အိန္ဒိယနိုင်ငံက ကာကွယ်ဆေးသံတမန်ဆိုင်ရာအရ လာမယ့်သီတင်းပတ်အနည်းငယ်အတွင်း ကိုဗစ်ကာကွယ်ဆေးတွေကို အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ဖို့စီစဉ်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟာလည်း ဒီအပတ်ထဲမှာပဲ ဦးစားပေးအနေနဲ့ ပထမအသုတ်ကိုရရှိမယ်လို့ဆိုပါတယ်။
ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံအပါအဝင် နီပေါ၊ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်စ်နိုင်ငံတို့ကို ဖြန့်ဝေဖို့ စီစဉ်နေပါတယ်။ ပထမဆုံး ကာကွယ်ဆေးတင်ပို့မှုဟာ ချစ်ကြည်ရေးအပြုအမူတစ်ရပ်ဖြစ်ပြီး နောက်ပိုင်းမှာ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးထုတ်လုပ်ရာ Serum Institute ဒါမှမဟုတ် Bharat Biotech ကနေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စနေနေ့က စတင်နေပြီး ပထမဆုံးနေ့မှာပဲ လူပေါင်း ၁.၉ သိန်းကျော် ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ပါတယ်။ နီပေါနိုင်ငံက အိန္ဒိယအစိုးရထံ ကာကွယ်ဆေး အကူအညီနောက်ဆုံးတောင်းခံထားပါတယ်။
မြန်မာအစိုးရကလည်း အိန္ဒိယ Serum Institute ထံက ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ရေးထိုးထားကြောင်း ကြေညာထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း ဝယ်ယူဖို့ သဘောတူညီထားပါတယ်။ ထို့အတူ သီရိလင်္ကာနိုင်ငံအတွက်လည်း ကာကွယ်ဆေးရရှိဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်းရှန်ကာက ကတိပေးထားကြောင်း သိရပါတယ်။
အိန္ဒိယကာကွယ်ဆေးအတွက် နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ ပိုပြီး ကုန်ကျဖွယ်မရှိဘူးလို့လည်း အိန္ဒိယအစိုးရသတင်းရပ်ကွက်ကဆိုပါတယ်။ ဒါအပြင် ပြည်ပကို မတင်ပို့ခင် နိုင်ငံတွင်း ထိုးနှံဖို့ ကာကွယ်ဆေး အလုံအလောက်ရှိကြောင်းလည်း ပြောကြားထားပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေအနေနဲ့ အိန္ဒိယအစိုးရကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကတဆင့် သက်ဆိုင်ရာကုမ္ပဏီတွေနှစ်ခုကနေ ကာကွယ်ဆေး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘရာဇီးလ် Fiocruz Institute က Serum Institute နဲ့ သဘောတူညီထားပြီး ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ မော်ရိုကိုနဲ့ တောင်အာဖရိကတို့လည်း သဘောတူညီထားတယ်လို့ သိရပါတယ်။
MyanmaPlatform
Be the first to comment on "အိန္ဒိယက Oxford ကိုဗစ်ကာကွယ်ဆေးကို ယနေ့ကစပြီး မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ပြီ"