။ NLD ပါတီရဲ႕ ဦးၿဖိဳးမင္းသိန္းကို ေ႐ြးခ်ယ္ခဲ့တဲ့ စဥ္းစားပုံစဥ္းစားနည္းနဲ႔ဆိုရင္ အဲပုံစံအတိုင္း စဥ္းစားမယ္ဆိုရင္ ကိုရဲမင္းဦးက ျဖစ္ႏိုင္ေခ်ရွိတယ္။ ကိုၿပဳံးခ်ိဳကေတာ့ လႊတ္ေတာ္ပိုင္း လႊတ္ေတာ္ဥကၠ႒လို ေနရာမ်ိဳးနဲ႔ ပိုၿပီးကိုက္ညီတာေတြ႕ရတယ္။ ရန္ကုန္ဆိုတဲ့ စိန္ေခၚမႈနဲ႔ ခ်ိန္ကိုက္စဥ္းစားရင္ေတာ့ ကိုရဲမင္းဦး ၿပီးရင္ ကိုႏိုင္ငံလင္းလို႔ ေျပာလို႔ရတယ္ ဘာေၾကာင့္လဲဆိုေတာ့သူက အေတြ႕အႀကဳံရွိလို႔ေလ သူက ငါးႏွစ္ အေတြ႕အႀကဳံရသြားၿပီ။”
ႏိုင္ငံေရးေဆာင္းပါးေတြ ေရးသားေနတဲ့ ကိုသီဟေသြး သုံးသပ္သြားတာပါ။
လက္ရွိဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ေရာက္ ေ႐ြးခ်ယ္ခံထားျခင္း မရွိပါဘူး။
ရန္ကုန္တိုင္းဟာ ႏိုင္ငံေရးအရေရာ၊ စီးပြားေရးအရပါ အေရးႀကီးတဲ့ေဒသတစ္ခုျဖစ္ပါတယ္။ တပ္မေတာ္၊ USDP နဲ႔ NLD အစိုးရေတြက တိုင္းအစိုးရအဖြဲ႕ကို ေ႐ြးခ်ယ္ၾကရာမွာ ပိုမို ဂ႐ုစိုက္ေ႐ြးခ်ယ္ခဲ့ၾကတဲ့ေဒသလည္းျဖစ္ပါတယ္။
လူမႈသဟဇာတေဖာ္ေဆာင္ေရးအဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ကိုသက္ေဆြဝင္းကေတာ့ လူထုအသံ နားေထာင္တဲ့ ဝန္ႀကီးခ်ဳပ္မ်ိဳးကို လိုလားတယ္လို႔ ေျပာပါတယ္။
“ျပည္သူေတြနဲ႔ ထိေတြ႕မႈမ်ားမ်ားလုပ္ဖို႔ လိုမယ္လို႔ထင္တယ္။ ရန္ကုန္တိုင္းအေျခစိုက္အရပ္ဖက္ အဖြဲ႕အစည္း ေတြရွိတယ္ သူတို႔နဲ႔ ေကာင္းမြန္တဲ့ဆက္ဆံေရးတည္ေဆာက္ဖို႔လိုတယ္ သူတို႔အသံနားေထာင္ဖို႔လိုတယ္။ ပူးေပါင္းေဆာင္႐ြက္ဖို႔လိုတယ္။ ၿပီးခဲ့တဲ့ ငါးႏွစ္ကိုၾကည့္ရင္ အရပ္ဖက္အဖြဲ႕နဲ႔ အစိုးရ ပူးေပါင္းမႈက အား မေကာင္းခဲ့ဘူး။ အလုပ္မျဖစ္ခဲ့တာေတြ႕ရတယ္။ အစိုးရကလည္း လုပ္ခ်င္တာလုပ္တယ္၊ အရပ္ဖက္အဖြဲ႕ေတြ ကလည္း ဝိုင္းေျပာတာရွိတယ္။ စည္ပင္ေ႐ြးေကာက္ပြဲကအစ စနစ္မက်ခဲ့တာရွိတယ္။”
လူဦးေရမ်ားၿပီး ျပႆနာမ်ားတဲ့ ရန္ကုန္တိုင္းေဒသႀကီးကို ၿပီးခဲ့တဲ့ သက္တမ္း ငါးႏွစ္အတြင္း စီမံအုပ္ခ်ဳပ္ရတဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဟာ ေဝဖန္မႈေတြ ခံခဲ့ရပါတယ္။
ၿမိဳ႕တြင္းေျပးဆြဲတဲ့ ခရီးသည္တင္ယာဥ္လိုင္း (မထသ) ကို ဖ်က္သိမ္းၿပီး ယာဥ္အကူေနာက္လိုက္မပါတဲ့ YBS စနစ္နဲ႔ ယာဥ္လိုင္းေတြကို ေျပာင္းလဲခဲ့တာကေတာ့ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းလက္ထက္မွာ ရန္ကုန္တိုင္းအတြင္း အမ်ားျမင္သာေအာင္ အေကာင္အထည္ေဖာ္ခဲ့တဲ့စီမံကိန္းႀကီး ျဖစ္ပါတယ္။
