ဂျပန်ထက် ကိုဗစ်ကာကွယ်ဆေး စောရခဲ့တဲ့ မြန်မာပြည် (ဒီလိုဖြစ်လာဖို့ မစဥ်းစားဝံ့ခဲ့ကြပါဘူး)

<p>ကိုဗစ္ေဆး ဒီကေန႔ေရာက္ၿပီ။ အိႏၵိယကလာတဲ့ ကိုဗစ္ေဆး ၁.၅ သန္း ဒီကေန႔ ေရာက္ကာ မၾကာမီ ေဆးဝန္ထမ္းေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို စထိုးေပးႏိုင္ပါေတာ့မည္။

အိႏၵိယထုတ္ ကိုဗစ္ေဆးဟာ အေအးခန္း ၂ ကေန ၈ ဒီဂရီစင္တီဂရိတ္ပဲလိုတာမို႔ ထိန္းသိမ္းျဖန႔္ခ်ိေပးဖို႔ လြယ္ကူေစပါတယ္။ Covishield ကိုဗစ္ကာကြယ္ေဆးဟာ ၆၂ ကေန ၈၀ ရာခိုင္ႏႈန္းအထိ ထိေရာက္မႈေကာင္းပါသတဲ့။ ျမန္မာအစိုးရဟာ ဒီေနရာမွာ ဂ်ပန္အစိုးရထက္ကို စီမံခန႔္ခြဲမႈ ပိုသာသြားတဲ့သေဘာပါပဲ။

မေန႔က ႏိုင္ငံတကာသတင္းမွာ ဂ်ပန္သတင္းစာေတြက ဂ်ပန္ေတြ ေမလမွ အေစာဆုံး ကိုဗစ္ေဆးကို စတင္ရႏိုင္လိမ့္မယ္လို႔ ေျပာအၿပီး အစိုးရဝန္ႀကီးေတြက ျပာျပာသလဲ မဟုတ္ဘူးျငင္းေနၾကရတာပါ။ ဒါေပမယ့္ ဂ်ပန္အစိုးရေဆးဝန္ထမ္းေတြကို ေဖေဖာ္ဝါရီလကုန္မွ စထိုးႏိုင္မွာျဖစ္ၿပီး၊ ဧၿပီလကုန္မွာ လူသန္း (၅၀) ထိုးေပးမယ္လို႔ ရည္႐ြယ္ထားပါသတဲ့။

ဒါဟာ တစ္ေန႔ကို လူ ၈ သိန္းထိုးေပးရမွာမို႔ မျဖစ္ႏိုင္တဲ့ကိန္းဂဏန္းေတြလို႔ ေလ့လာသူေတြက ဆိုပါတယ္။ အထက္ပါျဖစ္ရပ္ ၂ ခုကိုၾကည့္ၿပီး၊ အစိုးရေကာင္းတစ္ခုဆိုတာ ပိုက္ဆံရွိဖို႔ထက္ ေစတနာရွိဖို႔နဲ႔ စီမံခန႔္ခြဲတတ္မႈေတြက ျပည္သူအတြက္ပိုလို႔ အေရးႀကီးတယ္လို႔ သင္ခန္းစာရႏိုင္ပါတယ္။

ျမန္မာျပည္ဟာ ခ်မ္းသာတဲ့ ဂ်ပန္ကလူေတြထက္ ကိုဗစ္ကာကြယ္ေဆး ေစာကာ စတင္ထိုးခြင့္ရလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ မစဥ္းစားဝံ့ခဲ့ၾကပါဘူး၊ ဒါဟာ ျပည္သူ႔အလႉေငြေစတနာနဲ႔ အစိုးရေစတနာ မွ်တညီၫြတ္စြာျဖင့္ ႀကိဳးစားခဲ့ၾကျခင္းရလာဒ္တစ္ခုလို႔သာ ဆိုလိုက္ခ်င္ပါေတာ့တယ္။ (Zin Min Nyein)

