ကိုဗစ္ ကာကြယ္ေဆး အလုံးေရ တသန္းခြဲ မနက္ျဖန္ ျမန္မာျပည္ေရာက္မည္၊ အစီအစဥ္အတိုင္း ထိုးမည္..
ကိုဗစ္ကာကြယ္ေဆးကို ေအာက္ပါအတိုင္း ဦးစားေပး အစီအစဥ္ျဖင့္ ထိုးႏွံ႔ေပးသြားမည္..
(၁) က်န္းမာေရးဝန္ထမ္း
(၂) အစိုးရဝန္ထမ္း
(၃) လႊတ္ေတာ္ကိုယ္စားလွယ္
(၄) ကူးစက္ႏႈန္း ျမင့္မားသည့္ေနရာမ်ားႏွင့္ ေရာဂါျပန႔္ပြားႏိုင္မႈ မ်ားျပားသည့္ ေဒသမ်ားမွ လူမ်ား
ေဆးဝန္ထမ္းေတြကို ဦးစားေပးအေနနဲ႔ ေနာက္တပတ္မွာ စ ထိုးရပါမယ္။ အစိုးရယႏၲရားလည္ပတ္ႏိုင္ေစဖို႔ အစိုးရဝန္ထမ္းေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ထိုးေပးရပါမယ္။ ဒါၿပီးရင္ေတာ့ လူဦးေရ ထူထပ္တဲ့ ေနရာေတြ ေရာဂါျပန္႔ပြားမႈမ်ားတဲ့ ၿမိဳ႕နယ္ / stay at home ၿမိဳ႕နယ္ေတြကို အရင္ ထိုးေပးမယ္။
အလုံးေရ တသန္းခြဲ ျဖစ္ေသာေၾကာင့္ လူ ၇ သိန္းခြဲကိုသာ ထိုးႏွံ႔ေပးႏိုင္ဦးမည္ ျဖစ္သည္။ ေနာက္ထပ္ေရာက္မည့္ ပမာဏ မသိရေသး။ လူတဦးလွ်င္ ကာကြယ္ေဆး ႏွစ္ႀကိမ္ထိုးရမည္ ျဖစ္ေသာေၾကာင့္ တႀကိမ္ႏွင့္ တႀကိမ္ (၂၈) ရက္ၾကားတြင္ အထူးဂ႐ုစိုက္ ေနမွသာ ကာကြယ္ေဆး ေလလြင့္ဆုံးရႈံးမႈ နည္းပါးမည္ ျဖစ္ပါတယ္။
ကိုဗစ္ကာကြယ္ေဆးရန္ပုံေငြ လႉဒါန္းေပးၾကသူမ်ားကို ေက်းဇူးတင္ေၾကာင္း၊ အစိုးရအေနနဲ႔ ရန္ပုံေငြေတြကို အေလအလြင့္ မရွိေစရန္ ဂ႐ုစိုက္ အသုံးျပဳသြားမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသြားပါတယ္။
ျမန္မာႏိုင္ငံေရာ တကမာၻလုံး အျမန္ဆုံး က်န္းမာလာၾကပါေစ..
၂၁-၁-၂၀၂၁ ရက္ေန႔ ည (၈) နာရီ ေဒၚေအာင္ဆန္းစုၾကည္ မိန႔္ခြန္းမွ ေကာက္ႏုတ္ခ်က္
—————
ကိုဗစ် ကာကွယ်ဆေး အလုံးရေ တသန်းခွဲ မနက်ဖြန် မြန်မာပြည်ရောက်မည်၊ အစီအစဉ်အတိုင်း ထိုးမည်..
ကိုဗစ်ကာကွယ်ဆေးကို အောက်ပါအတိုင်း ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံ့ပေးသွားမည်..
(၁) ကျန်းမာရေးဝန်ထမ်း
(၂) အစိုးရဝန်ထမ်း
(၃) လွှတ်တော်ကိုယ်စားလှယ်
(၄) ကူးစက်နှုန်း မြင့်မားသည့်နေရာများနှင့် ရောဂါပြန့်ပွားနိုင်မှု များပြားသည့် ဒေသများမှ လူများ
ဆေးဝန်ထမ်းတွေကို ဦးစားပေးအနေနဲ့ နောက်တပတ်မှာ စ ထိုးရပါမယ်။ အစိုးရယန္တရားလည်ပတ်နိုင်စေဖို့ အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးပေးရပါမယ်။ ဒါပြီးရင်တော့ လူဦးရေ ထူထပ်တဲ့ နေရာတွေ ရောဂါပြန့်ပွားမှုများတဲ့ မြို့နယ် / stay at home မြို့နယ်တွေကို အရင် ထိုးပေးမယ်။
အလုံးရေ တသန်းခွဲ ဖြစ်သောကြောင့် လူ ၇ သိန်းခွဲကိုသာ ထိုးနှံ့ပေးနိုင်ဦးမည် ဖြစ်သည်။ နောက်ထပ်ရောက်မည့် ပမာဏ မသိရသေး။ လူတဦးလျှင် ကာကွယ်ဆေး နှစ်ကြိမ်ထိုးရမည် ဖြစ်သောကြောင့် တကြိမ်နှင့် တကြိမ် (၂၈) ရက်ကြားတွင် အထူးဂရုစိုက် နေမှသာ ကာကွယ်ဆေး လေလွင့်ဆုံးရှုံးမှု နည်းပါးမည် ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးရန်ပုံငွေ လှူဒါန်းပေးကြသူများကို ကျေးဇူးတင်ကြောင်း၊ အစိုးရအနေနဲ့ ရန်ပုံငွေတွေကို အလေအလွင့် မရှိစေရန် ဂရုစိုက် အသုံးပြုသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံရော တကမ္ဘာလုံး အမြန်ဆုံး ကျန်းမာလာကြပါစေ..
၂၁-၁-၂၀၂၁ ရက်နေ့ ည (၈) နာရီ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းမှ ကောက်နုတ်ချက်
Be the first to comment on "ကိုဗစ် ကာကွယ်ဆေး အလုံးရေ တသန်းခွဲ မနက်ဖြန် မြန်မာပြည်ရောက်မည်၊ အစီအစဉ်အတိုင်း ထိုးမည်"