တကယ်က .. ဒါမျိုးပိုစ့်ကမှ ရှယ်ရမှာ ခင်ဗျ..ဒီလိုဂေဟာကတော့ မြန်မာနိုင်ငံမှာ တကယ့်ကို ရှားရှားပါးပါးပါပဲ

ဒါမျိုးပိုစ့်က ရှယ်ရမှာ ခင်ဗျ..။အဆုံးထိ ဖတ်ကြည့်ပေးနော်

ကျွန်တော် သဘောကျတဲ့ မိဘမဲ့ ဂေဟာလေးတစ်ခုပါ။

ဘုန်းဘုန်းက ငယ်ရွယ်ပြီး ခေတ်အမြင်ရှိတယ်။

ကလေးတွေကို ကြည့်လိုက်ရင် ပျော်ရွှင်တက်ကြွနေတာပဲ။

ကျွေးတာက ဘူဖေး..အဝစား..အမုန်းဆွဲ စနစ်..ရံဖန်ရံခါ ငါးကင်စားတယ်..ဘာဘီကျူး လုပ်စားတယ်..

အထိမ်းအမှတ်နေ့တွေဆို ပျော်ပွဲစားလုပ်တယ်..အစားအသောက်ကတော့ အလျှံအပယ်ပဲ။

ဂေဟာမှာပဲ စာသင်ပေးတဲ့အပြင်ကလေးတွေအတွက် ဂီတ သင်တန်းရှိတယ်..အဆို ၊ အတီး ၊ အက ဆရာတွေကိုခေါ်ပြီး သေသေချာချာ သင်တာ..

ကလေးတွေ တကယ်တီးတတ် ဆိုတတ်တယ်။တူရိယာပစ္စည်းတွေလည်း စုံနေတာပဲ။အခု ဆောက်နေတဲ့ သုံးထပ်ဆောင်ကြီးပြီးရင်အပေါ်ထပ်မှာ ကလေးဇာတ်သဘင်လေးထောင်ထားမလို့တဲ့..။

ကလေးတွေရဲ့ စိတ်ဒဏ်ရာနေရာမှာအနုပညာနဲ့ အစားထိုးမယ်တဲ့။ကြိုက်သဗျာ..။ကလေးတွေပဲ ဆိုတီးက..ကိုင်း…ဟေးလားမောင်ရို့..ဝါး…။

ဆိုင်ကယ်အစုတ်တွေ ဝယ်စုနေတယ်တဲ့..ဘာလုပ်မလို့လဲ ဘုန်းဘုန်းဆိုတော့ကလေးတွေကို ဝပ်ရှော့သင်ပေးမလို့တဲ့..ဆိုင်ကယ် ပြီးရင် ကား ပြင်သင်မယ်တဲ့..။

ကွန်ပျူတာခန်းမှာလည်း တကယ်လက်တွေ့အသုံးချသင်တန်းတွေ ကလေးတွေဥာဏ်မီသလောက်သင်ပေးတာကို တွေ့ရတယ်။

ရှေ့ သုံးလေးလလောက်ဆိုရင်ကလေးတွေကိုယ်တိုင်လုပ်တဲ့ ဖိတ်စာ ၊ဗီနိုင်း ၊ ကျွန်ပျူတာ စာစီစာရိုက်ဆိုင်လေးဖွင့်တော့မယ်။

ဂေဟာ တစ်ခြံလုံး ပန်းတွေစိုက်ထားတာစိတ်ကို အေးချမ်းနေရောပဲ။သစ်ခွတွေလည်း အများကြီးရယ်။

အခု မှိုစိုက်မလို့တဲ့..ခြံလည်း ထပ်ဝယ် ချဲ့ထားတယ်။အသီး အရွက်တွေ စိုက်မလို့တဲ့..ကလေးတွေကို အပင်ချစ်တတ်အောင်ရယ်၊စားဖို့စရိတ် ကာမိအောင်ရယ်တဲ့..။

အာဇာနည်ကိုးဦးအကြောင်း ကလေးတွေ ရင်ထဲထည့်ပေးထားတာကိုလည်း တွေ့ရတယ်။အမှိုက်တွေကို စည်းနဲ့ ကမ်းနဲ့သူ့အကန့်နဲ့သူ စွန့်ပစ်တာကိုလည်း တွေ့ရတယ်။

နေ့လည်ခင်း ကော်ဖီသောက်တဲ့ နေရာလေးကလည်းစိတ်ချမ်းသာစရာလေး..အိမ်သာဆိုရင် အီအီပါပြီး ပြန်တောင် မထွက်ချင်ဘူး..အိမ်သာလေးက သာယာလို့..

