ဖားကန့်မြို့အဝင် လမ်းချဲ့ရာမှ ကျောက်စိမ်းကြော ပေါ်လာ၊ လူများ လာရောက် ရှာဖွေနေကြ

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕အဝင္ ေမာ္ဝမ္းရပ္ကြက္ အေပၚလမ္းႏွင့္ ေဆး႐ုံသြားလမ္းေထာင့္ ေဒသအေခၚ ၾကက္တစ္ေကာက္ကုန္း၌ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္ကမတီက လမ္းက်ဥ္းေျမာင္းဟုဆိုကာ ဘက္ဖိုးမ်ားျဖင့္ လမ္းကမ္းပါးယံမ်ား ၿဖိဳခ်ၿပီး လမ္းခ်ဲ႕ရာတြင္ ေျမမွန္ေက်ာက္စိမ္းေၾကာ ေပၚလာသျဖင့္ ေရမေဆးေက်ာက္ရွာေဖြသူ အမ်ားအျပား လာေရာက္၍ ေက်ာက္လာရွာၾကေၾကာင္း သတင္းရရွိပါတယ္။

ေရမေဆးေက်ာက္စိမ္း လာေရာက္ရွာေဖြသူမ်ားအား ေမးျမန္းရာ ေျမမွန္ေက်ာက္စိမ္းေၾကာ ေပၚေနသည္မွာ ႏိုဝင္ဘာ ၂၃ ရက္ ေန႔လယ္က စတင္ေပၚခဲ့ၿပီးေနာက္ ဘက္ဖိုးျဖင့္ ကမ္းပါးယံမ်ား ၿဖိဳခ်ရာတြင္ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ား ေပၚလာခဲ့ေၾကာင္း ၊ အဆိုပါသတင္းရရွိသျဖင့္ ေရမေဆးေက်ာက္ရွာသူ အမ်ားအျပား လာေရာက္ရွာေဖြၾကေၾကာင္း၊ ေဈးေကာင္းရ မရ မသိရေသာ္လည္း ေက်ာက္လာဝယ္သူ၊ ေရမေဆးေက်ာက္ရွာသူမ်ား လာေရာက္ ေရာင္းဝယ္ၾကေၾကာင္း ေျပာၾကားပါတယ္။

“ဘက္ဖိုး ႏွစ္စီး၊ ကားက ရွစ္စီးနဲ႔ ေဆး႐ုံသြားလမ္း ခ်ဲ႕တာပါ။ ေက်ာက္ေၾကာကေတာ့ ေပၚလာေတာ့ ဟုတ္ပါတယ္။ ဒါေပမယ့္ ေက်ာက္လာရွာသူေတြ အႏၲရာယ္ျဖစ္မွာစိုးလို႔ ကန႔္သတ္ ရွာခိုင္းပါတယ္။ ကုမၸဏီေတြက ေက်ာက္မတူးရေတာ့ သူတို႔လည္း အလုပ္မရွိေတာ့ လာရွာၾကတာထင္ပါတယ္။ ေက်ာက္ေတာ့ ရေတာ့ ရၾကတယ္နဲ႔ တူပါတယ္”ဟု ဖားကန႔္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးျမင့္ေအးက ေျပာၾကားပါတယ္။

ဖားကန႔္ေဒသည္ ေက်ာက္စိမ္းထြက္ရွိရာ ရတနာေမွာ္ေဒသ ျဖစ္ေသာ္လည္း ကိုဗစ္- ၁၉ ကမာၻ႔ကူးစက္ေရာဂါေၾကာင့္ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းမ်ား နားထားလ်က္ရွိၿပီး ႏွစ္စဥ္ ေအာက္တိုဘာလမွ စတင္ကာ ဇြန္လအထိ ရွစ္လအခ်ိန္သည္ ေက်ာက္စိမ္းတူးေဖာ္မႈလုပ္ငန္းမ်ား လုပ္ေဆာင္ေသာ ကာလျဖစ္ၿပီး ထိုအခ်ိန္မ်ား၌ ျမန္မာႏိုင္ငံ အနယ္နယ္အရပ္ရပ္မွ ဖားကန႔္ေဒသသို႔ ေရမေဆးေက်ာက္ လာေရာက္ရွာေဖြသူ သုံးသိန္းခန႔္ တက္ေရာက္ခဲ့ေၾကာင္း သိရပါတယ္။

