ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ အပါအဝင္ ကိုဗစ္ ကာကြယ္ေဆးမထိုးသင့္တဲ့ လူအုပ္စုေတြအေၾကာင္းကို ျမန္မာျပည္ က်န္းမာေရးဝန္ႀကီးဌာနက တရားဝင္ ထုတ္ျပန္ေပးလိုက္ပါတယ္။ ဇန္နဝါရီ (၂၃) ရက္ကထုတ္ျပန္လိုက္တဲ့ “ကိုဗစ္ ကာကြယ္ေဆးႏွင့္ ပတ္သက္ေသာေမးခြန္းႏွင့္အေျဖမ်ား (အပိုင္း-၂)” မွာ ထည့္သြင္းထုတ္ျပန္ေပးလိုက္တာ ျဖစ္ပါတယ္။
ကိုဗစ္ကာကြယ္ေဆးကို ကိုဗစ္အတည္ျပဳလူနာေတြ၊ သံသယလူနာနဲ႔ ေရာဂါလကၡဏာေပ်ာက္ကင္းၿပီး (၁၄) ရက္ မေက်ာ္ေသးတဲ့သူေတြ မထိုးရပါဘူး။ ကိုဗစ္သံသယ လကၡဏာေတြျဖစ္တဲ့ ေခ်ာင္းဆိုး၊ ဖ်ားနာ၊ အနံအရသာေပ်ာက္ေနသူေတြ၊ အသက္ရႈရခက္ခဲသူေတြ ကာကြယ္ေဆးမထိုးသင့္သလို ကိုယ္ဝန္ေဆာင္နဲ႔ ႏို႔တိုက္မိခင္ေတြ၊ အသက္ (၁၈) ႏွစ္ေအာက္ရွိသူေတြ မထိုးသင့္ဘူး လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။
ကိုယ္အဂၤါ အစားထိုးကုသထားသူ၊ ခုခံအားက်ေရာဂါရွိသူနဲ႔ ခုခံအားက် ေဆးဝါးသုံးစြဲသူရသူေတြ အေနနဲ႔ ကိုဗစ္ကာကြယ္ေဆး ထိုးသင့္မသင့္ကို သက္ဆိုင္ရာ ဆရာဝန္ေတြဆီမွာ ႀကိဳတင္တိုင္ပင္ ရမွာျဖစ္ပါတယ္။
နာတာရွည္ေရာဂါအခံရွိသူေတြကေတာ့ ကိုဗစ္ကူးစက္ႏိုင္ေျခ၊ ေသဆုံးႏိုင္ေျခမ်ားတဲ့အတြက္ ကိုဗစ္ကာကြယ္ေဆးကိုေတာ့ ထိုးသင့္တယ္လို႔ ေဖာ္ျပပါရွိပါတယ္။
က်န္းမာေရးဝန္ႀကီးဌာန
————
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အပါအဝင် ကိုဗစ် ကာကွယ်ဆေးမထိုးသင့်တဲ့ လူအုပ်စုတွေအကြောင်းကို မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေးလိုက်ပါတယ်။ ဇန်နဝါရီ (၂၃) ရက်ကထုတ်ပြန်လိုက်တဲ့ “ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သောမေးခွန်းနှင့်အဖြေများ (အပိုင်း-၂)” မှာ ထည့်သွင်းထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ်အတည်ပြုလူနာတွေ၊ သံသယလူနာနဲ့ ရောဂါလက္ခဏာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးတဲ့သူတွေ မထိုးရပါဘူး။ ကိုဗစ်သံသယ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ ဖျားနာ၊ အနံအရသာပျောက်နေသူတွေ၊ အသက်ရှုရခက်ခဲသူတွေ ကာကွယ်ဆေးမထိုးသင့်သလို ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ အသက် (၁၈) နှစ်အောက်ရှိသူတွေ မထိုးသင့်ဘူး လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကိုယ်အင်္ဂါ အစားထိုးကုသထားသူ၊ ခုခံအားကျရောဂါရှိသူနဲ့ ခုခံအားကျ ဆေးဝါးသုံးစွဲသူရသူတွေ အနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်မသင့်ကို သက်ဆိုင်ရာ ဆရာဝန်တွေဆီမှာ ကြိုတင်တိုင်ပင် ရမှာဖြစ်ပါတယ်။
နာတာရှည်ရောဂါအခံရှိသူတွေကတော့ ကိုဗစ်ကူးစက်နိုင်ခြေ၊ သေဆုံးနိုင်ခြေများတဲ့အတွက် ကိုဗစ်ကာကွယ်ဆေးကိုတော့ ထိုးသင့်တယ်လို့ ဖော်ပြပါရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန
Be the first to comment on "ကိုဗစ် ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ပြီ"