ဒီစီမံကိန္းရဲ႕ ေနာက္ကြယ္မွာ ကုမၸဏီ၊ အစုရွယ္ယာေတြ၊ ယာဥ္ပိုင္ရွင္ေတြၾကား ျပႆနာတခ်ိဳ႕ ရွိေနဆဲ ျဖစ္ပါတယ္။
စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းကေတာ့ တိုင္းအစိုးရဟာ မူဝါဒခ်မွတ္တဲ့အပိုင္းကို ပိုမိုအားစိုက္ ခဲ့သင့္တယ္လို႔ မွတ္ခ်က္ျပဳပါတယ္။
“အစိုးရက လုပ္မယ္ပဲရွိတယ္၊ လုပ္ခဲ့တာက YBS ပဲရွိတယ္ Water Taxi က ျပႆနာေတြ တက္ေနတယ္၊ အေႂကြးေတြေတာင္းေနတယ္။ YBS လည္း ေျပာရရင္ ရွယ္ယာရွင္ေတြက အက်ိဳးအျမတ္မရတာျဖစ္ေနတယ္။ က်န္တဲ့လုပ္ငန္းက အေကာင္အထည္ေဖာ္မယ္ေျပာတာပဲ ေအာင္ျမင္တာ မေတြ႕ရဘူး။ ေနာက္တစ္ခ်က္ ေထာက္ျပခ်င္တာက အစိုးရအေနနဲ႔ အားလုံးကိုယ္လုပ္ခ်င္တာျဖစ္ေနတယ္၊ အမွန္က အစိုးရက ကိုယ္တိုင္ ဝင္မလုပ္ဘဲ ေပၚလစီခ်ေပးသင့္တာ။ ပုဂၢလိကက ခ်ျပရင္လက္မခံဘူး။ သူလုပ္ခ်င္တာကိုပဲ ဝင္လုပ္ဆိုတာမ်ိဳး သူလုပ္ခ်င္တာကလည္း လက္ေတြ႕မဆန္တာမ်ားေတာ့ လက္ေတြ႕က်က် အေကာင္အထည္မေဖာ္ႏိုင္ဘူးလို႔ ျမင္တယ္။”
စီးပြားေရးမွာ အစိုးရက ဦးေဆာင္ၿပီး ဝင္ေရာက္လုပ္ကိုင္တာမ်ိဳးမလုပ္ဘဲ လုပ္ငန္းရွင္ေတြ လုပ္ကိုင္ႏိုင္ေအာင္ အခင္းအက်င္းမ်ိဳး ဖန္တီးေပးသင့္တယ္လို႔ သူက ယူဆပါတယ္။
လက္ရွိအစိုးရလက္ထက္မွာ ရန္ကုန္တိုင္းအတြင္း အေကာင္အထည္ေဖာ္ဖို႔ ေဆာင္႐ြက္ေနတဲ့ စီမံကိန္းေပါင္း ၈၀ ရွိပါတယ္။
ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ အိမ္ရာသစ္ေဖာ္ေဆာင္ေရး၊ မိုးပ်ံတံတား၊ ရထားအဆင့္ျမႇင့္တင္ေရး၊ ဘူတာ႐ုံ အဆင့္ျမႇင့္တင္ေရး၊ ေျမေအာက္ရထားလမ္း၊ စက္မႈဇုန္သစ္ေဖာ္ေဆာင္ေရး၊ ဆိပ္ကမ္းသစ္တည္ေဆာက္ေရး၊ ငါးလုပ္ငန္း၊ စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာ စီမံကိန္းေတြ ပါဝင္ၿပီး ဒီစီမံကိန္းေတြ ၿပီးစီးမႈ အေျခအေနကို ထုတ္ျပန္ ေပးဖို႔ လိုတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။
အစိုးရအဖြဲ႕သစ္မွာ တာဝန္ထမ္းေဆာင္မယ့္ ပုဂၢိဳလ္ေတြအေနနဲ႔ စီမံကိန္းေတြကို လက္လႊဲယူတဲ့အခါ ဘ႑ာေရး စည္းကမ္းနဲ႔ အညီလက္ခံဖို႔ Yangon Watch တည္ေထာင္သူ ေဒၚညိဳညိဳသင္းက သတိေပးပါတယ္။