——–

ကချင်ပြည်နယ် ဖားကန့်မြို့အဝင် မော်ဝမ်းရပ်ကွက် အပေါ်လမ်းနှင့် ဆေးရုံသွားလမ်းထောင့် ဒေသအခေါ် ကြက်တစ်ကောက်ကုန်း၌ မြို့နယ်စည်ပင်သာယာရေးကော်ကမတီက လမ်းကျဉ်းမြောင်းဟုဆိုကာ ဘက်ဖိုးများဖြင့် လမ်းကမ်းပါးယံများ ဖြိုချပြီး လမ်းချဲ့ရာတွင် မြေမှန်ကျောက်စိမ်းကြော ပေါ်လာသဖြင့် ရေမဆေးကျောက်ရှာဖွေသူ အများအပြား လာရောက်၍ ကျောက်လာရှာကြကြောင်း သတင်းရရှိပါတယ်။

ရေမဆေးကျောက်စိမ်း လာရောက်ရှာဖွေသူများအား မေးမြန်းရာ မြေမှန်ကျောက်စိမ်းကြော ပေါ်နေသည်မှာ နိုဝင်ဘာ ၂၃ ရက် နေ့လယ်က စတင်ပေါ်ခဲ့ပြီးနောက် ဘက်ဖိုးဖြင့် ကမ်းပါးယံများ ဖြိုချရာတွင် ကျောက်စိမ်းအရိုင်းတုံးများ ပေါ်လာခဲ့ကြောင်း ၊ အဆိုပါသတင်းရရှိသဖြင့် ရေမဆေးကျောက်ရှာသူ အများအပြား လာရောက်ရှာဖွေကြကြောင်း၊ ဈေးကောင်းရ မရ မသိရသော်လည်း ကျောက်လာဝယ်သူ၊ ရေမဆေးကျောက်ရှာသူများ လာရောက် ရောင်းဝယ်ကြကြောင်း ပြောကြားပါတယ်။

“ဘက်ဖိုး နှစ်စီး၊ ကားက ရှစ်စီးနဲ့ ဆေးရုံသွားလမ်း ချဲ့တာပါ။ ကျောက်ကြောကတော့ ပေါ်လာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျောက်လာရှာသူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ကန့်သတ် ရှာခိုင်းပါတယ်။ ကုမ္ပဏီတွေက ကျောက်မတူးရတော့ သူတို့လည်း အလုပ်မရှိတော့ လာရှာကြတာထင်ပါတယ်။ ကျောက်တော့ ရတော့ ရကြတယ်နဲ့ တူပါတယ်”ဟု ဖားကန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အေးက ပြောကြားပါတယ်။

ဖားကန့်ဒေသည် ကျောက်စိမ်းထွက်ရှိရာ ရတနာမှော်ဒေသ ဖြစ်သော်လည်း ကိုဗစ်- ၁၉ ကမ္ဘာ့ကူးစက်ရောဂါကြောင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ နားထားလျက်ရှိပြီး နှစ်စဉ် အောက်တိုဘာလမှ စတင်ကာ ဇွန်လအထိ ရှစ်လအချိန်သည် ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ လုပ်ဆောင်သော ကာလဖြစ်ပြီး ထိုအချိန်များ၌ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသသို့ ရေမဆေးကျောက် လာရောက်ရှာဖွေသူ သုံးသိန်းခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Be the first to comment on "ဖားကန့်မြို့အဝင် လမ်းချဲ့ရာမှ ကျောက်စိမ်းကြော ပေါ်လာ၊ လူများ လာရောက် ရှာဖွေနေကြ"

Leave a comment

Your email address will not be published.


*