မြွေတစ်ကောင်ဝင်သွားသဖြင့် လိုက်လံတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ








———–

မြွေတစ်ကောင်ဝင်သွားသဖြင့် လိုက်လံတူးဖော်ရာမှ ရှေးဟောင်းဘုရားများ တွေ့ရှိ

ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ (က)ရပ်ကွက် အိမ်အမှတ် (က.၅) ဦးစိုးနိုင်(ကစစ.၁၆) နေအိမ်နောက်ဖက် မြစ်ကမ်းအနီး ရှေးဟောင်းဘုရားပျက်အတွင်းမှ

ဌာပနာ ကြေးဆင်းတု အကောင်း ၄၆ ဆူ၊ အပျက် ၄ ဆူ၊ ဌာပနာကြုတ်စေတီပုံ ကြေး ၁ ဆူ၊ ကြေး အပျက် ၄ ဆူ တွေ့ရှိခဲ့ရပါသည်။

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့်

လိုက်လံတူးဖေါ်ရာမှ ဘုရားများတွေ့ရှိရကြောင်း သိရှိရသဖြင့်

အများသူငါဖူးမြင် ကြည်ညိုနိုင်ကြစေရန် ရည်ရွယ်တင်ပြလိုက်ရပါသည်။

စစ်ရင်သွေး(ပန်းတောင်း)

Be the first to comment on "မြွေတစ်ကောင်ဝင်သွားသဖြင့် လိုက်လံတူးဖော်ရာမှ ရှေးဟောင်းဆင်းတုတော်များ တွေ့ရှိ"

Leave a comment

Your email address will not be published.


*