သူလိုလူ
သူ့နာမည်က အိမိုးထွေး
သူဘာလုပ်နေမလဲ
ငိုနေမှာလား
သူမငိုပါဘူး
တော်လိုက်တာ
ပင်လုံဆေးပေါ့လိပ်
Credit.Ko Ko Naing
———–
သူလိုလူ
သူ့နာမည်က အိမိုးထွေး
အထက်ဇိုင်းဂနိုင်းကြီးကျေးရွာက
သူ့မိခင်က ဒေါ်ခင်ရီ.အသက်က၆၆နှစ်
သူ့မိခင်က ပဲခူးဆေးရုံ(ကလိ) ကိုဗစ်ကုသရေးစင်တာမှာကိုဗစ်ကူးစက်လို့ တက်ရောက်ကုသရင်း ဆုံးသွားတယ်,
သူ့အမေဆုံးတဲ့ နေ့မှာဘဲ
သူ့မှာကိုဗစ်ပိုးတွေ့လို့ ပဲခူးဆေးရုံကြီး(ကလိ)Isolationထဲရောက်လာပြန်တယ်,
ခု သူ့မိခင်လည်း ဆုံးပါးသွားပြီ
သူလည်း ကုသရေးစင်တာထဲ ရောက်နေပြီ
သူဘာလုပ်နေမလဲ
ငိုနေမှာလား
သူမငိုပါဘူး
,PPEဝတ်ပြီး လူနာတွေ ပြုစုစောင့်ရှောက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးတယ်
သူ့လို ရောဂါကုသခံဖို့ ရောက်နေတဲ့ အသက်အရွယ်ကြီးသူလူနာတွေကို တတ်စွမ်းသလောက်ကူညီပေးတယ်
ပြုစု စောင့်ရှောက်ပေးတယ်…သွေးပေါင်ချိန် တိုင်းချင်တယ်ဆို တိုင်းပေးတယ် ..အောက်ဆီဂျင်တိုင်းချင်တယ် ဆိုတိုင်း ပေးတယ်
သူကသူများကိုကူညီချင်စိတ်အပြည့်ရှိနေသူလေ,သူကအင်္ကျီပန်းရောင်လေးဝတ်တာများလို့လူနာတွေကြားမှာပန်းရောင်ဆရာမလေးရယ်လို့မြတ်မြတ်နိုးနိုးနာမည်ပေးထားကြတယ်လေ
တော်လိုက်တာ
သူ့ပင်ကိုယ်စိတ်ရင်းလေးကိုကသူများကိုကူညီချင်နေတာ
သူမှာသာသူနာပြုသင်တန်းတက်နှိုင်လောက်တဲ့ပညာအရည်အချင်းရှိမယ်ဆိုသူနာပြုလေးဖြစ်စေချင်လိုက်တာ
ကလိမှာတာဝန်ကျတဲ့ကျန်းမာရေးဝန်ထမ်းတွေကသူ့ကိုချစ်စနိုးနဲ့Heroလေးတဲ့
သူ့ကိုဂုဏ်ပြုပေးပါတဲ့
ဒီနေ့ကွယ်လွန်သူဒေါ်ကျင်ဟန်
ပင်လုံဆေးပေါ့လိပ်
ငါးနှစ်ပြည့်နှစ်ပါတ်လည်လှုဒါန်းငွေငါးသိန်းထဲကသူ့ရဲ့စေတနာကိုသူ့လုပ်ဆောင်ချက်ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်သိန်းတန်လက်စွပ်လေးတကွင်းနဲ့ ဂုဏ်ပြုပေးခဲ့တယ်
တန်ဖိုးမများပေးမဲ့ သူ့စိတ်ဓာတ်ကိုလေးစား တန်ဖိုးထားတဲ့အနေနဲ့တတ်နိုင်သလောက် ဂုဏ်ပြုပေးတာပါ
ကိုဗစ်တိုက်ပွဲဝင်နေသူ ဆရာဆရာမများနဲ့ လူနာများကျန်းမာချမ်းသာ ဘေးရန်ကင်းပါစေ
သူ့အကြောင်း သတင်းပေးတဲ့ sunnyသကျနွယ်ကိုလည်း ကျေးဇူးတင်ပါတယ်
Credit.Ko Ko Naing
Be the first to comment on "သူ့နာမည်က အိမိုးထွေး .. သူ့မိခင်ကကိုဗစ်နဲ့ ဆုံးသွားတယ် ..သူလည်း ကုသရေးစင်တာထဲ ရောက်နေပြီ"