နောက် ၅ နှစ်မှာအကြာ အာဆီယံမှာ စံချိန်ချိုးမယ့် အဆောက်အဦတွေ ပါဝင်လာမယ့် ရန်ကုန်မြို့သစ်က TIMES 108 CITY

နောက် ၅ နှစ်မှာအကြာ အာဆီယံမှာ စံချိန်ချိုးမယ့် အဆောက်အဦတွေ ပါဝင်လာမယ့် ရန်ကုန်မြို့သစ်က TIMES 108 CITY စီမံကိန်းလို့ သိရပါတယ်။

ဒီစီမံကိန်းက လောလောဆယ်တော့ စာရွက်ပေါ်မှာပဲ ရှိပါသေးတယ်၊ ဒါပေမယ့်လည်း နိုင်ငံကို ဖွံ့ဖြိုး တိုးတက်လာစေမည့် စီမံကိန်း အစီအစဉ်များ ရှိထားသည်ကို သိရတဲ့အပေါ် ကျေနပ်ရပါတယ်။

ပရော့ဂျက် နာမည်က Times 108 Cityလို့ ဆိုပါတယ်၊ Project နာမည်ကို ဘယ်လိုအဓိပ္ပာယ်နဲ့ ပေးထားလဲ မသိဘူး။အာဆီယံမှာ အမြင့်ဆုံးရှိလာမည့် ၁၀၈ ထပ်တာဝါကို ရည်ညွှန်းပြီး ပေးထားပုံရတယ်။

ဒီပရော့ဂျက်ကို ရှိနေပြီးသားဖြစ်သည့် ရန်ကုန်မြို့သစ် စီမံကိန်းထဲက ဧက ၁၀၀ပေါ်မှာ အကောင်အထည် ဖော်မယ်လို့ သိရပါတယ်။နိုင်ငံကို တိုးတက် ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ဆိုရင် နိုင်ငံတကာ အဆင့်မှီ အခြေခံ အဆောက်အဦးများလည်း ရှိနေဖို့ လိုပါတယ်၊ ဒီလိုမှ မဟုတ်ဘဲ ဂနိုင်ထဲမှာနေပြီး ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

တစ်ခုတော့ ရှိပါတယ်၊ ဘယ်လောက် လှပ ခန့်ညားတဲ့ အဆောက်အဦးများ ဖြစ်ပါစေ မြေငှားခ တစ်ပြား တစ်ချပ်လောက် ရရုံနဲ့တော့ မလုပ်နိုင်ဘူး၊ နိုင်ငံအတွက် ရေရှည်မှာ အကျိုးပြုမှာလား၊ နိုင်ငံသားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရနိုင်မှာလား။

နောက်ပြီး စီမံကိန်းက ကိုယ့်မြေပေါ်မှာရှိပြီး ကိုယ်က ဘာမှပြောဆိုနိုင်ခွင့် စီမံ ခန့်ခွဲနိုင်ခွင့် မရှိရင်လည်း အလကားဘဲ၊ ဥပမာအားဖြင့် လက်ပံတောင်းတောင် စီမံကိန်းဆိုရင် ငှားထားတဲ့ သက်တမ်း မကုန်မချင်း ဘာမှဝင်ပြောလို့ မရတော့ဘူး၊ ကြိုက်သလိုတူး ကြိုက်သလိုထုတ် သဘောရှိ ကရောဟိပဲ၊ ရှေ့လူတွေများ အတော် သဘောကောင်းကြတယ်လို့ ဆိုရမလားပဲ။

သို့ပါ၍ နိုင်ငံနှင့်နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြစ်ထွန်းမယ်လို့ ယူဆပါလျှင် Times 108 City စီမံကိန်းကို အကောင်အထည် ‌ဖော်စေချင်ပါသည်။

Myintthan Tun

Be the first to comment on "နောက် ၅ နှစ်မှာအကြာ အာဆီယံမှာ စံချိန်ချိုးမယ့် အဆောက်အဦတွေ ပါဝင်လာမယ့် ရန်ကုန်မြို့သစ်က TIMES 108 CITY"

Leave a comment

Your email address will not be published.


*