“ရန္ကုန္အစိုးရက လုပ္လက္စ စီမံကိန္းေတြ ေတာ္ေတာ္မ်ားမ်ားက ေမးခြန္းထုတ္စရာေတြရွိေနတယ္။ လႊတ္ေတာ္ ကေမးတာေတြကိုလည္း ျပန္မေျဖထားတဲ့ စီမံကိန္းေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရတယ္။ ေနာက္တက္မယ့္ ရန္ကုန္အစိုးရက အခုအစိုးရလုပ္ထားတာေတြကို ေတာ္ေတာ္ေလးကို ေျဖရွင္းရမယ့္ သေဘာေတြ႕ေနတယ္။ ေခါင္းကိုက္ရမယ့္အေနအထားလို႔ သုံးသပ္မိတယ္။ ပြင့္လင္းျမင္သာမႈအပိုင္းမွာေရာ တာဝန္ခံမႈအပိုင္းမွာေရာ ေနာက္တက္မယ့္ အစိုးရအေနနဲ႔ အရင္အစိုးရဆီက လုပ္ငန္းေတြကို လက္လြဲယူရင္ တိက်ေသခ်ာတဲ့ ဘ႑ာေရး စည္းကမ္းေတြနဲ႔အညီ လုပ္ထုံး လုပ္နည္းေတြနဲ႔ ရယူပါလို႔။”
မၿပီးျပတ္ခဲ့တဲ့ စီမံကိန္းေတြထဲမွာ က်ဴးေက်ာ္ေတြ ျပန္လည္ေနရာခ်ထားေရးလည္း ပါဝင္ပါတယ္။
ဒါ့အျပင္ လမ္းေဘးေဈးသည္ေတြကို ရွင္းမယ္ဆိုၿပီးလုပ္ခဲ့တဲ့ ညေဈးစီမံကိန္းကလည္း လက္ေတြ႕မွာ အလုပ္ မျဖစ္လို႔ အစိုးရအေနနဲ႔ ေငြကုန္ခဲ့တာပဲ အဖတ္တင္တယ္လို႔ ေျမာက္ဒဂုံမွာေနထိုင္တဲ့ မေနျခည္ဝင္းကေတာ့ ေထာက္ျပပါတယ္။
“ညေဈးစီမံကိန္းကို ရန္ကုန္ၿမိဳ႕တြင္း လမ္းေဘးေဈးသည္ေတြအကုန္လုံး ေနရာတစ္ခုသတ္မွတ္ၿပီးစခဲ့တာ ဒီစီမံကိန္းစၿပီး သိပ္မၾကာခင္လပိုင္းမွာပဲ ရန္ကုန္ၿမိဳ႕ထဲမွာ လမ္းေဘးေဈးသည္ေတြ ျပန္ေရာက္လာတယ္။ တိုင္းအစိုးရရဲ႕ က်ပ္သန္းေပါင္းမ်ားစြာသုံးၿပီးလုပ္ခဲ့တဲ့စီမံကိန္း မေအာင္ျမင္ဘူးလို႔ ေျပာရမွာေပါ့ ႏွေျမာစရာ ေကာင္းပါတယ္။”
ရန္ကုန္ကို စီမံခန႔္ခြဲရမယ့္သူဟာ လက္ေတြ႕က်က် အလုပ္လုပ္ႏိုင္မယ့္သူမ်ိဳး ျဖစ္ရမယ္လို႔ ေမာ္ကြန္းမဂၢဇင္း တည္ေထာင္သူ ကိုေဇယ်ာလႈိင္က ေျပာပါတယ္။
“ေလလုံးေတြထြားၿပီး လူထုကို လိမ္တာမ်ိဳး မလိုခ်င္ေတာ့ဘူး။ စတက္လာတုန္းက ကြမ္းယာ ျပႆနာ ရွင္းမယ္ေပါ့ ၿမိဳ႕ညစ္ပတ္တယ္ေပါ့ ၿပီးေတာ့မလုပ္ႏိုင္ဘူး။ ေနာက္တစ္ခုက က်ဴးေက်ာ္ျပသနာ ရန္ကုန္ၿမိဳ႕ျပရဲ႕ အႀကီးမားဆုံးျပသနာထဲမွာပါတယ္။ ေလသံပစ္ၿပီး တကယ္တမ္းမလုပ္ေပးႏိုင္ဘူး။ ၿပီးေတာ့ခပ္တည္တည္နဲ႔ သူအေကာင္းဆုံးလုပ္ေပးႏိုင္သလိုမ်ိဳး စီးပြားေရးဆိုရင္လည္း စက္သုံးဆီလိုမ်ိဳးေပါ့။ ျပည္သူေတြကို ေဈးသက္ သက္သာသာနဲ႔ သုံးႏိုင္မယ္ဆိုၿပီး တကယ္တမ္းက်ေတာ့ ေဈးက က်မွမက်တာ။ အဲဒါမ်ိဳးေတြ ေလလုံးမထြားဘဲ လူထုအက်ိဳးျပဳမယ့္ကိစၥမ်ိဳးေတြကို လက္ေတြ႕က်က်လုပ္ႏိုင္မယ့္ အစိုးရမ်ိဳး ေမွ်ာ္လင့္ပါတယ္။”
၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရန္ကုန္တိုင္းအတြင္း ကိုးကိုးကြၽန္းၿမိဳ႕နယ္ကလြဲၿပီး က်န္တဲ့ၿမိဳ႕နယ္အားလုံးနီးပါးမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက အႏိုင္ရခဲ့တာျဖစ္ပါတယ္။
အသစ္တက္လာမယ့္ ရန္ကုန္တိုင္းအစိုးရနဲ႔ အစိုးရအဖြဲ႕ကို ဦးေဆာင္မယ့္ ဝန္ႀကီးခ်ဳပ္သစ္ကေတာ့ ကပ္ေဘးနဲ႔ ကပ္ေဘးအလြန္ကာလ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြကို ဦးစြာေပးရမွာျဖစ္ၿပီး အလုပ္လက္မဲ့ျပႆနာ ေျဖရွင္းဖို႔နဲ႔ စီးပြားေရးလုပ္ငန္းေတြ နလန္ျပန္ထူႏိုင္ေရးအတြက္ မုခ်ေဆာင္႐ြက္ရမွာပဲျဖစ္ပါတယ္။
————–
NLD အစိုးရသက်တမ်း ဒုတိယအကြိမ်မှာ နိုင်ငံလူဦးရေရဲ့ ၁၀ ပုံ ၁ ပုံကျော်ရှိပြီး လူဦးရေထူထပ်တဲ့ စီးပွားရေး မြို့တော် ရန်ကုန်ကို ဦးဆောင်မယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် ဘယ်လိုပုဂ္ဂိုလ်ကို ရွေးချယ်မလဲဆိုတာ မြို့နေလူထုအပါအဝင် စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေက စိတ်ဝင်စားနေပါတယ်။
NLD အစိုးရအနေနဲ့ ရန်ကုန်မြို့ကို အပြောင်းအလဲကောင်းတွေနဲ့ ဦးဆောင်နိုင်မယ့်သူကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။
ပြည်ထောင်စုအဆင့်မှာ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် အနိုင်ရထားပြီးဖြစ်တဲ့ NLD ပါတီဟာ ၂၀၀၈ အခြေခံ ဥပဒေအရ တိုင်းနဲ့ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ စိတ်ကြိုက် ရွေးချယ်ခန့်အပ်နိုင်တော့မှာဖြစ်ပါတယ်။
စီးပွားရေးမြို့တော်၊ ရန်ကုန်မှာ ဝန်ကြီးချုပ်ဖြစ်လာနိုင်မယ့်သူတွေကို ခန့်မှန်းချက်တွေ ဒီရက်ပိုင်းအတွင်း တော်တော်များများ တွေ့လာရပါတယ်။
NLD ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကတော့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တိုင်းနဲ့ ပြည်နယ်တွေက ဝန်ကြီးချုပ်တွေကို စိတ်ကြိုက် ရွေးချယ်ခန့်အပ်မှာဖြစ်တယ်လို့ သတင်း မီဒီယာတွေကို ထုတ်ပြောထားပါတယ်။
ပြီးခဲ့တဲ့ ငါးနှစ်တာကာလကို သင်ခန်းစာယူပြီး ပိုကောင်းတဲ့သူကို ရွေးချယ်နိုင်လိမ့်မယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောပါတယ်။
