၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲအတြင္း မဲ႐ုံေတြမွာ တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဆရာမ ၂ ေယာက္ဟာ ကိုဗစ္-၁၉ ေရာဂါ ေၾကာင့္ ေသဆုံးခဲ့တယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ား အဖြဲ႕ခ်ဳပ္ကေန သိရပါတယ္။
ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ အမက(ဖို႔ေျမ)က အလယ္တန္းျပဆရာမ တစ္ေယာက္နဲ႔ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ အထက(၂)က အလယ္တန္းျပဆရာမ တစ္ေယာက္တို႔ ကိုဗစ္-၁၉ ကူးစက္ခံရၿပီး ေသဆုံးခဲ့တာျဖစ္ပါတယ္။
ေသဆုံးသြားတဲ့ ဆရာမႏွစ္ေယာက္ တာဝန္ထမ္းေဆာင္ခဲ့တဲ့ မဲ႐ုံေတြနဲ႔ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ စုံစမ္းေနဆဲ ျဖစ္တယ္လို႔ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္ရဲ႕ အတြင္းေရးမႉး ေဒါက္တာေဇာ္မ်ိဳးလႈိင္က ေျပာပါတယ္။
ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႕ခ်ဳပ္က စုံစမ္းရယူထားတဲ့ စာရင္းေတြအရ ႏိုဝင္ဘာ ၂၆ ရက္အထိ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံထားရတဲ့ ဆရာ/ဆရာမ ၅၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။
သတင္း -လြင္မိုးေအာင္
——————-
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံတွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ သိရပါတယ်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)က အလယ်တန်းပြဆရာမ တစ်ယောက်နဲ့ ဗိုလ်တထောင်မြို့နယ်၊ အထက(၂)က အလယ်တန်းပြဆရာမ တစ်ယောက်တို့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ဆရာမနှစ်ယောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က စုံစမ်းရယူထားတဲ့ စာရင်းတွေအရ နိုဝင်ဘာ ၂၆ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့ ဆရာ/ဆရာမ ၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။
သတင်း -လွင်မိုးအောင်
Be the first to comment on "မဲရုံတာဝန်ကျ ဆရာမ ၂ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်"