အိန္ဒိယမှ မြန်မာသို့ လှူဒါန်းသော ကိုဗစ် ကာကွယ်ဆေး နှစ်ရက်အတွင်း ရောက်မည်
မြန်မာနိုင်ငံသို့ လှူဒါန်းမည့် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာ ကွယ်ဆေးများ ယနေ့(သို့မဟုတ်) ဇန်နဝါရီ ၂၂ ရက်ရောက်ရှိမည်ဟု ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံရေး နည်းပညာအကြံပေးအဖွဲ့မှ ပါမောက္ခတစ်ဦးက အတည်ပြုသည်။
အိန္ဒိယနိုင်ငံထုတ် Covishield ခေါ် ကိုဗစ်ကာကွယ်ဆေးကို ယင်း နိုင်ငံနှင့်မဟာမိတ်များဖြစ်သော ဘူတန်၊ မော်လဒိုက်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် နီပေါနိုင်ငံတို့ထံ ပေးပို့လှူဒါန်းသွားရန် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီထားရာ မြန်မာနိုင်ငံသို့ နောက်အကျဆုံး ဇန်နဝါရီ ၂၂ ရက်တွင် ရောက်ရှိမည်ဟုမျှော်မှန်းကြောင်း အထက်ပါ အကြံပေးပါမောက္ခက ပြောသည်။
‘‘အိန္ဒိယက ဇန်နဝါရီ ၂၀ ရက်မှာ နိုင်ငံပေါင်း ခြောက်နိုင်ငံ ပို့၊မပို့ဆိုတာတော့ ကျွန်တော်တို့ သေချာမသိဘူး။ မြန်မာနိုင်ငံကို ပို့မယ်ဆိုတာတော့ သေချာတယ်။ ကျွန်တော်တို့မှန်းတာ ဒီတစ်ပတ် လောက်ရောက်မယ်’’ဟု ၎င်းက ဆိုသည်။
သို့သော် မြန်မာနိုင်ငံသို့ရက် ပိုင်းအတွင်း ရောက်ရှိမည့် ကာ ကွယ်ဆေး အရေအတွက်ကိုမူ မသိရှိရသေးဟု ထိုးနှံရေးနည်း ပညာအကြံပေးအဖွဲ့နှင့် အ ကောင်အထည်ဖော်ရေးလုပ်ငန်း အဖွဲ့အပါအဝင် တာဝန်ရှိသူများ က ပြောသည်။
လက်ရှိအခြေအနေတွင်မြန် မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးအလုံးရေ သန်း ၃၀ ဝယ်ယူရန် နှစ်ဖက်သ ဘောတူထားပြီး ပထမအသုတ် ဆေးအလုံးရေ ၁၅ သန်းအတွက် ငွေပေးချေပြီးဖြစ်ကြောင်း နည်း ပညာအကြံပေးအဖွဲ့နှင့် အ ကောင်အထည်ဖော်ရေး လုပ်ငန်း အဖွဲ့ဝင်များက ပြောသည်။
အိန္ဒိယနိုင်ငံမှ ယခုတစ်ပတ် အတွင်းရရှိမည့် ကိုဗစ်ကာကွယ် ဆေးများမှာ နှစ်နိုင်ငံသဘောတူ ညီမှုဖြင့် ဝယ်ယူမည့်ဆေးပမာဏ ထဲကမဟုတ်ဘဲ နှစ်နိုင်ငံမဟာ မိတ် ချစ်ကြည်ရေးအရ လှူဒါန်း မည့်ဆေးများဖြစ်သည်ဟု ဆေး ရရှိရေးအကောင်အထည်ဖော် ရေးလုပ်ငန်းအဖွဲ့ဝင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဒုညွှန်ချုပ် ဒေါက်တာ အေးငြိမ်းက ရှင်းပြသည်။