“ပွင့်လင်းမြင်သာမှုက လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက အခြားပြည်နယ်နဲ့ တိုင်းတွေမှာ အစိုးရနဲ့ လွှတ်တော်ကြားပွတ်တိုက်မှု သိပ်မရှိခဲ့ပေမယ့်။ ရန်ကုန်တိုင်းမှာ ပွတ်တိုက်မှုတွေ အများကြီးဖြစ်ခဲ့တယ်၊ လွှတ်တော်နဲ့ ဝန်ကြီးချုပ်နဲ့ ငွေစာရင်းရှင်းတမ်းနဲ့ ပတ်သက်တာ မြို့ပြဖွံ့ဖြိုးရေးနဲ့ ပတ်သက်တာတွေ အများ ကြီးရှိခဲ့တယ်။ အခုနောက်တက်လာမယ့်အစိုးရမှာ ပြီးခဲ့တဲ့ ငါးနှစ်တာကို သင်ခန်းစာယူမယ်ထင်ပါတယ်။ တော်တဲ့ဝန်ကြီးချုပ်တွေ လုပ်ရည်ကိုင်ရည်ရှိမယ့်ဝန်ကြီးချုပ်တွေ ပေါ်ထွက်လာမယ်လို့ ထင်ပါတယ်။”
လက်ရှိမှာတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာအတွက် ဒဂုံမြို့နယ်က အနိုင်ရကိုယ်စားလှယ်၊ လက်ရှိ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ၊
ဒေါပုံမြို့နယ်က အနိုင်ရကိုယ်စားလှယ် လက်ရှိဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချို၊ သာကေတမြို့နယ်က အနိုင်ရ ကိုယ်စားလှယ် လက်ရှိ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့ကို ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
“ထင်ကြေးပေးနေကြတဲ့ ကိုရဲမင်းဦးနဲ့ ကိုပြုံးချို နှစ်ယောက်လုံးက ဖြစ်နိုင်ချေရှိတယ် ဒါပေမဲ့ ကျော်ကြားပုံ ချင်း မတူဘူး။ NLD ပါတီရဲ့ ဦးဖြိုးမင်းသိန်းကို ရွေးချယ်ခဲ့တဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ဆိုရင် အဲပုံစံအတိုင်း စဉ်းစားမယ်ဆိုရင် ကိုရဲမင်းဦးက ဖြစ်နိုင်ချေရှိတယ်။ ကိုပြုံးချိုကတော့ လွှတ်တော်ပိုင်း လွှတ်တော်ဥက္ကဋ္ဌလို နေရာမျိုးနဲ့ ပိုပြီးကိုက်ညီတာတွေ့ရတယ်။ ရန်ကုန်ဆိုတဲ့ စိန်ခေါ်မှုနဲ့ ချိန်ကိုက်စဉ်းစားရင်တော့ ကိုရဲမင်းဦး ပြီးရင် ကိုနိုင်ငံလင်းလို့ ပြောလို့ရတယ် ဘာကြောင့်လဲဆိုတော့သူက အတွေ့အကြုံရှိလို့လေ သူက ငါးနှစ် အတွေ့အကြုံရသွားပြီ။”
နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ကိုသီဟသွေး သုံးသပ်သွားတာပါ။
လက်ရှိဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ရွေးချယ်ခံထားခြင်း မရှိပါဘူး။
ရန်ကုန်တိုင်းဟာ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အရေးကြီးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ တပ်မတော်၊ USDP နဲ့ NLD အစိုးရတွေက တိုင်းအစိုးရအဖွဲ့ကို ရွေးချယ်ကြရာမှာ ပိုမို ဂရုစိုက်ရွေးချယ်ခဲ့ကြတဲ့ဒေသလည်းဖြစ်ပါတယ်။
လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းကတော့ လူထုအသံ နားထောင်တဲ့ ဝန်ကြီးချုပ်မျိုးကို လိုလားတယ်လို့ ပြောပါတယ်။
“ပြည်သူတွေနဲ့ ထိတွေ့မှုများများလုပ်ဖို့ လိုမယ်လို့ထင်တယ်။ ရန်ကုန်တိုင်းအခြေစိုက်အရပ်ဖက် အဖွဲ့အစည်း တွေရှိတယ် သူတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုတယ် သူတို့အသံနားထောင်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကိုကြည့်ရင် အရပ်ဖက်အဖွဲ့နဲ့ အစိုးရ ပူးပေါင်းမှုက အား မကောင်းခဲ့ဘူး။ အလုပ်မဖြစ်ခဲ့တာတွေ့ရတယ်။ အစိုးရကလည်း လုပ်ချင်တာလုပ်တယ်၊ အရပ်ဖက်အဖွဲ့တွေ ကလည်း ဝိုင်းပြောတာရှိတယ်။ စည်ပင်ရွေးကောက်ပွဲကအစ စနစ်မကျခဲ့တာရှိတယ်။”
လူဦးရေများပြီး ပြဿနာများတဲ့ ရန်ကုန်တိုင်းဒေသကြီးကို ပြီးခဲ့တဲ့ သက်တမ်း ငါးနှစ်အတွင်း စီမံအုပ်ချုပ်ရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟာ ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
မြို့တွင်းပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်လိုင်း (မထသ) ကို ဖျက်သိမ်းပြီး ယာဉ်အကူနောက်လိုက်မပါတဲ့ YBS စနစ်နဲ့ ယာဉ်လိုင်းတွေကို ပြောင်းလဲခဲ့တာကတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလက်ထက်မှာ ရန်ကုန်တိုင်းအတွင်း အများမြင်သာအောင် အကောင်အထည်ဖော်ခဲ့တဲ့စီမံကိန်းကြီး ဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ နောက်ကွယ်မှာ ကုမ္ပဏီ၊ အစုရှယ်ယာတွေ၊ ယာဉ်ပိုင်ရှင်တွေကြား ပြဿနာတချို့ ရှိနေဆဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းကတော့ တိုင်းအစိုးရဟာ မူဝါဒချမှတ်တဲ့အပိုင်းကို ပိုမိုအားစိုက် ခဲ့သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။
“အစိုးရက လုပ်မယ်ပဲရှိတယ်၊ လုပ်ခဲ့တာက YBS ပဲရှိတယ် Water Taxi က ပြဿနာတွေ တက်နေတယ်၊ အကြွေးတွေတောင်းနေတယ်။ YBS လည်း ပြောရရင် ရှယ်ယာရှင်တွေက အကျိုးအမြတ်မရတာဖြစ်နေတယ်။ ကျန်တဲ့လုပ်ငန်းက အကောင်အထည်ဖော်မယ်ပြောတာပဲ အောင်မြင်တာ မတွေ့ရဘူး။ နောက်တစ်ချက် ထောက်ပြချင်တာက အစိုးရအနေနဲ့ အားလုံးကိုယ်လုပ်ချင်တာဖြစ်နေတယ်၊ အမှန်က အစိုးရက ကိုယ်တိုင် ဝင်မလုပ်ဘဲ ပေါ်လစီချပေးသင့်တာ။ ပုဂ္ဂလိကက ချပြရင်လက်မခံဘူး။ သူလုပ်ချင်တာကိုပဲ ဝင်လုပ်ဆိုတာမျိုး သူလုပ်ချင်တာကလည်း လက်တွေ့မဆန်တာများတော့ လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်ဘူးလို့ မြင်တယ်။”
