မြန်မာမှာ လပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်တော့မယ်

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို ျမန္မာႏိုင္ငံမွာ လာမယ့္ ႏွစ္အတြင္း လူဦးေရအားလုံးရဲ႕ ၄ဝ ရာခိုင္ႏႈန္း နဲ႔ ၂ဝ၂၂ ခုႏွစ္အတြင္း က်န္ ၆ဝ ရာခိုင္ႏႈန္းကို ထိုးႏွံေပးႏိုင္ဖို႔ ရည္မွန္းထားတယ္လို႔ ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဖြဲ႕စည္းထားတဲ့ NITAG ႏိုင္တက္ ေခၚ အမ်ိဳးသား ကာကြယ္ေဆးထိုးႏွံမႈ အႀကံေပးအဖြဲ႕ဝင္ ဆရာဝန္ႀကီး ပါေမာကၡ ဦးသိန္းေအာင္က RFA ကို ေျပာပါတယ္။ ျပည္သူေတြ အတြက္ အႏၲရာယ္ကင္းတဲ့ ကာကြယ္ေဆးကို ရရွိဖို႔လည္း ႏိုဝင္ဘာ ၂၃ ရက္ေန႔က က်င္းပတဲ့ အစည္းအေဝးမွာ အေလးထားေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အေမရိကန္ေဆးကုမၸဏီ Pfizer ဖိုင္ဇာနဲ႔ ဂ်ာမန္ေဆးကုမၸဏီ Biontech ဘိုင္ယြန္တက္ တို႔က သူတို႔ ကုမၸဏီေတြက ထုတ္မယ့္ Covid-19 ကာကြယ္ေဆးေတြကို ေနာက္ဆုံး တတိယအဆင့္ စမ္းသပ္မႈေတြ ၿပီးဆုံးေအာင္ျမင္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့အပတ္အတြင္းက ထုတ္ေဖာ္ေၾကညာခဲ့သလို ကမာၻတဝန္း ဒီဗိုင္းရပ္စ္ကာကြယ္ေဆးေတြကို မၾကာခင္ စတင္ထိုးႏွံဖို႔ ျပင္ဆင္ေနၾကခ်ိန္မွာ ျမန္မာႏိုင္ငံမွာလည္း အလားတူထိုးႏွံဖို႔ လိုအပ္ခ်က္ေတြကို သက္ဆိုင္ရာေတြက ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန ကာကြယ္ေဆးထိုးႏွံမႈလုပ္ငန္းမွာ အႏွစ္ ၃ဝ ခန႔္ အေတြ႕အႀကဳံရွိၿပီျဖစ္ၿပီး NITAG ႏိုင္တက္ေခၚ အမ်ိဳးသားကာကြယ္ေဆးထိုးႏွံမႈ အႀကံေပးအဖြဲ႕ဝင္အျဖစ္ လက္ရွိေဆာင္႐ြက္ေနတဲ့ အထူးကုဆရာဝန္ႀကီး ပါေမာကၡ ဦးသိန္းေအာင္က ၿပီးခဲ့တဲ့ တနလၤာေန႔က ျပဳလုပ္တဲ့ သူတို႔အဖြဲ႕အစည္းအေဝးမွာ ျမန္မာျပည္သူေတြကို လာမယ့္ ၂ ႏွစ္အတြင္း ကိုဗစ္ ၁၉ ကာကြယ္ေဆးထိုးႏွံဖို႔ ေဆြးေႏြးခဲ့ၾကတယ္လို႔ RFA ကို ေျပာပါတယ္။

“၂ဝ၂၁ ခုႏွစ္မွာ ၄ဝ ရာခိုင္ႏႈန္း ၊ ၂ဝ၂၂ မွာ ၆ဝ ရာခိုင္ႏႈန္းနဲ႔ ၂ ႏွစ္အတြင္းမွာ အၿပီးထိုးဖို႔ မေန႔က က်ေနာ္တို႔ေဆြးေႏြးပါတယ္။ အရင္တုန္းကဆိုရင္ ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်က္က ေတာ္ေတာ္ေလးနည္းတယ္။ အခုေတာ့ ဘတ္ဂ်က္က မ်ားလာတယ္။ လူေတြကို သိေစခ်င္တဲ့အ ေၾကာင္းေလးရွိပါတယ္။ လူေတြက စိုးရိမ္ေတာ့ အျပင္မွာလာၿပီး ကာကြယ္ေဆးထိုးခ်င္တယ္လို႔ စုံစမ္းေမးျမန္း လုပ္ၾကတယ္။

