Unicode
ပရိသတ်ကြီးရေ ဒီနေ့နိုဝင်ဘာလ (၈)ရက်နေ့မှာတော့ နိုင်ငံသားတိုင်း တာဝန်ကျေပွန်စွာမဲပေးခဲ့ကြပြီထင်ပါတယ် ။ ကိုယ်နှစ်သက်ရာ ပါတီကို မဲပေးရွေးချယ်ခဲ့ကြပြီး မဲရလဒ်အဖြေကို ရင်ခုန်စွာစောင့်မျှော်နေလောက်ပါပြီ ။
သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဝိုင်းတစ်ယောက်ကလည်း နိုင်ငံသားတစ်ယောက်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပြီးနောက်မှာ အမေစုရဲ့စကားကို မမေ့လျော့ကြဖို့သတိပေးစကားဆိုလာခဲ့ပါတယ် ။
ဘော်ဘော်တို့…ရင်ခုန်နေပီမလား…YMBAမဲရုံထဲကို စိုးရိမ်ရင်ခုန်စွာနဲ့ဝင်သွားခဲ့တယ်..တဖြည်းဖြည်းနဲ့….အားနာလာတယ်…အပြတ်အသတ်ကွာနေတာကိုး…ပုဇွန်တောင်.. မဲရုံတွေကတော့….နိုင်ဖို့သေချာသလောက်ဖြစ်နေပါပီ…ပျော်ကြတယ်…ဟုတ်..တခုတော့..သတိပေးချင်ပါတယ်..အမေစုကမှာထားတယ်. နော်ရှုံးရှုံးနိုင်နိုင်တည်ငြိမ်ရမယ်…တဲ့… မဲသတင်းတွေက..အိမ်ကနေပဲ..နားထောင်ကြပါ.. ဆိုတဲ့ စာသားနဲ့အမေစုရဲ့ စကားကို မမေ့လျော့ကြဖို့ ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။
တချို့ပရိသတ်တွေကတော့ ဒါရိုက်တာဝိုင်းနဲ့ထပ်တူ NLD ကိုမဲပေးခဲ့ကြပြီး ရင်ခုန်စွာမဲစာရင်းကို စောင့်မျှော်နေကြပြီဖြစ်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ ပရိသတ်ကြီးရေ .. နိုင်ငံသားတစ်ယောက်တာဝန်ကိုကျေပွန်အောင် မဲပေးခဲ့ကြပြီးပြီလား မှတ်ချက်ပေးခဲ့ပါဦးနော် ။
Be the first to comment on "ရှုံးရှုံးနိုင်နိုင် တည်ငြိမ်ရမယ်ဆိုတဲ့ အမေစုရဲ့စကားကိုနားထောင်ကြဖို့သတိပေးစကားဆိုခဲ့တဲ့ ဒါရိုက်တာ ဝိုင်း"