စီးပွားရေးမှာ အစိုးရက ဦးဆောင်ပြီး ဝင်ရောက်လုပ်ကိုင်တာမျိုးမလုပ်ဘဲ လုပ်ငန်းရှင်တွေ လုပ်ကိုင်နိုင်အောင် အခင်းအကျင်းမျိုး ဖန်တီးပေးသင့်တယ်လို့ သူက ယူဆပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအတွင်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ၈၀ ရှိပါတယ်။
ရန်ကုန်မြို့သစ်စီမံကိန်း၊ အိမ်ရာသစ်ဖော်ဆောင်ရေး၊ မိုးပျံတံတား၊ ရထားအဆင့်မြှင့်တင်ရေး၊ ဘူတာရုံ အဆင့်မြှင့်တင်ရေး၊ မြေအောက်ရထားလမ်း၊ စက်မှုဇုန်သစ်ဖော်ဆောင်ရေး၊ ဆိပ်ကမ်းသစ်တည်ဆောက်ရေး၊ ငါးလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ စီမံကိန်းတွေ ပါဝင်ပြီး ဒီစီမံကိန်းတွေ ပြီးစီးမှု အခြေအနေကို ထုတ်ပြန် ပေးဖို့ လိုတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အစိုးရအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ စီမံကိန်းတွေကို လက်လွှဲယူတဲ့အခါ ဘဏ္ဍာရေး စည်းကမ်းနဲ့ အညီလက်ခံဖို့ Yangon Watch တည်ထောင်သူ ဒေါ်ညိုညိုသင်းက သတိပေးပါတယ်။
“ရန်ကုန်အစိုးရက လုပ်လက်စ စီမံကိန်းတွေ တော်တော်များများက မေးခွန်းထုတ်စရာတွေရှိနေတယ်။ လွှတ်တော် ကမေးတာတွေကိုလည်း ပြန်မဖြေထားတဲ့ စီမံကိန်းတွေ တော်တော်များများတွေ့ရတယ်။ နောက်တက်မယ့် ရန်ကုန်အစိုးရက အခုအစိုးရလုပ်ထားတာတွေကို တော်တော်လေးကို ဖြေရှင်းရမယ့် သဘောတွေ့နေတယ်။ ခေါင်းကိုက်ရမယ့်အနေအထားလို့ သုံးသပ်မိတယ်။ ပွင့်လင်းမြင်သာမှုအပိုင်းမှာရော တာဝန်ခံမှုအပိုင်းမှာရော နောက်တက်မယ့် အစိုးရအနေနဲ့ အရင်အစိုးရဆီက လုပ်ငန်းတွေကို လက်လွဲယူရင် တိကျသေချာတဲ့ ဘဏ္ဍာရေး စည်းကမ်းတွေနဲ့အညီ လုပ်ထုံး လုပ်နည်းတွေနဲ့ ရယူပါလို့။”
မပြီးပြတ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ ကျူးကျော်တွေ ပြန်လည်နေရာချထားရေးလည်း ပါဝင်ပါတယ်။