က်ေနာ္တို႔အေနနဲ႔ ေျပာခ်င္တာက အဲဒါေတြ မလုပ္ပါနဲ႔။ ကာကြယ္ေဆးက အႏၲရာယ္ကင္းတဲ့ ကာကြယ္ေဆးကို က်ေနာ္တို႔ ေ႐ြးၿပီး လုပ္ေနပါတယ္။ ေနာက္တခုက ထိုးမယ့္ အဖြဲ႕အစည္း EPI ( Expanded Program of Immunization ) က်န္းမာေရးဝန္ႀကီးဌာနက ဖြဲ႕ထားတာ။ ဒီဌာနက ဒီလုပ္ငန္းကို ေတာက္ေလွ်ာက္လုပ္တာ ျဖစ္ေတာ့ အေတြ႕အႀကဳံ အမ်ားႀကီးရွိတယ္။ ပိုေကာင္းတာက ဒီတပတ္ ၂ ပတ္အတြင္းမွာ လူအင္အားေရာ တျခားအင္အားေတြပါ အဲဒီအတြက္ အမ်ားႀကီး ျဖည့္ဆည္းေပးလိုက္တာရွိတယ္”

အဲဒီကာကြယ္ေဆးကို ဗိုင္းရပ္စ္ပိုးကူးစက္မႈ အႏၲရာယ္ အမ်ားဆုံးရွိတဲ့ က်န္းမာေရးဝန္ထမ္းနဲ႔ Volenteer လုပ္အားေပးေတြ ၿပီးရင္ အသက္ႀကီးသူေတြကို ဦးစားေပးမွာျဖစ္ၿပီး တတိယအေနနဲ႔ ကုန္ထုတ္လုပ္ငန္းခြင္က လူေတြကို ရည္မွန္းထားေၾကာင္း၊ လူေနထူထပ္ၿပီး ကူးစက္မႈ အႏၲရာယ္မ်ားတဲ့ေဒသေတြကိုလည္း ထည့္သြင္း စဥ္စားခဲ့ၾကေၾကာင္းနဲ႔ လူမ်ိဳးဘာသာေဒသ ခြဲျခားႏွိမ့္ခ်မႈေတြကို ျပဳလုပ္မွာ မဟုတ္ေၾကာင္းလည္း ေျပာပါတယ္။ ကာကြယ္ေဆးကို လာမယ့္ မတ္လေလာက္မွာ စတင္ ထိုးႏွံႏိုင္မယ္လို႔ သူက ခန႔္မွန္းပါတယ္။

“အေမရိကန္လို တိုင္းျပည္မွာေတာင္မွ ဒီဇင္ဘာကုန္ေလာက္မွ ေတာ္ေတာ္မ်ားမ်ား ျဖစ္ႏိုင္တဲ့ သေဘာရွိတယ္။ က်ေနာ္တို႔က သူတို႔ထက္ ၂ လ ၃လ ေနာက္က်ႏိုင္တယ္။ ေဆးေတြကို စဥ္းစားတဲ့အခါမွာ ၅ ခု ၆ ခုေလာက္ေတာ့ ရွိတယ္။ အဲဒီထဲမွာ က်ေနာ္တို႔လက္ခံတာက WHO အဖြဲ႕အစည္းကေနၿပီးေတာ့ Pre-qualified ေပါ့။ သူတို႔လက္ခံႏိုင္တဲ့ criteria ေတြရွိတဲ့ ေဆးကိုပဲ က်ေနာ္တို႔ က ေ႐ြးဖို႔ စဥ္းစားတယ္။

ဘာလို႔လဲဆိုေတာ့ အဲလိုအဖႊဲ႕အစည္းေတြက ေသခ်ာစနစ္တက် လုပ္ထားတာျဖစ္တဲ့အတြက္ေၾကာင့္ လူေတြအတြက္ အႏၲရာယ္မျဖစ္ဖို႔ဆိုတာ က်ေနာ္တို႔မွာ တာဝန္အမ်ားႀကီးရွိတယ္။ ေနာက္တခုက တခ်ိဳ႕ေဆးေတြဆို ေကာင္းေတာ့ေကာင္းပါတယ္ အေအးကို မိုင္းနပ္စ္ ၈ဝ ဒီဂရီ စင္တီဂရိတ္တို႔ ၉ဝ တို႔ ဆိုတဲ့အခါက်ေတာ့ သယ္ယူပို႔ေဆာင္ေရးက က်ေနာ္တို႔မွာ အမ်ားႀကီး ျပႆနာေတြ တက္တယ္။

