ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပေါက်ဖော်ကြီးတွေကို စိန်ခေါ်မယ့် သူရဲကောင်း ၉ ယောက်





Zin Min Nyein

————-

တင်ဒါတင်ဖို့အတွက်အာမခံကြေးပေးလိုက်လို့ ကုမ္ပဏီ ၉ ခုဟာ တရားဝင် တရုတ်အစိုးရပိုင်ကုမ္ပဏီ CCCC ကို စိန်ခေါ်ကြရပါတော့မယ်။

နိုင်ငံအလိုက် ခွဲခြားပြောရရင် မြန်မာ ၃၊ ပြင်သစ် ၃၊ စင်ကာပူ ၁၊ တိုင်ဝမ် ၁၊ အိန္ဒိယ ၁ တို့ပဲဖြစ်ပါတယ်။

ယခုတင်ဒါဟာ ပထမအဆင့်အတွက်ပဲဖြစ်ပြီး၊ မြန်မာအစိုးရဖက်ကနေ နိုင်ငံတကာစံနှုန်းတွေအတိုင်းဖြစ်စေဖို့ ဂျာမဏီကုမ္ပဏီတစ်ခုကို အကြံပေးအတိုင်ပင်ခံအဖြစ် ကြီးကြပ်ဖို့ ငှားထားပြီး ဖြစ်ပါတယ်။

ပြည်သူ့အစိုးရအသစ် လက်ထက်မှာ ရုပ်လုံးပေါ်လာတော့မယ့် ရန်ကုန်မြို့ရဲ့ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်နဲ့ အိမ်ယာစီမံကိန်းကြီး တစ်ခုပဲ ဖြစ်လာပါတော့မယ်။

Zin Min Nyein

Be the first to comment on "ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပေါက်ဖော်ကြီးတွေကို စိန်ခေါ်မယ့် သူရဲကောင်း ၉ ယောက်"

Leave a comment

Your email address will not be published.


*