‘‘အခုဆေးက အစိုးရအဖွဲ့ ချင်း၊ အဖွဲ့ချင်းမေတ္တာနဲ့ ပေးတဲ့ ဟာပေါ့။ ဒီဆေးက သူတို့အိန္ဒိယ မှာတော့ တရားဝင်အသုံးပြုခွင့်ရ ပြီးသားဖြစ်ပါတယ်။ အခုသူတို့ ကနေ လေယာဉ်နဲ့တင်ပေးမယ် လုပ်နေတော့ ကျွန်တော်တို့ဆီက တင်သွင်းခွင့်ပြုကြောင်း ကျန်းမာ ရေးဆိုင်ရာအတည်ပြုထောက်ခံ ချက်တောင်းတယ်။ အဲဒီထောက် ခံချက်ကိုသူတို့ရတော့မှ ဆေးကို လေယာဉ်နဲ့တင်ပေးမှာ’’ ဟု ၎င်း က ပြောသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ကာ ကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ဗဟိုကော်မတီအပါအဝင် နည်းပညာအကြံပေးအဖွဲ့များနှင့်ညှိနှိုင်းပြီး ကာကွယ်ဆေးထိုးနှံရေးဆိုင် ရာလုပ်ငန်းအဆင့်ဆင့်အား စနစ် တကျပြင်ဆင်ထားကြောင်းအကြံ ပေးပညာရှင်များနှင့် အကောင်အ ထည်ဖော်ရေးလုပ်ငန်းအဖွဲ့ဝင် များက ပြောသည်။
ထိုသို့ပြင်ဆင်ထားရာတွင် တစ်နိုင်ငံလုံးရှိ ကာကွယ်ဆေး ထိုးနှံနိုင်သော အသက်(၁၈) နှစ် အထက်လူဦးရေ စာရင်းများပြုစု ထားကာ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး များ၊ ကုသရေးနှင့် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူးများ ဦးဆောင် သောကော်မတီများဖွဲ့စည်း၍ ဦး စားပေးအစီအစဉ်အလိုက် ထိုးနှံ ပေးသွားမည်ဟု ၎င်းတို့က ထပ် လောင်းပြောကြားသည်။
ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်ပြီး နည်းပညာအကြံ ပေးအဖွဲ့ပါမောက္ခက ‘‘အဓိက ကာကွယ်ဆေးထိုးတာက ရောဂါ ကူးစက်မှုကိုဖြတ်တောက်ဖို့နဲ့ ကူး စက်သေဆုံးမှုကိုလျှော့ချဖို့ ဒါက နံပါတ်တစ်ပေါ့။ နှစ်ကတော့နိုင်ငံ ရဲ့စီးပွားရေးလုပ်ငန်းတွေ ပြန် လည်လည်ပတ်ပြီးတော့ ဖွံ့ဖြိုး တိုးတက်ဖို့ပေါ့။ နံပါတ်သုံးက တော့ နိုင်ငံရဲ့လူမှုရေး၊ပညာရေးနဲ့ အဓိကကျတဲ့ဝန်ဆောင်မှုလုပ် ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ ဖြစ် ပါတယ်’’ဟု ရှင်းပြသည်။
ထို့အပြင် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ရန်လိုအပ်ပြီးကမ္ဘာ့ နိုင်ငံအချို့၌ ကာကွယ်ဆေးထိုး ခြင်းကြောင့် အသက်သေဆုံးရ သည်ဟူသော ရေးသားဖော်ပြ ချက်များကို အမှန်ဟုမယူဆဘဲ ဆေးကြောင့်သေဆုံးခြင်းမဟုတ် သည်ကို ရှင်းရှင်းလင်းလင်းသိရှိ ထားရန်လိုအပ်ကြောင်း ကျန်းမာ ရေးပညာရှင်များက ဆိုသည်။
အိန္ဒိယက မြန်မာနိုင်ငံသို့ လှူဒါန်းမည့် Covishield ကိုဗစ် ကာကွယ်ဆေးသည် ကိုဗစ်ရော ဂါကူးစက်ခြင်းအား ကာကွယ်နိုင် သည့်အခြေအနေ ၇၀ ရာခိုင်နှုန်း ကျော်ရှိသည်ဟု ပညာရှင်များက ပြောကြားထားသည်။
7Day News Journal မှကူးယူဝေမျှဖော်ပြပါသည်။
Be the first to comment on "အိန္ဒိယမှ မြန်မာသို့ လှူဒါန်းသော ကိုဗစ် ကာကွယ်ဆေး နှစ်ရက်အတွင်း ရောက်မည်"