က်ေနာ္တို႔ရဲ႕ လက္ရွိအေအးေပး သယ္ယူေရးစနစ္နဲ႔ အဲဒါေတြ လုပ္တဲ့အခါမွာ က်ေနာ္တို႔ upgrading လုပ္ဖို႔လိုတဲ့အခါမွာ ဘယ္ေလာက္ေလာက္ ကုန္က်မလဲ ဘာေတြလိုမလဲ ဆိုတာ အခုစဥ္းစားၿပီး တြက္ေနတာရွိတယ္။ က်ေနာ္တို႔နဲ႔ သင့္ေတာ္မယ္လို႔ ထင္တဲ့ ေဆးေတြေတာ့ရွိတယ္ ဒါေပမဲ့ အားလုံး Consensus မယူရေသးတဲ့အတြက္ က်ေနာ့္အေနနဲ႔ ဒီအခ်ိန္မွာ ေျပာဖို႔ ေတာ္ေတာ္ခက္ပါတယ္”

ျမန္မာႏိုင္ငံမွာ မေန႔က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၁၇ဝဝ ေက်ာ္ကိုေတြ႕ရွိခဲ့ပါတယ္။ စစ္ေဆးႏိုင္တဲ့ ေနရာအေရအတြက္ မ်ားလာတာနဲ႔အမွ် ကူးစက္သူေတြကို ပိုမိုေတြ႕ရွိေနရတယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

ပုဂၢလိက က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစတနာရွင္ေတြ ကိုယ္ထူကိုယ္ထ ဖြင့္လွစ္ထားတဲ့ ေတာင္ဥကၠလာပၿမိဳ႕နယ္ Fever Clinic ဖ်ားနာကုသေရးေဆးခန္းက ေဒါက္တာ ဦးေက်ာ္မင္းထြန္းက ကူးစက္မႈကို စစ္ေဆးဖို႔အတြက္ သူတို႔ ပုဂၢလိကေဆးခန္းေတြကိုလည္း ခြင့္ျပဳသင့္တယ္လို႔ ေျပာပါတယ္။

“ဒီ Fever Clinic မွာ Test Kit ေတြ က်ေနာ္တို႔ေတာက္ေလွ်ာက္ေတာင္းဆိုလာတာ။ အခုအခ်ိန္အထိ တိုင္းက်န္းမာေရးက အသိအမွတ္မျပဳေသးဘူး။ မ်ားမ်ားစစ္ႏိုင္ရင္ မ်ားမ်ားထြက္လာမယ္။ အခုအခ်ိန္အထိ လမ္းမွာေတြ႕တုန္းပဲ။ ႏွာေခါင္းစည္း မတတ္ဘူး။ စည္းကမ္းတက်ေနမယ္ဆိုရင္ေတာ့ တခ်ိန္မွာ ထိန္းခ်ဳပ္သြားႏိုင္မယ္ေပါ့ေနာ္။ မေနဘူး ဒီအတိုင္းဆက္သြားမယ္ဆိုရင္ေတာ့ ထိန္းခ်ဳပ္ႏိုင္ဖို႔ မလြယ္ဘူး။”

ျမန္မာႏိုင္ငံမွာ အခုအခ်ိန္ထိ ကိုဗစ္ ၁၉ ကူးစက္သူ ၈၂ဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၁၇ဝဝ ေက်ာ္ ရွိၿပီျဖစ္ပါတယ္။