———

<p>ကိုဗစ်ဆေး ဒီကနေ့ရောက်ပြီ။ အိန္ဒိယကလာတဲ့ ကိုဗစ်ဆေး ၁.၅ သန်း ဒီကနေ့ ရောက်ကာ မကြာမီ ဆေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို စထိုးပေးနိုင်ပါတော့မည်။

အိန္ဒိယထုတ် ကိုဗစ်ဆေးဟာ အအေးခန်း ၂ ကနေ ၈ ဒီဂရီစင်တီဂရိတ်ပဲလိုတာမို့ ထိန်းသိမ်းဖြန့်ချိပေးဖို့ လွယ်ကူစေပါတယ်။ Covishield ကိုဗစ်ကာကွယ်ဆေးဟာ ၆၂ ကနေ ၈၀ ရာခိုင်နှုန်းအထိ ထိရောက်မှုကောင်းပါသတဲ့။ မြန်မာအစိုးရဟာ ဒီနေရာမှာ ဂျပန်အစိုးရထက်ကို စီမံခန့်ခွဲမှု ပိုသာသွားတဲ့သဘောပါပဲ။

မနေ့က နိုင်ငံတကာသတင်းမှာ ဂျပန်သတင်းစာတွေက ဂျပန်တွေ မေလမှ အစောဆုံး ကိုဗစ်ဆေးကို စတင်ရနိုင်လိမ့်မယ်လို့ ပြောအပြီး အစိုးရဝန်ကြီးတွေက ပြာပြာသလဲ မဟုတ်ဘူးငြင်းနေကြရတာပါ။ ဒါပေမယ့် ဂျပန်အစိုးရဆေးဝန်ထမ်းတွေကို ဖေဖော်ဝါရီလကုန်မှ စထိုးနိုင်မှာဖြစ်ပြီး၊ ဧပြီလကုန်မှာ လူသန်း (၅၀) ထိုးပေးမယ်လို့ ရည်ရွယ်ထားပါသတဲ့။

ဒါဟာ တစ်နေ့ကို လူ ၈ သိန်းထိုးပေးရမှာမို့ မဖြစ်နိုင်တဲ့ကိန်းဂဏန်းတွေလို့ လေ့လာသူတွေက ဆိုပါတယ်။ အထက်ပါဖြစ်ရပ် ၂ ခုကိုကြည့်ပြီး၊ အစိုးရကောင်းတစ်ခုဆိုတာ ပိုက်ဆံရှိဖို့ထက် စေတနာရှိဖို့နဲ့ စီမံခန့်ခွဲတတ်မှုတွေက ပြည်သူအတွက်ပိုလို့ အရေးကြီးတယ်လို့ သင်ခန်းစာရနိုင်ပါတယ်။

မြန်မာပြည်ဟာ ချမ်းသာတဲ့ ဂျပန်ကလူတွေထက် ကိုဗစ်ကာကွယ်ဆေး စောကာ စတင်ထိုးခွင့်ရလိမ့်မယ်လို့ ကျွန်တော်တို့ မစဥ်းစားဝံ့ခဲ့ကြပါဘူး၊ ဒါဟာ ပြည်သူ့အလှူငွေစေတနာနဲ့ အစိုးရစေတနာ မျှတညီညွတ်စွာဖြင့် ကြိုးစားခဲ့ကြခြင်းရလာဒ်တစ်ခုလို့သာ ဆိုလိုက်ချင်ပါတော့တယ်။ (Zin Min Nyein)

Be the first to comment on "ဂျပန်ထက် ကိုဗစ်ကာကွယ်ဆေး စောရခဲ့တဲ့ မြန်မာပြည် (ဒီလိုဖြစ်လာဖို့ မစဥ်းစားဝံ့ခဲ့ကြပါဘူး)"

Leave a comment

Your email address will not be published.


*