ကလေးတွေ အဝတ်လျှော်ဖို့ အဝတ်လျှော်စက်ရှိတယ်။ဆောင်းတွင်းအတွက် မွေ့ယာ စောင် အလုံအလောက်ရှိတယ်။ကစားစရာ အလုံအလောက်ရှိတယ်။ညနေဆို စက်ဘီးတွေ ထွက်နင်းကြတယ်။

မိတ်ဆွေတို့ ဒီဂေဟာကို သွားရင်စိတ်အားငယ်နေတဲ့ ကလေးတွေကို တွေ့ရမှာတော့ မဟုတ်ဘူး။မျောက်ရှုံးအောင်ဆော့နေတဲ့ ပျော်နေတဲ့ကလေးတွေကိုပဲ တွေ့ရမှာ။

ဒါကြောင့်ကြိုက်တယ်…ကြွေတယ်..ကျွန်တော် လှူတယ် ဒါမျိုးဂေဟာကို..ဘာလောက်လှူလှူ ပြောင်ပြောင်ရောင်ရောင်ဖြစ်မလာတဲ့ မိဘမဲ့ဂေဟာတွေကို လှူမယ့်အစားကျွန်တော်ကတော့ ဒီလို ဂေဟာတွေကိုပဲရွေးလှူပါတယ်။

မိတ်ဆွေတို့လည်း လှူချင်ရင် ဘုန်းဘုန်း အကောင့်ကို ဆက်သွယ်ပြီး လှူနိုင်ပါတယ်။သူ့ရဲ့ KBZ ဘဏ်အကောင့်လည်း ​တင်ပေးထားတယ်။ကိုယ်တိုင်သွားလှူချင်ရင်တော့ပဲခူးမြို့ ဆည်မြောင်းလမ်းဆုံနားကတိုင်းရင်းဆေးရုံသွားတဲ့ လမ်းမှာဘုန်းဘုန်းရဲ့ မိဘမဲ့ဂေဟာ ရှိပါတယ်။

အရှင်ကုသလ

ရပ်ကွက် ကြီး၇/၂.ပဲခူး

အလင်းစစ်ပညာဒါနခွဲ ၁

နတ်သျှင်နောင်၃လမ်း ဥဿမြို့သစ်

ကိုယ်တိုင် သွားကြည့်ရင် ပိုစိတ်ချမ်းသာမှာဖြစ်ပါကြောင်း။

ကိုစိုးထိုက်(ဖဒို)

စာကြွင်း……

အမှန်က ဒါမျိုးပိုစ့်ကို Share ရမှာခင်ဗျ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာက ငတ်ပြတ်စုတ်ပြတ်ဒုက္ခရောက်နေပါတယ်ဆိုတဲ့ မိဘမဲ့ဂေဟာ ပိုစ့်တွေကိုဝိုင်းရှယ်ကြပြီး ဒီလို စည်းနဲ့ကမ်းနဲ့ ကလေးတွေကိုပြည့်ပြည့်စုံစုံပျော်ပျော်ရွှင်ရွှင်ထားတဲ့ ဂေဟာအကြောင်းပိုစ့်တွေကိုကျ လူစိတ်ဝင်စားမှု နည်းတယ်။ဒီအညှာကို သိတဲ့အခါ တချို့ဂေဟာတွေဟာ ကလေးတွေကိုကောင်းအောင်မထားတော့ဘဲ စုတ်တီးစုတ်ဖတ်မလောက်မငပဲ ထားကြတော့တယ်။ဒီ ယဥ်ကျေးမှုကို ကျွန်တော်တို့ တွန်းလှန်ကြစို့။

Be the first to comment on "တကယ်က .. ဒါမျိုးပိုစ့်ကမှ ရှယ်ရမှာ ခင်ဗျ..ဒီလိုဂေဟာကတော့ မြန်မာနိုင်ငံမှာ တကယ့်ကို ရှားရှားပါးပါးပါပဲ"

Leave a comment

Your email address will not be published.


*