—————

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ လာမယ့် နှစ်အတွင်း လူဦးရေအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း နဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကျန် ၆ဝ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ NITAG နိုင်တက် ခေါ် အမျိုးသား ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က RFA ကို ပြောပါတယ်။ ပြည်သူတွေ အတွက် အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးကို ရရှိဖို့လည်း နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အမေရိကန်ဆေးကုမ္ပဏီ Pfizer ဖိုင်ဇာနဲ့ ဂျာမန်ဆေးကုမ္ပဏီ Biontech ဘိုင်ယွန်တက် တို့က သူတို့ ကုမ္ပဏီတွေက ထုတ်မယ့် Covid-19 ကာကွယ်ဆေးတွေကို နောက်ဆုံး တတိယအဆင့် စမ်းသပ်မှုတွေ ပြီးဆုံးအောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်အတွင်းက ထုတ်ဖော်ကြေညာခဲ့သလို ကမ္ဘာတဝန်း ဒီဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို မကြာခင် စတင်ထိုးနှံဖို့ ပြင်ဆင်နေကြချိန်မှာ မြန်မာနိုင်ငံမှာလည်း အလားတူထိုးနှံဖို့ လိုအပ်ချက်တွေကို သက်ဆိုင်ရာတွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းမှာ အနှစ် ၃ဝ ခန့် အတွေ့အကြုံရှိပြီဖြစ်ပြီး NITAG နိုင်တက်ခေါ် အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင်အဖြစ် လက်ရှိဆောင်ရွက်နေတဲ့ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြုလုပ်တဲ့ သူတို့အဖွဲ့အစည်းအဝေးမှာ မြန်မာပြည်သူတွေကို လာမယ့် ၂ နှစ်အတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံဖို့ ဆွေးနွေးခဲ့ကြတယ်လို့ RFA ကို ပြောပါတယ်။

“၂ဝ၂၁ ခုနှစ်မှာ ၄ဝ ရာခိုင်နှုန်း ၊ ၂ဝ၂၂ မှာ ၆ဝ ရာခိုင်နှုန်းနဲ့ ၂ နှစ်အတွင်းမှာ အပြီးထိုးဖို့ မနေ့က ကျနော်တို့ဆွေးနွေးပါတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်က တော်တော်လေးနည်းတယ်။ အခုတော့ ဘတ်ဂျက်က များလာတယ်။ လူတွေကို သိစေချင်တဲ့အ ကြောင်းလေးရှိပါတယ်။ လူတွေက စိုးရိမ်တော့ အပြင်မှာလာပြီး ကာကွယ်ဆေးထိုးချင်တယ်လို့ စုံစမ်းမေးမြန်း လုပ်ကြတယ်။

ကျနော်တို့အနေနဲ့ ပြောချင်တာက အဲဒါတွေ မလုပ်ပါနဲ့။ ကာကွယ်ဆေးက အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးကို ကျနော်တို့ ရွေးပြီး လုပ်နေပါတယ်။ နောက်တခုက ထိုးမယ့် အဖွဲ့အစည်း EPI ( Expanded Program of Immunization ) ကျန်းမာရေးဝန်ကြီးဌာနက ဖွဲ့ထားတာ။ ဒီဌာနက ဒီလုပ်ငန်းကို တောက်လျှောက်လုပ်တာ ဖြစ်တော့ အတွေ့အကြုံ အများကြီးရှိတယ်။ ပိုကောင်းတာက ဒီတပတ် ၂ ပတ်အတွင်းမှာ လူအင်အားရော တခြားအင်အားတွေပါ အဲဒီအတွက် အများကြီး ဖြည့်ဆည်းပေးလိုက်တာရှိတယ်”

အဲဒီကာကွယ်ဆေးကို ဗိုင်းရပ်စ်ပိုးကူးစက်မှု အန္တရာယ် အများဆုံးရှိတဲ့ ကျန်းမာရေးဝန်ထမ်းနဲ့ Volenteer လုပ်အားပေးတွေ ပြီးရင် အသက်ကြီးသူတွေကို ဦးစားပေးမှာဖြစ်ပြီး တတိယအနေနဲ့ ကုန်ထုတ်လုပ်ငန်းခွင်က လူတွေကို ရည်မှန်းထားကြောင်း၊ လူနေထူထပ်ပြီး ကူးစက်မှု အန္တရာယ်များတဲ့ဒေသတွေကိုလည်း ထည့်သွင်း စဉ်စားခဲ့ကြကြောင်းနဲ့ လူမျိုးဘာသာဒေသ ခွဲခြားနှိမ့်ချမှုတွေကို ပြုလုပ်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ကာကွယ်ဆေးကို လာမယ့် မတ်လလောက်မှာ စတင် ထိုးနှံနိုင်မယ်လို့ သူက ခန့်မှန်းပါတယ်။

