မှန်စာကြိုးတပ် စွန်လွှတ်ပါက ထောင်ချမယ့် ဒေသန္တရအမိန့် ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်

မဂ်လာပါ ပရိတ်သတ်ကြီးရေ ကျနော်တို့ မကြားဖူးခံတဲ့ အန္တရာယ် ရှိလို့ ထုတ်လိုက်တဲ့ ဒေသန္တရအမိန့်တစ်ခုကို ယနေ့မှာ ကြားခဲ့ရလို့ အားလုံးသိအောင် ဝေမျှပေးလိုက်ပါတယ်။

စွန်လွှတ်တဲ့ မှန်စာကြိုးတွေဟာ အများပြည်သူကို အန္တရာယ် ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ရန်ကုန်တိုင်း အစိုးရက ရန်ကုန်မှာ မှန်စာစွန်လွှတ်သူတွေကို ထောင်ဒဏ် ချမှတ်နိုင်တဲ့ဒေသန္တရ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ မင်္ဂလာ တောင် ညွန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။

“ကျွန်တော်တို့ ရန်ကုန် တိုင်း ထဲကမြို့နယ် တစ်ခုမှာ စွန်လွှတ် တဲ့မှန်စာကြိုး လည်ပင်းမှာငြိပြီးတော့မှ ပြတ်ရှဒဏ်ရာရပြီး သေဆုံးသွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီလို ရှိခဲ့တဲ့ အတွက်ကြောင့်မို့လို့ အခုလို လမ်းပေါ်မှာ စွန်မှန်စာကြိုးတွေ ငြိကျ နေတာတွေ လမ်းသွား လမ်းလာတွေ အန္တရာယ် ဖြစ်စေနိုင်တဲ့အနေအထားမျိုးတွေရှိတဲ့အတွက်ကြောင့်မို့လို့ ဒီမှန်စာကြိုးအသုံးပြုပြီးတော့ စွန်လွှတ်တာတွေကိုမဆောင်ရွက်ဖို့ ဒေသန္တရအမိန့်ထုတ်ပြန်ပြီးတားမြစ်တာ ဖြစ်ပါတယ်။” လို့ ဦးအောင်ဝင်းက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက တိုက်ကြီး မြို့နယ်မှာ ဆိုင်ကယ် စီးလာသူတစ်ဦး စွန်လွှတ်ရာက ပြတ်ကျကျန်ခဲ့တဲ့ မှန်စာကြိုးကြောင့် လည်ပင်းပြတ်ရှဒဏ်ရာရပြီး သေဆုံးခဲ့ပါတယ်။

လူအသက်တစ်ချောင်းဆုံးရှုံးခဲ့တဲ့ အတွက်ကြောင့်မို့ ပြည်သူတွေ လည်း အခုအမိန့်ကို လိုက်နာစေ ချင်တယ်လို့ ဦးအောင်ဝင်းက ပြောပြခဲ့ ပါတယ်။ နောင်အလားတူ ဒီလို ကိစ္စရပ်များ ထပ်မံဖြစ်ပေါ် မှုမရှိစေ ရေးအတွက် အဆိုပါအမိန့်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေများအရ ပုဒ်မ (၁၈၈) နဲ့ အရေးယူဆောင်ရွက် သွားမှာဖြစ်ပြီး ထောင်ဒဏ် တစ်လထိ ချမှတ် နိုင်တာပဲ ဖြစ်ပါတယ်။

အဆိုပါအမိန့်ထုတ်ပြန်မှုအပေါ် စမ်းချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်က “စွန် မလွှတ်ရဘူးဆိုတာက မှန်စာ တပ်ပြီး မလွှတ်ဖို့ ပြောတာပါ ။

ကျွန်တော်တို့မြို့နယ်မှာတော့ စွန်လွှတ်တာ မရှိပါဘူး အရေးယူမယ် ဆိုရင်တော့ ဒေသန္တရအမိန့် ဖြစ်တဲ့အတွက် ပုဒ်မ (၁၈၈) ဒါမှမဟုတ်ရင် ကျူးလွန်သူက သိလျက်နဲ့ တမင်ဖန်တီးတဲ့ ပုံစံဆိုရင်တော့ ပုဒ်မ ပြောင်းနိုင် ပါတယ်” ဟု ပြောခဲ့ပါ တယ်။

ရန်ကုန်မှာ မှန်စာ ကြိုးတပ်စွန်လွှတ်ပါက ထောင် (၁) လချမယ့် ဒေသန္တရ အမိန့် တစ်ခု ကို ရန်ကုန်တိုင်း အစိုးရက ဇန်နဝါရီ (၁၉) ရက်က ထုတ်ပြန်လိုက်ပါတယ်။

အခုလို ဝင်ရောက် ဖတ်ရူ့ ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင် ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment on "မှန်စာကြိုးတပ် စွန်လွှတ်ပါက ထောင်ချမယ့် ဒေသန္တရအမိန့် ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်"

Leave a comment

Your email address will not be published.


*