ဒါ့အပြင် လမ်းဘေးဈေးသည်တွေကို ရှင်းမယ်ဆိုပြီးလုပ်ခဲ့တဲ့ ညဈေးစီမံကိန်းကလည်း လက်တွေ့မှာ အလုပ် မဖြစ်လို့ အစိုးရအနေနဲ့ ငွေကုန်ခဲ့တာပဲ အဖတ်တင်တယ်လို့ မြောက်ဒဂုံမှာနေထိုင်တဲ့ မနေခြည်ဝင်းကတော့ ထောက်ပြပါတယ်။
“ညဈေးစီမံကိန်းကို ရန်ကုန်မြို့တွင်း လမ်းဘေးဈေးသည်တွေအကုန်လုံး နေရာတစ်ခုသတ်မှတ်ပြီးစခဲ့တာ ဒီစီမံကိန်းစပြီး သိပ်မကြာခင်လပိုင်းမှာပဲ ရန်ကုန်မြို့ထဲမှာ လမ်းဘေးဈေးသည်တွေ ပြန်ရောက်လာတယ်။ တိုင်းအစိုးရရဲ့ ကျပ်သန်းပေါင်းများစွာသုံးပြီးလုပ်ခဲ့တဲ့စီမံကိန်း မအောင်မြင်ဘူးလို့ ပြောရမှာပေါ့ နှမြောစရာ ကောင်းပါတယ်။”
ရန်ကုန်ကို စီမံခန့်ခွဲရမယ့်သူဟာ လက်တွေ့ကျကျ အလုပ်လုပ်နိုင်မယ့်သူမျိုး ဖြစ်ရမယ်လို့ မော်ကွန်းမဂ္ဂဇင်း တည်ထောင်သူ ကိုဇေယျာလှိုင်က ပြောပါတယ်။
“လေလုံးတွေထွားပြီး လူထုကို လိမ်တာမျိုး မလိုချင်တော့ဘူး။ စတက်လာတုန်းက ကွမ်းယာ ပြဿနာ ရှင်းမယ်ပေါ့ မြို့ညစ်ပတ်တယ်ပေါ့ ပြီးတော့မလုပ်နိုင်ဘူး။ နောက်တစ်ခုက ကျူးကျော်ပြသနာ ရန်ကုန်မြို့ပြရဲ့ အကြီးမားဆုံးပြသနာထဲမှာပါတယ်။ လေသံပစ်ပြီး တကယ်တမ်းမလုပ်ပေးနိုင်ဘူး။ ပြီးတော့ခပ်တည်တည်နဲ့ သူအကောင်းဆုံးလုပ်ပေးနိုင်သလိုမျိုး စီးပွားရေးဆိုရင်လည်း စက်သုံးဆီလိုမျိုးပေါ့။ ပြည်သူတွေကို ဈေးသက် သက်သာသာနဲ့ သုံးနိုင်မယ်ဆိုပြီး တကယ်တမ်းကျတော့ ဈေးက ကျမှမကျတာ။ အဲဒါမျိုးတွေ လေလုံးမထွားဘဲ လူထုအကျိုးပြုမယ့်ကိစ္စမျိုးတွေကို လက်တွေ့ကျကျလုပ်နိုင်မယ့် အစိုးရမျိုး မျှော်လင့်ပါတယ်။”
၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ကိုးကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်အားလုံးနီးပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့တာဖြစ်ပါတယ်။
အသစ်တက်လာမယ့် ရန်ကုန်တိုင်းအစိုးရနဲ့ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဝန်ကြီးချုပ်သစ်ကတော့ ကပ်ဘေးနဲ့ ကပ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဦးစွာပေးရမှာဖြစ်ပြီး အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ နလန်ပြန်ထူနိုင်ရေးအတွက် မုချဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
Be the first to comment on "အသစ်တက်လာမယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ဘယ်သူဖြစ်မလဲ"