“အမေရိကန်လို တိုင်းပြည်မှာတောင်မှ ဒီဇင်ဘာကုန်လောက်မှ တော်တော်များများ ဖြစ်နိုင်တဲ့ သဘောရှိတယ်။ ကျနော်တို့က သူတို့ထက် ၂ လ ၃လ နောက်ကျနိုင်တယ်။ ဆေးတွေကို စဉ်းစားတဲ့အခါမှာ ၅ ခု ၆ ခုလောက်တော့ ရှိတယ်။ အဲဒီထဲမှာ ကျနော်တို့လက်ခံတာက WHO အဖွဲ့အစည်းကနေပြီးတော့ Pre-qualified ပေါ့။ သူတို့လက်ခံနိုင်တဲ့ criteria တွေရှိတဲ့ ဆေးကိုပဲ ကျနော်တို့ က ရွေးဖို့ စဉ်းစားတယ်။

ဘာလို့လဲဆိုတော့ အဲလိုအဖွှဲ့အစည်းတွေက သေချာစနစ်တကျ လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် လူတွေအတွက် အန္တရာယ်မဖြစ်ဖို့ဆိုတာ ကျနော်တို့မှာ တာဝန်အများကြီးရှိတယ်။ နောက်တခုက တချို့ဆေးတွေဆို ကောင်းတော့ကောင်းပါတယ် အအေးကို မိုင်းနပ်စ် ၈ဝ ဒီဂရီ စင်တီဂရိတ်တို့ ၉ဝ တို့ ဆိုတဲ့အခါကျတော့ သယ်ယူပို့ဆောင်ရေးက ကျနော်တို့မှာ အများကြီး ပြဿနာတွေ တက်တယ်။

ကျနော်တို့ရဲ့ လက်ရှိအအေးပေး သယ်ယူရေးစနစ်နဲ့ အဲဒါတွေ လုပ်တဲ့အခါမှာ ကျနော်တို့ upgrading လုပ်ဖို့လိုတဲ့အခါမှာ ဘယ်လောက်လောက် ကုန်ကျမလဲ ဘာတွေလိုမလဲ ဆိုတာ အခုစဉ်းစားပြီး တွက်နေတာရှိတယ်။ ကျနော်တို့နဲ့ သင့်တော်မယ်လို့ ထင်တဲ့ ဆေးတွေတော့ရှိတယ် ဒါပေမဲ့ အားလုံး Consensus မယူရသေးတဲ့အတွက် ကျနော့်အနေနဲ့ ဒီအချိန်မှာ ပြောဖို့ တော်တော်ခက်ပါတယ်”

မြန်မာနိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၇ဝဝ ကျော်ကိုတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးနိုင်တဲ့ နေရာအရေအတွက် များလာတာနဲ့အမျှ ကူးစက်သူတွေကို ပိုမိုတွေ့ရှိနေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာရှင်တွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ တောင်ဥက္ကလာပမြို့နယ် Fever Clinic ဖျားနာကုသရေးဆေးခန်းက ဒေါက်တာ ဦးကျော်မင်းထွန်းက ကူးစက်မှုကို စစ်ဆေးဖို့အတွက် သူတို့ ပုဂ္ဂလိကဆေးခန်းတွေကိုလည်း ခွင့်ပြုသင့်တယ်လို့ ပြောပါတယ်။

“ဒီ Fever Clinic မှာ Test Kit တွေ ကျနော်တို့တောက်လျှောက်တောင်းဆိုလာတာ။ အခုအချိန်အထိ တိုင်းကျန်းမာရေးက အသိအမှတ်မပြုသေးဘူး။ များများစစ်နိုင်ရင် များများထွက်လာမယ်။ အခုအချိန်အထိ လမ်းမှာတွေ့တုန်းပဲ။ နှာခေါင်းစည်း မတတ်ဘူး။ စည်းကမ်းတကျနေမယ်ဆိုရင်တော့ တချိန်မှာ ထိန်းချုပ်သွားနိုင်မယ်ပေါ့နော်။ မနေဘူး ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ ထိန်းချုပ်နိုင်ဖို့ မလွယ်ဘူး။”

မြန်မာနိုင်ငံမှာ အခုအချိန်ထိ ကိုဗစ် ၁၉ ကူးစက်သူ ၈၂ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၇ဝဝ ကျော် ရှိပြီဖြစ်ပါတယ်။

RFA

Be the first to comment on "မြန်မာမှာ လပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေး ထိုးနိုင်တော့မယ်"

Leave a comment

Your email address will not be published.


*